Friday, December 4, 2015

တရားလွှတ်တော်ရှေ့နေတစ်ဦးအား ဆန္ဒပြမှုတွေနဲ့ ပတ်သက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခံရ

Leave a Comment

တရားလွှတ်တော်ရှေ့နေတစ်ဦးအား ဆန္ဒပြမှုတွေနဲ့ ပတ်သက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခံရ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြိ့မှာ ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ တွေ ကျူးလွန်ခဲ့မှုတွေကြောင့် တစ်ကိုယ်တော် ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေတစ်ဦးအား  ရှေ့နေလိုင်စင် ရုတ်သိမ်းလိုက်ကြောင်းသိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က အမိန့်အမှတ် ၉၀/၂၀၁၅ တရားလွှတ်တော်ရှေ့နေအဖြစ်က ထုတ်ပယ်လိုက်သည့် အမိန့်စာကို ညွှန်ကြားရေးမှူးချုပ် လက်မှတ် ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချူပ်ရုံးမှ ပေးပို့လာခဲ့တာဖြစ်ကြောင်းသိရသည်။

“ငါလုပ်တာက နိုင်ငံရေးလုပ်တာ။ အများပြည်သူအတွက်လုပ်တာဖြစ်တယ်။ ရာဇ၀တ်မှုကျူးလွန်တာမဟုတ်ဘူး။ အခုလိုထုတ် လိုက်တာကလဲ ငါ့ကိုပြန်လည်ချေပခွင့်မပေးဘူး။ တစ်ဖက်သက် လုပ်တာဖြစ်တယ်။ ငါ့ကိုပြန်လည်ချေပခွင့်မပေဘူး။ ငါဆန္ဒပြတိုင်း တစ်ကိုယ်တော် ပြသခဲ့တာ။ ဥပဒေဘောင်ထဲကနေလုပ်ခဲ့တာတွေဘဲ။ အဲဒါ ငါ့ကိုပြန် လည်ခုခံချေပခွင့်မပေးတာဟာ လုံးဝမတရားဘူး။ ”ဟု တရားလွှတ်တော်လိုင်စဉ် အသိမ်းခံရသူ ဦးမြင့်အေး ကသမဂ္ဂဂျာနယ်သို့  ပြောသည်။

အဆိုပါ ရှေ့နေလိုင်စင်ပြန်လည်သိမ်းလိုက်သည့် အမိန့်စာတွင်  ပြည်မြို့နယ်တရားရုံး  ပြစ်မှုကြီးအမှတ် (၂၀၃၃/၂၀၁၄) ရဲအုပ်မျိုးဝင်း နှင့် မြင့်အေး(ခ)ပဏ္ဍိတ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈)အရ ငွေကျပ်(၃၀၀၀၀)ပေးဆောင်ရန် (၂၃.၇.၂၀၁၄) ရက်နေ့က အမိန့်ချမှတ်ခဲ့တယ်။(၂.၄.၂၀၁၅)ရက်နေ့ က ပုဒ်မ(၁၈)နောက်တစ်ခုအတွက် ပြစ်မှုကြီးအမှတ်(၃၂၆၀/၂၀၁၅) နဲ့  အလုပ်ကြမ်း နှင့် ထောင် ဒဏ်(၄)လအမိန့်ချခဲ့ရတာကြောင့် ရှေ့နေလုပ်ငန်း နှင့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာ ရောက်ကြောင်း စီစစ်တွေ့ရှိရသဖြင့် ရှေ့နေများ ကောင်စီအက်ဥပဒေပုဒ်မ (၁၀/၁)အရ  ရှေ့နေအဖြစ်က နေထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းစာအရသိရသည်။

ယင်းကိစ္စများ နှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ စည်တန်းလှည်လည်ခွင့် နှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေတွင်  ၅ ယောက်ထပ်ပိုပြီးဆန္ဒပြမှ ပုဒ်မ(၁၈)နဲ့ငြိစွန်းတာဖြစ်လို့ အပြစ်မရှိကြောင်း တရားလွှတ်တော်ရှေ့နေ လိုင်စင် ရုတ်သိမ်းခံရသူ ဦးမြင့်အေး ကထပ်မံဖြည့်စွပ်ပြောကြားလိုက်သည်။

အဆိုပါ ရှေ့နေဦးမြင့်အေးကို(၁၉၇၄)ခုနှစ်က ဦးသန့်အရေးအခင်းတွင် ထောင်(၂)နှစ် ၊ ရွှေဝါရောင်သံဃာအရေးအခင်းမှာ ထောင်(၂)နှစ် ၊ ဧရာဝတီ မြစ်ဆုံရပ်တန့်ရေးအတွက် ဒဏ်ငွေ(၁၀၀၀၀) ၊ အခွန် တံဆိပ်ခေါင်းကိစ္စ ဆန္ဒပြမှုတွင် ဒဏ်ငွေ(၁၀၀၀၀) ၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးပြန်လည်တည်ဆောက်ပေးဖို့ တောင်းဆိုမှုအတွက် ထောင်(၄)လ ၊ လက်ပန်းတောင်း တောင်လူသတ်မှု ဆန္ဒပြရာ ပုဒ်မ(၁၈ )(၁)မှု ၊ ပညာရေး သပိတ်မှောက်ကျောင်းသားတွေကိုကြိုဆိုတဲ့အတွက်ပုဒ်မ(၁၈)(၁)မှု ၊ သတင်းထောက်ကိုပါကြီးကိစ္စဆန္ဒပြရာ ပုဒ်မ(၁၈)(၁)မှု တို့ဖြင့် တရားစွဲဆို ပြစ်မှု ပြစ်ဒဏ်များဖြစ်သည့် ငွေဒဏ်၊ထောင်ဒဏ်များ ကျရောက်ခဲ့ပြီး လက်ရှိ တရားရင်ဆိုင်ရန် ၃ မှုကျန်ရှိနေကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page