Friday, September 5, 2014

သတင်းနှင့် အသိပေးအကြောင်းကြားစာ ခွဲခြားသိစေချင်ပါတယ်

Leave a Comment
ရဲကြေးနန်းယူပြီး သတင်းပြန်လည်တင်ပေးပါ့မယ် ကျွန်တော်ရေးသားတင်ပြခဲ့တာက သတင်းမဟုတ်ပါဘူး အသိပေးအကြောင်းကြားစာပါ သတင်းဆိုတာက ဘယ်နေရာမှာဘယ်သူနဲ့ ဘယ်လိုဖြစ်တယ်ဆိုတာမျိုးပေါ့ ကျွန်တော့ကို အမျိုးမျိုးဝေဖန်တာကိုခံနိုင်ပါတယ် ဒါပေမယ်ဝေဖန်သူများ သတင်းနှင့် အသိပေးအကြောင်းကြားစာ ခွဲခြားသိစေချင်ပါတယ် သတင်းကိုတင်ပြပေးမှာပါ ဘိုင်ကြီးကွမ်းယာအိမ်မှာ ကျွန်တော်သိသလောက်ဖြစ်သွားတဲ့ကိစ္စကတော့ ဥသျှစ်ပင်က လူငယ်တစ်စု ဆိုင်ကယ်ဓါတ်ဆီလာဝယ်ကြတယ် ဘိုင်ကြီးကွမ်းယာအိမ်မှာ ဓါတ်ဆီထည့်တော့ ဓါတ်ဆီထည့်တဲ့ကောင်မလေးကို လူငယ်တစ်ယောက်က မူးမူးနဲ့ ရိသဲ့သဲ့စလိုက်တယ် ကောင်မလေးက ရှက်ပြီးအခြေတင်စကားများရန်ဖြစ်တယ် ပြီးတော့ ဘိုင်ကြီးကွမ်းယာအိမ်ကို ခဲတွေနဲ့ပြန်လာပြီးထုတယ် နောက်အမှတ်(၁)ရဲစခန်းရောက်သွားတယ်  ကောင်မလေးရော ကောင်လေးတွေဘက်ကရော ဒဏ်ရာအနည်းငယ်ရတယ် ရဲစခန်းမှာနှစ်ဖက်စလုံးကြေလည်သွားကြတယ် ဒါတွေကို ပြောင်းပြန်လုပ်ပြီး တချို့ Facebook စာမျက်နှာတွေမှာ ချဲ့ထွင်ကိုးကားရေးတင်ကြတယ် အဲသလိုတွေမရေးသားဖို့ အကြောင်းကြားအသိပေးစာရေးပြီး ကျွန်တော်တင်ပါတယ် ဖြစ်စဉ်က ဒါအကုန်ပါပဲ အချိန် နေရာ ပြသနာအစအဆုံးသေချာကိုတော့ ရဲစခန်းက ရဲမှတ်တမ်းတောင်းပြီး ကျွန်တော်ပြန်လည်ရေးသားတင်ပြမှာပါ ဒါကို သတင်းနဲ့ မရောစေလိုပါ သတင်းနှင့် အသိပေးအကြောင်းကြားစာမတူဘူးဆိုတာကိုလည်းပြောလိုပါတယ် ပြည်သတင်းဖတ်သူအားလုံးကို ရိုသေလေးစားလျှက်ပါ....ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page