Friday, November 13, 2015

ဠင်းတလောက်တော.ငှက်တိုင်းလှမလှ NLD နိုင်လျှင်သိရတော.မည်

Leave a Comment



သရ၀ဏ်(ပြည်)

၂၀၁၅ နိုဝင်ဘာ (၈)ရက်အထွေထွေရွေးကောက်ပွဲတွင် အများမျှော်လင်.ထားသလို NLD ပါတီကမဲအပြတ်အသတ်နှင်.နိုင်ခဲ.လျှင် မကြာမီအစိုးရသစ်တစ်ရပ်ဖွဲ.စည်းဖို.လွှတ်တော်ခေါ်ရပေမည် ။ ထိုလွှတ်တော်သည်ဘယ်တော.ခေါ်မည်နည်း ၊ မည်သို.ခေါ်ရမည်နည်း ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ တွင် “ ပြည်သူ.လွှတ်တော်၏သက်တမ်းတစ်ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကိုအထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည်.နေ.ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည် “ ဟုအတိအလင်းရေးသားထားသောကြောင်.၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်ရွေးချယ်ခံထားရသူများ၏ ပထမဆုံးပြည်သူ.လွှတ်တော်အစည်းအဝေးမှာ နောက်အကျဆုံး ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်တွင်ကျင်းပရမည်ဖြစ်သည် ။ အမျိုးသားလွှတ်တော်သက်တမ်းစတင်မည်.နေ.သည်ပြည်သူ.လွှတ်တော်သက်တမ်းစတင်သည်.နေ.ဖြစ်သည်ဟု ပုဒ်မ ၁၅၄ တွင်ပြဌာန်းထားသည်.အပြင် အမျိုးသားလွှတ်တော်၏ပထမပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်သက်တမ်းစတင်သည်.နေ.မှခုနစ်ရက်အတွင်းကျင်းပရမည်ဟုပြဌာန်းထားသဖြင်. အမျိုးသားလွှတ်တော်ပထမအကြိမ်ပုံမှန်အစည်းအဝေးကိုနောက်အကျဆုံး ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်နေ.တွင်ကျင်းပနိုင်မည်ဖြစ်သည် ။တစ်ဖန်ထိုလွှတ်တော်နှစ်ရပ်ပေါင်း၍ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ပြည်သူ.လွှတ်တော်ပထမအစည်းအဝေးစတင်ကျင်းပသည်.နေ.မှ ၁၅ ရက်အတွင်းကျင်းပရမည် ဟု ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၈ တွင်အတိအလင်းပြဌာန်းထားသဖြင်. ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နောက်အကျဆုံး ၂၀၁၆ ဖေဖော်ဝါရီ ၂၃ တွင် ပထမဆုံးအကြိမ်စတင်အသက်ဝင်လာပေမည် ။ ထိုပြည်ထောင်စုလွှတ်တော် မှ မြန်မာနိုင်ငံအစိုးရသစ်အတွက်သမ္မတသစ် ကိုရွေးချယ်တင်မြှောက်မည်ဖြစ်သည် ။ NLD ပါတီမှအမတ်အများစု (အနည်းဆုံး ၃၃၃ ဦး ) နိုင်ခဲ.သည်ဆိုလျှင် NLD မှရွေးသော သမ္မတလောင်းသည် သေချာပေါက် သမ္မတဖြစ်လာပေမည် ။ ထိုအချိန်မှစ၍ NLD သည် အလွန်ရှည်လျားရှုပ်ထွေးသော ငါးနှစ်တာကာလကိုရင်ဆိုင်ရတော.မည်ဖြစ်ရာ NLD တော်သလား ညံ.သလားကိစ္စသည် ၂၀၁၆ ဖေဖော်ဝါရီ ၂၃ ပါတ်ဝန်းကျင်တွင်ကျင်းပဖွယ်ရှိသောပြည်ထောင်စုလွှတ်တော်တွင်စတင်ပေါ်ပေါက်လာမည်ဖြစ်သည် ။

