ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်ကြီး (၁၀) ရပ်ကွက်တွင် မဲရုံပေါင်း (၄၄) ရုံ ရှိသည့်အနက်
စစ်တပ်မိသားစုများ မဲပေးရာ မဲရုံ (၂) ရုံမှလွဲ၍ ကျန်မဲရုံများတွင် NLD
ပါတီမှ မဲအင်အား အပြတ်အသတ်ဖြင့် အနိုင်ရလျှက်ရှိကြောင်း သတင်းရရှိသည်။
“လက်ရှိအနေအထားမှာ မဲရုံပေါင်း (၄၄) ရုံအနက် မဲရုံ (၄၀) က စာရင်းတွေကို လက်ခံရရှိထားပါတယ်။ အဲဒီလက်ခံရရှိထားတဲ့ မဲရုံတွေအနက် ဆင်စုရပ်ကွက်က ဒကစ မိသားစုများနဲ့ (၇၅) တပ်မိသားစုပေးတဲ့ ဆင်စု မဲဆန္ဒနယ် (၅/၆) ကလွဲလို့ ကျန်တဲ့ မဲရုံတွေကတော့ အပြတ်အသတ် အနိုင်ရပါတယ်။”ဟု ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့မနယ်အောင်နိုင်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။
ပြည်မြို့နယ်အတွင်းတွင် မဲရုံပေါင်း (၁၈၄) ရုံရှိသည့်အနက်
ကျန်သည့်ကျေးရွာအုပ်စုကြီးများတွင်လည်း NLD ပါတီအနေဖြင့်
အပြည့်အစုံ မသိရသေးသော်လည်း မြို့ပေါ်မဲဆန္ဒနယ်မြေ (၂) ခုနှင့်
ရဲသင်တန်းကျောင်း အခြေစိုက်ရာ ၀က်ထီးကန်တိုက်နယ်မှ ၁ ရုံမှလွဲ၍
ကျန်သည့်မဲရုံများမှာ အခြေအနေကောင်းမွန်လျှက်ရှိကြောင်း နယ်ခံများထံမှ
သိရသည်။
ပြည်မြို့နယ် ကော်မရှင်အနေဖြင့် ယနေ့ နိုဝင်ဘာ (၉) ရက်နေ့ နံနက်တွင်
မဲစာရင်းများထုတ်ပြန်မည်ဆိုသည့်အတွက် စောင့်ကြည့်ရေးအဖွဲ့များ
ကိုယ်စားလှယ်များ သွားရောက်စောင့်ဆိုင်းနေသော်လည်း နံနက်ပိုင်း အချိန်ထိ ကြေငြာပေးခြင်းမရှိကြောင်း သွားရောက်သတင်းယူသူ သတင်းထောက်တဦးကပြောသည်။
ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment