Friday, December 4, 2015

လမ်းမပေါ်ဂီယာထိုး၍ရပ်ထားသော ကရိန်းကားလမ်းဘေးလိမ့်ကျ၍ ကုန်စုံဆိုင်အားဝင်တိုက်မှုဖြစ်ပွားခဲ့

Leave a Comment

လမ်းမပေါ်ဂီယာထိုး၍ရပ်ထားသော ကရိန်းကားလမ်းဘေးလိမ့်ကျ၍ 
ကုန်စုံဆိုင်အားဝင်တိုက်မှုဖြစ်ပွားခဲ့
သတင်းတို ပြည် ဒီဇင်ဘာလ (၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပြည်မြို့ ၊ဆင်စုရပ်ကွက်၊
မအူရွာတွင် ဒီဇင်ဘာ(၃)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်
က လမ်းမပေါ်ဂီယာထိုး၍ရပ်ထားသော ကရိန်းကားလမ်း
ဘေးလိမ့်ကျ၍ ကုန်စုံဆိုင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ဘက်မှရန်ကုန်လမ်းအတိုင်း ပြည်မြို့ဘက်
မှ ရွှေတောင်မြို့ဘက်သို့ မန်းကိုကိုကျော်မောင်းနှင်လာသော
AB/....... LIGHT TRYCK (4x2x)(L)၊ကရိန်းအပြာရောင်
မော်တော်ယာဉ်သည်ရဲစခန်းတောင်ဘက်(၃)မိုင်ခန့်၊ပြည်မြို့၊
ဆင်စုရပ်ကွက်၊မအူရွာ၊မိုင်တိုင်အမှတ်(၁၇၄/၅)နှင့်(၁၇၄/၆)
ကြားအရောက် လမ်းယာဘက်ဘေး မြေသားလမ်းမပေါ်တွင်
ဂီယာထိုး၍ ကားစက်သတ်ရပ်ထားပြီး ယာဉ်မောင်းမန်းကိုကိုကျော်
သည် မော်တော်ယာဉ်ပေါ်မှ ခဏဆင်းစဉ် မော်တော်ယာဉ်မှာ
လမ်းယာဘက်ဘေးသို့လိမ့်ဆင်းသွားခဲ့သည်ဟုသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page