ပထမဆုံးစတင်လုပ်ဆောင်ရမည်မှာ သမ္မတစ်ယောက်ရွေးချယ်ပေးရမည်ဖြစ်သည် ။ NLD ပါတီတွင် နိုင်ငံတော်သမ္မတလုပ်နိုင်စွမ်းရှိသူတစ်ယောက်မှမရှိဟု ပြည်ခိုင်ဖြိုးပါတီကစွပ်စွဲထားသည်ဖြစ်ရာ ထိုအချက်ကိုချေဖျက်သည်.အနေနှင်.နိုင်ငံကို ဦးဆောင်နိုင်မည်.သမ္မတတစ်ယောက်ကိုရွေးချယ်ပေးရမည်ဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ) တွင်နိုင်ငံတော်သမ္မတကိုလွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်စေ ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေရွေးချယ်တင်မြှောက်ရမည်ဟုပါရှိ၏ ။ ထို.ကြောင်. NLD ပါတီသည် ပါတီစွဲ ဂိုဏ်းဂဏစွဲမပြင်းထန်ခဲ.လျှင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သော ၊ NLD ပါတီဝင်ပါမဟုတ်သော သူတစ်ယောက်ကိုရွေးချယ်တင်မြှောက်ပေလိမ်.မည် ။ ဤအရေး၌ ကြိုတင်တွေးဆရန်ခက်လှသည် ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပုဒ်မ ၅၉ (စ)အရသမ္မတမဖြစ်နိုင် ၊ ဦးတင်ဦးမှာလည်းအသက်ကြီးရင်.လှပြီ ။ ထိုအခါ လက်ရှိ NLD CEC ထဲမှ အသင်.တော်ဆုံးတစ်ယောက်ကိုရွေးလျှင်ရွေး ၊ သို.မဟုတ်ပါက ပြင်ပနိုင်ငံရေးလောကမှလူရိုသေရှင်ရိုသေ နိုင်ငံရေးသမိုင်းရှိသူကိုရွေးရမည် ။ ထိုသို.ရွေးလျှင်ဘက်ပြောင်းလာသော ဗိုလ်ချုပ်ဟောင်းများမဖြစ်ဖို.လည်းလိုအပ်သည် ။ ပြင်ပမှ ဤစံနှုန်းသတ်မှတ်ချက်ကိုမီသည်မှာ SNLD ပါတီမှ ဦးခွန်ထွန်းဦး ၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး တို.သာရှိတော.သည် ။ ကျွန်တော်ကတော. NLD သည် မင်းကိုနိုင်ကိုရွေးလိမ်.မည်ဟု ထင်မိသည် ။ ဟုတ်မဟုတ်ကိုတော. စောင်.ကြည်.ရပေမည် ။ NLD ၏အရည်အချင်းသည် သမ္မတရွေးသည်.နေ.တွင်စတင်ပေါ်လာမည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ.လွှတ်တော်ဥက္ကဌရာထူး ၊ပြည်ထောင်စုလွှတ်တော်နာယက ရာထူးကို လက်ခံယူမည် ။ထို.အပြင် အစိုးရအဖွဲ.ကိုခေါင်းဆောင်မှုပေးမည်ဆိုသဖြင်. သမ္မတက အမိန်.ကြေငြာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ.၏ အကြံပေးTHINK TANK အဖွဲ. ကိုဖွဲ.စည်းဖွယ်ရှိသည် ။ ထိုအကြံပေး အဖွဲ.တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌဖြစ်ဖွယ်ရှိသည် ။ဤနည်းဖြင်.ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတမဟုတ်သော်လည်း သမ္မတနှင်.၀န်ကြီးအဖွဲ.ကိုတရာဝင် အကြံပေးခွင်.ရရှိမည်ဖြစ်သည် ။ဤသည်မှာ သရ၀ဏ်(ပြည်)၏ပုဂ္ဂလိက ထင်မြင်ယူဆချက်သာဖြစ်သည် ။ ဤအတိုင်းဖြစ်ရမည်ဟုအာမမခံပေ ။

