ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်ချို့တွင် သောက်သုံးရေရှားပါးလာမှုများစတင်ဖြစ်ပေါ်
ပန်းတောင်း၊မတ်လ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကြီးပင်အုပ်စု၊တောင်ပို့ကြီးအုပ်စု၊တလုပ္ပင်အုပ်စု များအတွင်း သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရကြောင်းသိရသည်။
အဆိုပါ သောက်သုံးရေရှားပါလာမှုမှာ နှစ်စဉ်နှစ်တိုင်းလိုလိုဖြစ်ပေါ်လျှက်ရှိနေပြီး ယခုနှစ်တွင်ယခင်ထက်ပိုမိုဆိုးရွာစွာ ကြုံတွေ့နေရတာဖြစ်ကြောင်းသိရသည်။
“အခုနှစ်ကနေကလည်းအရမ်းပှုပြင်းလာတယ်။ရေကလည်းတူးမရဘူး။မွေးမြူရေးနှင့်ရေလုပ်ငန်းကတူးပေးထားတာကလည်းရေမအောင်ဘူး။တူးထားတဲ့ရေသိုလှောင်ကန်လေးက လယ်ကွက်လေးနဲ့တူနေတယ်။ရေနှိပ်တုံကင်တွေ၊ရေစက်တွေတပ်ဆင်ထားတာပဲရှိတယ်။ရေကမထွက်ဘူး။ရေလာလှူတဲ့သူတွေကိုမျှော်နေရတာထက်စာရင် ကန်အဟောင်းတွေပြန်လည်တူးဖော်ပေးပြီး ရေသိုလောင်မှုတွေပြန်လုပ်ပေးတာပိုအဆင်ပြေပါမယ်။”ဟု ကြီးပင်အုပ်စုအတွင်းနေထိုင်သူ ကိုအောင်အောင် ကပြောသည်။
အဆိုပါ ကြီးပင်အုပ်စုအတွင်းမှ တဲကုန်း၊ကြီးပင်၊ပေပင်၊သပြေကုန်း နှင့် တောင်ပို့ကြီးအုပ်စုအတွင်းမှ တောင်ပို့ကြီး၊မြေရွာကုန်း၊မှန်ကုန်း၊ရွာသစ်ကုန်း နှင့် တလုပ်ပ္ပင်အုပ်စုအတွင်းမှ ရေတွင်းလှကျေးရွာ စသည့်ကျေးရွာများတွင် သောက်သုံးရေးရှားပါးမှုပြဿနာများ ကြုံတွေ့နေရကြောင်းသိရသည်။
“သောက်သုံးရေရှားပါးမှုများအားလတ်တလောကယ်တင်နိုင်ရန်အတွက် သောက်ရေသန့်၊သုံးရေတွေကို တတ်နိုင်သလောက်ကူ လိုအပ်တဲ့နေရာတွေကူညီသွားဖို့ရှိပါတယ်။အ၀ီစိတွင်းတူးလို့ရမယ့်နေရာတွေမှာလည်း အ၀ီစိတွင်းတူးဖော်ပေးဖို့ အစီစဉ်ရှိနေပါတယ်။အခုလက်ရှိက ပန်းတောင်းမြို့နယ်အတွင်းကကျေးရွာတစ်ချို့မှာ သောက်သုံးရေရှားပါးနေတဲ့ကိစ္စတွေဖြစ်နေတဲ့နေရာတွေကို ကွင်းဆင်းစစ်ဆေးလေ့လာသွားပြီးပါပြီ။” ဟုမိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အလုပ်အမှုဆောင် ဦးမျိုးငြိမ်းဇော်ကပြောသည်။
အဆိုပါသောက်သုံးရေရှားပါးလာသည့်ကျေးရွာများအတွင်းမှ တလုပ္ပင်အုပ်စုအတွင်းရှိ ရေတွင်လှကျေးရွာတွင်ပိုမိုဆိုးရွာစွာ သောက်သုံးရေရှားပါးလာပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က မွေးမြူရေး နှင့် ရေလုပ်ငန်းဦးစီးဌာနမှ ၄င်းကျေးရွာအတွင်း ရေသိုလောင်ကန်တစ်ခုတည်ဆောက်ပေးခဲ့ပြီး ထိုရေသိုလောင်ကန်မှာအသုံးပြု၍ မရတော့ပဲ ခမ်းခြောက်လျှက်ရှိနေပြီး ၄င်းကျေးရွာအတွင်းမှာ ရေငုတ်များတပ်ဆင်ထားသော်လည်း ရေထွက်မှုမရှိသဖြင့် ရေတွင်းဟောင်းများမှ ၂-ပေခန့်လောက်သာကျန်ရှိတော့သည့်ရေများကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းတန်းစီစနစ်ဖြင့် သောက်ရေသုံးစွဲနေရလျှက်ရှိနေကြောင်းသိရပြီး သက်ဆိုင်ရာဌာနများမှလာရောက်ကူညီမှုများ ယနေ့အထိမရှိသေးကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
0 comments:
Post a Comment