Thursday, December 3, 2015

NLD ပါတီ၏အောင်နိုင်ရေးမဲဆွယ်ရာတွင် ဒါးကိုင်နှောင့်ယှက်သူတစ်ဦးအားယနေ့စတင်စစ်ဆေး

Leave a Comment



NLD ပါတီ၏အောင်နိုင်ရေးမဲဆွယ်ရာတွင် ဒါးကိုင်နှောင့်ယှက်သူတစ်ဦးအားယနေ့စတင်စစ်ဆေး




ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ကျောင်းကုန်းကျေးရွာအုပ်စု၊တောဇီးကုန်းကျေးရွာတွင်  NLD ပါတီမှ အောင်နိုင်ရေးမဲဆွယ်စည်းရုံးလျှက်ရှိသော လွှတ်တော်ကိုယ်စားလှယ် များမှ နိုဝင်ဘာ (၃)ရက်နေ့၊နေ့လည်(၂)နာရီအချိန်ခန့်က လှည့်လည်လာစဉ် ဓါးကိုင်ပြီး နှောင့်ယှက်ရမ်းကားသူတစ်ဦးအား နိုဝင်ဘာ(၄)ရက်နေ့တွင် ရွှေတောင်မြို့နယ် ရဲစခန်းအား တိုင်ကြားထားခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂ရက်နေ့ နေ့လည်မှာ ရွှေတောင်မြို့နယ် တရားရုံးတွင် ၄င်းအမှုအားစတင်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။



“ဓါးနဲ့မလိုက်ပါဘူး။လက်က ဒဏ်ရာ အနာဆေးထည့်ဖို့အတွက် ဗီးဇက်ရွက် သွားခူးတာပါ။ကျွန်တော်တို့လင်မယားခြင် စရားများရာကနေ ကလေးစက်ဘီး ဘီးပေါက်လို့ NLD ပါတီထဲက စက်ဘီးပြင်တဲ့ဆိုင်ကို သွားပြင်ခဲ့တာ။ပြင်မပေးလို့ဒေါသထွက်ခဲ့တာပါ။သူတို့ ကားတွေ တွေ့တော့ ကျွန်တော်လည်း မှုးပြီးဆဲမိပါတယ်။ ကျွန်တော့အိမ်ထဲကို NLD အဖွဲ့တွေဝင်ကခဲ့ကြတယ်။ ဓါးကိုခါးမှာထိုးထားခဲ့တာ။ဓါးမကိုင်ပါဘူး။”ဟု နှောင်ယှက်မှုတွေနဲ့ အစစ်ဆေးခံရသူ ကိုမျိုးလွင်(ကြံ့ခိုင်ရေး စည်းရုံးရေးမှူး) က မြို့နယ်တရားရုံးတွင် ယနေ့ထွက်ဆိုခဲ့သည်။



     အဆိုပါ ဓါးကိုင်ရမ်းကားသည့် ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်တွင် ၀င်ရောက်အရွေးခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှ ဒေါ်မြခွာညိုဦး နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မဲဆန္ဒနယ် နေရာမှ ဦးညွန့်ဝေတို့(၂)ဦးပါဝင်သော မော်တော်ယဉ်တန်းနှင့် ဆိုင်ကယ်ယဉ်တန်းမှာ တောဇီးကုန်းရွာသို့ ၀င်ရောက်လာစဉ် ရမ်းကားနှောက်ယှက်ခြင်း ဖြစ်ကြောင်း သိရသည်။



ယင်းဖြစ်စဉ်တွင် ထို့သို့နှောက်ယှက် နေစဉ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်ယခုရွေးကောက်ပွဲအတွက်သီးသန့်ခန့်အပ်ထားသောအထူးရဲများမှ ၀ိုင်းဝန်းထမ်းသိမ်းခဲ့ကြောင်း နှင့်လွှတ်တော်ကိုယ်စားလယ်လောင်းများတွင် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း၎င်း တို့ အနေဖြင့် ရဲစခန်းနှင့် မြို့နယ်ကော်မရှင်ရုံးသို့ အကြောင်းကြားထားခဲ့ခြင်းဖြစ်သည်။



“ရှေ့က ဘောက်ကားတင်လာတဲ့ကားဆီကို ဓါးကိုင်ပြေးလာတယ်။ ပါးစပ်ကလဲ ဆဲရေးတိုင်းထွာပြီး မင်းတို့ ဥက္ကဌဘယ်မှာလဲ ပြောဆိုပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြခွာညိုဦး နဲ့ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝေတို့ စီးလာတဲ့ကားဆီကိုသွားပြီး တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝေ ကို ကားအပြင်ဘက်ကနေ ဓါးနဲ့ဆဲရေးတိုင်းထွာပြီးခဲ့တယ်။ကားကို ကားမောင်းသူက မှန်လော့ချထားလို့တော်သေးတာပေါ့။သူဓါးကိုင်ပြီး နှောင့်ယှက်ဆဲဆိုတာတွေ မျက်မြင်သက်သေတွေ ၃၀၀လောက်ရှိပါတယ်။သူ့ခြံထဲကို ဘယ်သူမှ ၀င်မကခဲ့ကြပါဘူး” ဟု သက်သေအနေနဲ့ပါဝင်သူ ရွှေတောင်မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့ သရက်တော ရပ်/ကျေး ဥက္ကဌ ကိုဇော်လွင်ဦး က သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ရွှေတောင်မြို့မရဲစခန်းတွင် ကျောင်းကုန်းအုပ်စု တောဇီးကုန်းကျေးရွာနေ NLD ယာဉ်တန်းအား နှောင့်ယှက်သူ ကိုမျိုးလွင် အား ရာကြီး အမှတ်-၁၈၈၇/၂၀၁၅ ၊ ပုဒ်မ-၂၉၄ နှင့် ၅၀၆ တို့ဖြင့် တရားလို ဦးအေးထွဠ် က အမှုဖွင့်၍ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပထမဆုံးအကြိမ် ရွှေတောင်မြို့နယ်တရားရုံးမှာ ရွှေတောင်မြို့နယ် တရားသူကြီး ဒေါ်ခင်စိုးညွှန့်က စတင်စစ်ဆေးခဲ့သည်။ ယင်းအမှုအား လာမည့် ၉.၁၂.၂၀၁၅ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်းသိရသည်။



မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်

ပြည်သတင်း
www.facebook.com/pyaynews



0 comments:

Post a Comment

Facebook Like Page