ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှာ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က အမျိုးသားပညာရေး ပင်မသပိတ်မှောက်ကျောင်းသားများအစာငတ်ခံဆန္ဒပြမှုနှင့် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွှတ်ပေးရန် ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်ခရိုင်)က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းဆန္ဒထုတ်ဖော်မှုအတွက်ကို နိုဝင်ဘာ ၁၁ ရက်နေ့နံနက်မှာ ပြည်မြို့နယ်ရဲတပ်မှူးထံခွင့်ပြုမိန့်စာတင်ခဲ့ပြီး ထိုနေ့ညနေမှာ ခွင့်ပြုမိန့်ရခဲ့ကြောင်းသိရသည်။ဆန္ဒထုတ်ဖော်ရာတွင် သမ္မတကြီးထံအထူးမေတ္တာရပ်ခံချက် စာသားပါဗီနိုင်းပိုစတာ၊နိုင်ငံရေးအကျဉ်းသားများလွတ် စာသားပါ တီရျပ်အကျီင်္၊ကျောင်းသားသမဂ္ဂအလံ များနံရံတွင်ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်မှုများ၊ကဗျာရွတ်ဆိုမှုများပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို ထိုနေ့နံနက် ၁၀ ချိန်ခန့်တွင်ပြီးဆုံးသွားကြောင်းသိရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment