Thursday, November 12, 2015

လင်မယားချင်းစကားများရန်ဖြစ်ရာမှဇနီးဖြစ်သူအား ခင်ပွန်းဖြစ်သူက ကျောက်ငရုပ်ဆုံဖြင့်ထုသတ်

Leave a Comment



ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် နိုဝင်ဘာ(၁၁)ရက်နေ့
ည(၇)နာရီ(၃၀)အချိန်ခန့် လင်မယားချင်းစကားများရန်ဖြစ်ရာမှဇနီး
ဖြစ်သူအား ခင်ပွန်းဖြစ်သူက ကျောက်ငရုတ်ဆုံဖြင့်ထုခဲ့သဖြင့်အမျိုး
သမီးသေဆုံးပြီး ခင်ပွန်းဖြစ်သူမှာထွက်ပြေးတိမ်းရှောင်နေကြောင်း
သိရသည်။

ဖြစ်စဉ်မှာ မသက်သက်လွင် ၊ ရတနာဝင်းစတိုးဆိုင်လုပ်သမား
(၇/၅)လမ်း၊မြို့သစ်ရပ်ကွက်၊ပြည်မြို့နေသူသည် ၄င်းလုပ်ကိုင်
သော ရတနာဝင်းစတိုးဆိုင်မှအလုပ်ပြီး၍ နေအိမ်သို့ပြန်ရောက်
ရှိရာ နေအိမ်တံခါးမှာစေ့ထားပြီး မီပိတ်ထားသဖြင့်နေအိမ်တံခါး
အားတွန်းဖွင့်၍ နေအိမ်အတွင်းသို့ဝင်ရောက်ကာ မီးခလုတ်များ
ကို ဖွင့်ခဲ့ကြောင်း၎င်း၏မိခင်ဒေါ်ရင်မြ(ခ)ဒေါ်ရှမ်းမအားခေါ်ပြီး
နေအိမ်အခန်းများအတွင်းလိုက်ကြည့်ရာ နေအိမ်နောက်ဖေးမီး
ဖိုခန်းတွင် ၄င်း၏မိခင် ဒေါ်ရင်မြ(ခ)ဒေါ်ရှမ်းမအား ဦးခေါင်းနော
က်စေ့ယာဘက်ခြမ်းတွင် ပေါက်ပြဲကြေမွဒဏ်ရာ၊ယာဘက်နား
ထင်အထက်တွင် ဖူးရောင်ဒဏ်ရာတို့ရရှိကာ သွေးများရွှဲလျှက်
လဲကျနေသည်ကိုတွေ့ရှိရကြောင်း ဆို၏။

ဆက်လက်၍ မသက်သက်လွင်မှ ၄င်း၏မိခင်ဒေါ်ရင်မြ(ခ)ဒေါ်
ရှမ်းမအားခေါ်ကြည့်ရာ ခေါ်၍မရတော့ဘဲ သေဆုံးနေသည်ကိုေ
တွ့ရှိရကြောင်း၊မသက်သက်လွင်၏မိခင်နှင့်ပထွေးဖြစ်သူ ဦးလှဝင်း
တို့မှာ သင့်မြတ်ခြင်းမရှိကြဘဲ လင်မယာချင်းခဏခဏစကားများရန်
ဖြစ်လေ့ရှိကြကြောင်း၊မသက်သက်လွင်အိမ်ပြန်မရောက်ခင်အချိန်
ပိုင်းက ဦးလှဝင်းနှင့်ဒေါ်ရှမ်းမတို့ စကားများရန်ဖြစ်ကြကြောင်းကို
အိမ်နီးချင်းများကြားသိကြကြောင်း၊ဒေါ်ရင်မြ(ခ)မရှမ်းမ လဲကျနေ
သည့်နေရာအနီးတွင် သွေးစွန်းပေနေသည့် ကျောက်ငရုတ်ဆုံကို
တွေ့ရှိရပြီး ထိုကျောက်ငရုတ်ဆုံဖြင့် ဦးလှဝင်းမှမရှမ်းမအား ထုရို
က်ခဲ့ခြင်းဖြစ်သည်ဟုထင်ရပြီး ဦးလှဝင်းမှာ မီးများပိတ်၊အိမ်တံခါး
များစေ့၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊မိခင်ဖြစ်သူဒေါ်ရင်မြ
(ခ)မရှမ်းမအား ကျောက်ငရုတ်ဆုံဖြင့်ထုရိုက်ခဲ့ပြီး တိမ်းရှောင်ထွက်
ပြေးသွားသော ပထွေးဖြစ်သူ ဦးလှဝင်းအားအရေးယူပေးပါရန် သမီး
ဖြစ်သူ မသက်သက်လွင်မှ ရဲစခန်းသို့လာရောက် တိုင်တန်းကြောင်း
ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့်အမှုမှပြစ်မှုကျုးလွန်ကြောင်း တိုင်ကြားခံရသူ ဦးလှဝင်း
(၅၉)နှစ်(ဘ)ဦးအုန်းကျော် ၊ထမင်းကြော်/မုန့်ဟင်းခါးရောင်း၊(၇/၅)
လမ်း၊မြို့သစ်ရပ်ကွက်၊ပြည်မြို့နေသူအား ပြည်မြို့မရဲစခန်း(ပ)၉၁၉/
၂၀၁၅။ပြစ်မှုပုဒ်မ-၃၀၂ဖြင့်အမှုရေးဖွင့်ပြီး ၊ ဒုရဲမှူး မျိုးမြင့်(စခန်းမှုး)မှ
လက်ခံစစ်ဆေးကာ ပြစ်မှုကျူးလွန်သူအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 - 4236 71883

ပြည်ခရိုင်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page