NLD ၏အရည်အချင်းကိုဒုတိယစမ်းသပ်မည်.အချက်မှာ အစိုးရအဖွဲ.၀င်ဝန်ကြီးများခန်.အပ်ခြင်းဖြစ်သည် ။ ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ာကီးသုံးပါးကိုတပ်မတော်ကာချုပ်မှခန်.အပ်မည်ဖြစ်၍ NLD နှင်.မဆိုင် ။အခြားဝန်ကြီးဌာနမှဝန်ကြီးများမှာ NLD ကတင်သောသမ္မတက ခန်.အပ်ပေးရမည်ဖြစ်သည် ။ထိုသို.ခန်.အပ်ရာတွင် စစ်အစိုးရလက်ထက် ၊ ဦးသိန်းစိန်အစိုးရလက်ထက်တို.တွင် အရပ်သားဝန်ကြီးဟူ၍ မဆိုသလောက်သာရှိ၍ ၀န်ကြီးအားလုံးမှာ စစ်တပ်မှအငြိမ်းစားယူထားသော ဗိုလ်ချုပ်များ ၊ လက်ရှိတပ်မတော်အရာရှိများသာ လွှမ်းမိုးခဲ.လေသည် ။ အရပ်သားပညာတတ်များ ၊ ကျွမ်းကျင်ပညာရှင်များကို ပြင်ပမှခေါ်ယူခန်.ထားခြင်းမရှိသလောက်နည်းပါးခဲ.သည် ။ ရာထူးမှန်သမျှ တပ်ကလာသူများသာမိုးကျရွှေကိုယ်စနစ်ကိုကျင်.သုံးရယူခဲ.သည် ။ ယခုအခါ NLD သည် လူမှန်နေရာမှန် အရပ်သားပညာတတ်များကို ခန်.ထားလေမည်လား ။ အတ္တစွဲဖြင်. မိမိ NLD ပါတီဝင်များ ၊ NLD ပါတီနှင်.အလွမ်းသင်.သူတွေကိုပဲ လက်သိပ်ထိုးနေရာပေးမလား ၊စောင်.ကြည်.ရပေမည် ။ NLDသည်ပြောင်းလဲချိန်တန်ပြီဟူသောကြွေးကြော်သံဖြင်.နေရာရလာသောနိုင်ငံရေးပါတီဖြစ်ရာ တိုင်းပြည်တိုးတက်ကောင်းစားမည်.အပြောင်းအလဲများကိုဆောင်ရွက်လိမ်.မည်ဟုမျှော်လင်.ရပါသည် ။

NLD အတွက် တတိယအရေးအကြီးဆုံးစိမ်ခေါ်မှုမှာပြည်နယ်နှင်.တိုင်း ၁၄ ခုအတွက် ၀န်ကြီးချုပ် ၁၄ ဦးခန်.အပ်တာဝန်ပေးအပ်မှုဖြစ်သည် ။ဖွဲ.စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ် ၇ ဦး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ၇ ဦး ၊ စုစုပေါင်း ၀န်ကြီးချုပ် ၁၄ ဦးကိုနိုင်ငံနှင်.အ၀ှန်းခန်.အပ်တာဝန်ပေးရမည်ဖြစ်သည် ။ အထူးသဖြင်. ပြည်နယ် ၇ ခုအတွက် ၀န်ကြီးချုပ်တာဝန်များကိုရွေးချယ်ရာတွင် ဒေသခံတိုင်းရင်းသား တို.လက်ခံနိုင်သောဝန်ကြီးချုပ် ဖြစ်ရန်လိုသလို ၊ တပ်မတော်နှင်.ဆက်ဆံရေးကောင်းတစ်ခုထူထောင်နိုင်လောက်သော ၀ါရင်.ပုဂ္ဂိုလ်များကို ရွေးချယ်ခန်.ထားရန်လိုအပ်သည် ။ဝန်ကြီးချုပ်ခန်.ထားရာတွင် အရပ်သားစစ်စစ်ဖြစ်ခြင်းမဖြစ်ခြင်းထက် ၊ တိုင်းရင်းသားများသဘောတူလေးစာသူ ( တနည်းဆိုရလျှင် တိုင်းရင်းသားတို.ဖြစ်စေချင်သူ)ကိုရွေးချယ်ခန်.ထားလျှင် နိုင်ငံရေးပြသနာပို၍နည်းပါးနိုင်လေသည် ။ သမ္မတနှင်.ပြည်ထောင်စုအစိုးရ၀န်ကြီးအဖွဲ.ကို NLD စိတ်ကြိုက် ဖွဲ.စည်းပြီး ၊ ပြည်နယ်နှင်.တိုင်းဝန်ကြီးချုပ် ၁၄ ဦးအား တိုင်းရင်းသားမဟာမိတ်များနှင်.အဆင်ပြေချောမွေသူကိုအဓိကရွေးရပါမည် ။ှု ၊တပ်မတော်မှလက်ခံနိုင်သော စစ်ရေးအတွေ.အကြုံရှိသူ NLD ပါတီဝင်အချို. ကိုလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးအတွက်စဉ်းစားသင်.ပါသည် ။ထိုအခါ NLD ပါတီထဲမှ တပ်မတော်သားဟောင်းများသည် တိုင်းဒေသကြီးဝန်ကြီးချုပ်အချို.ဖြစ်ကောင်းဖြစ်လာနိုင်ပါသည် ။ သူရဦးရွေမန်းကဲ.သို.သော ပုဂ္ဂိုလ်အချို.ကိုလည်း ကာယကံရှင်ကလက်ခံလျှင်တိုင်းဒေသကြီးတစ်ခုအတွက်ဝန်ကြီးချုပ်ရာထူးစဉ်းစားနိုင်ပါသည် ။ ၀န်ကြီးချုပ်ခန်.အပ်ခြင်းသည်တိုင်းရင်းသားတို.နှင်. အဆင်ပြေမှုမပြေမှုအတွက် များစွာအရေးပါသလို ၊ ဒေသဆိုင်ရာတပ်မတော်တပ်မှူးများနှင်.လည်းဆက်ဆံရေးကောင်းရန်လိုအပ်သောကြောင်.ကြီးမားသောစိမ်ခေါ်မှုဖြစ်သည် ။

ဤအချက်သုံးချက် (ခန်.အပ်မှုသုံးမျိုး) ကိုသာ NLD ကအများလက်ခံနိုင်သော ပုဂ္ဂိုလ်များကိုရွေးချယ်ခန်.ထားနိုင်သည်ဆိုလျှင် NLD သည် စာမေးပွဲတစ်ဆင်.အောင်သွားပြီဖြစ်သည် ။ နောက်ထပ်စာမေးပွဲကလေးများဖြစ်သည့် တရားသူကြီးချုပ် ၊ရှေ.နေချုပ် ၊ စာရင်းစစ်ချုပ် ၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၊ ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌ နှင်.အဖွဲ.၀င်များ ၊ ပြည်ထောင်စုရာထူးဝန် ၊ နေပြည်တော်ကောင်စီဥက္ကဌ စသည်.ရာထူးများကို အခက်အခဲမရှိ ဆက်လက်ဖြည်.ဆည်းနိုင်မည်ဖြစ်သည် ။ ထို.နောက်တွင်တော. မူလရွေးကောက်ပွဲကတိတွင်ပါဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ စီးပွားရေးဖွံ.ဖြိုးတိုးတက်ရေး ၊ ဖွဲ.စည်းပုံအခြေခံပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်အာရုံထားလုပ်ဆောင်သွားစရာသာလိုပါတော.သည် ။တိုင်းပြည်ကိုအေးချမ်းသောအပြောင်းအလဲများဆီသို.သယ်ဆောင်သွားရုံသာရှိပါတော.သည် ။ ထိုအရာအားလုံး၏အစသည် မှန်ကန်သော သမ္မတရွေးချယ်မှု ၊မှန်ကန်သော ၀န်ကြီးအဖွဲ.ရွေးချယ်မှု ၊မှန်ကန်သော ၀န်ကြီးချုပ်များရွေးချယ်မှုဖြင်. NLD ၏အရည်အချင်းကိုစတင်ပေါ်လွင်စေမည်ဖြစ်သည် ။

သရ၀ဏ် (ပြည်​)


0 comments:

Post a Comment

Facebook Like Page