Friday, November 27, 2015

ပည်မြို့က မင်းကြီးတောင်

Leave a Comment

ပြည်မြို့က မင်းကြီးတောင်
By
ဇော်မင်းထိုက်
On 
Fri, 2015-11-27 06:30
Issue No.
No.930 Friday, November 27, 2015
မင်းကြီးတောင်အား တွေ့မြင်ရစဉ်။ဓာတ်ပုံ−ဇော်မင်းထိုက်

တောင်ပေါ်ဟုဆိုလျှင် မင်းကြီးတောင်အဖြစ် ပြည်မြို့ဒေသခံများ သိထားကြသည်။   စစ်အာဏာရှင်လက်ထက် ထောက်လှမ်းရေး တပ် အခြေစိုက်ခဲ့ရာ စစ်ကြောရေး နယ်မြေဖြစ်ခဲ့သော မင်းကြီး တောင်အစား ‘တောင်ပေါ်’အဖြစ် သာ ပြည်မြို့ဒေသခံများက ခေါ် ဝေါ်သုံးစွဲကြခြင်းကြောင့်ဖြစ် သည်။

‘‘ထောက်လှမ်းရေးတပ်ဖွဲ့ ကိုယ်တိုင်က တောင်ပေါ်ကပါဆို ပြီး နယ်ပယ်အသီးသီးနဲ့ ဆက်ဆံ ခဲ့တယ်။ တောင်ပေါ်ကဆိုလို့ရှိရင် ဌာနဆိုင်ရာကအစ စီးပွားရေး၊ လူမှုရေး လုပ်ငန်းဆောင်ရွက်သူ တွေအဆုံး ရွံကြောက်ကြီးဖြစ်ခဲ့ တယ်။ တောင်ပေါ်ကခေါ်ရင် သွားရတယ်။ မသွားရင် ပိုပြီးအထိနာတယ်လို့တောင် ပြောစမှတ် တွင်တယ်’’ဟု ပြည်ဒေသခံနိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

တောင်ပေါ်ထောက်လှမ်း ရေး အမှတ်(၃) တပ်ဖွဲ့၊ တပ် ဆွယ်သည် ပြည်ခရိုင်ရှိ နယ်ပယ်အသီးသီးကို ချုပ်ကိုင်သည်။ တောင်ပေါ်စစ်ကြောရေးကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအပါ အဝင် တောင်ပေါ်နှင့် မသင့်မြတ် သူများသည် ပင်ပန်းဆင်းရဲစွာ စစ်ကြောခံခဲ့ရသည်။

‘‘သူ့ဘာသာသူ တစ်နိုင်ငံလုံး ဆန်စပါးဈေးတွေ တက်တာခေါ် စစ်ခံရတယ်။ စစ်တဲ့သူက ကိုယ် မွေးမှ သားအရွယ်လောက်ပဲရှိတယ်။ ရာဇဝတ်မှုမဟုတ်တဲ့ကိစ္စ ကို စစ်ဆေးတာရိုင်းတဲ့အပြင် လူ ကြီးတွေထိုင်ဖို့ နေရာလည်းမပေး၊ခေါ်စစ်ခံရသူတွေက မတ်တတ်ရပ်၊ ဆောင့်ကြောင့်ထိုင်ပြီး အပြင်လည်းမထွက်ရ တစ်နေကုန်နီးပါး အပင်ပန်းခံပြီး အစစ်ခံရတာ’’ဟု သဲကုန်းမြို့နယ်မှ ဆန်စက်ပိုင်ရှင် တစ်ဦးက ပြောသည်။

တောင်ပေါ်မှ တပ်သားနှစ် ဦးနှင့် ဘီယာဆိုင်အတွင်း စကား များဆဲဆိုခဲ့သူတစ်ဦးကို စစ်တပ်၏ ဂုဏ်သရေညှိုးနွမ်းစေသည်ဟု ဆိုကာ တရားစွဲဆိုမှုကြောင့် ထောင်ကျခဲ့ခြင်းများရှိခဲ့ကြောင်းပြည်မြို့ဒေသခံတစ်ဦးက ဆို သည်။

‘‘ဘောပင်ကို လက်ငါး ချောင်းကြားကိုထည့်ပြီး လက်ဖျား တွေကို တင်းတင်းကျပ်ကျပ်ကြိုး ချည်တယ်။ ပြီးတော့ ဘောပင်ကို လှည့်ပြီး အာဏာရှင်ဆန်ဆန် စစ် ကြောရေးလုပ်ခဲ့တယ်’’ဟု တောင်ပေါ်တွင် စစ်ကြောခံခဲ့ရသူ ဦးမြင့် အေးက ပြောသည်။

တောင်ပေါ်စစ်ကြောရေး အာဏာရှင် စနစ်ဆိုးလက် အောက်တွင် သွေး၊ ချွေးတို့ မြေ ကျခဲ့ရသည်။

ပြည်မြို့တွင် ကိုလိုနီနယ်ချဲ့ အစိုးရလက်ထက် အရေးပိုင်မင်း များ၊ စက်ရှင်တရားသူကြီးများ၊ နယ်ချဲ့အစိုးရမင်းများ နေထိုင်ခဲ့ ရာမှ မင်းကြီးတောင်ဟုအမည် တွင်လာခဲ့ခြင်းဖြစ်သည်။

မင်းကြီးတောင်သည် ကြက် တင်းတောင်၊ ကြက်မင်းတောင်၊ ဝေပုလ္လတောင်၊ ယုံဖြူတောင်၊ ဝန်ချတောင်၊ စကားတောင်တို့ ယှက်နွှယ်နေသော တောင်ကုန်း တောင်တန်းများ ဝန်းရံထား သည်။ သဘာဝတောရိပ်တောင် ရိပ်၊ ကျေးငှက်သာရကာတို့ဖြင့် သာယာလှပနေသည့် တောင်ကြီး လည်းဖြစ်သည်။

ရခိုင်ရိုးမတောင်တန်းကြီးဆီ မှ သယ်ဆောင်လာသော လေနု အေးလေးများသည် ဧရာဝတီမြစ် ပေါ်မှ ဖြတ်သန်းကာ မင်းကြီး တောင်ဆီသို့ အစဉ်အမြဲတိုက်ခိုက် လျက်ရှိသည်။ လေနုအေးတို့ သည် စိတ်ကိုလန်းဆန်းစေသည်။ တောင်ပေါ်မှသည် သန့်ရှင်းလတ် ဆတ်နေသော လေကိုရှူရှိုက်ခွင့် ရသကဲ့သို့ ဇာတိဂုဏ်မြင့်မား သည့် ပျူလူမျိုးများနေထိုင်ခဲ့ရာ သရေခေတ္တရာ ပြည်မြို့ကို အပေါ်စီးမှ တွေ့မြင်နိုင်သည်။

  မင်းကြီးတောင်တွင် ထောက်လှမ်းရေးတပ်နှင့်အတူ ဒေသစစ်ကွပ်ကဲမှုဌာနချုပ်ပါ တပ်စွဲခဲ့သည်။ ၂၀၀၄ တွင် ထောက်လှမ်းရေးတပ်မရှိတော့ သည့်နောက်ပိုင်း စရဖ (တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့)  ယနေ့အထိ အခြေချနေ ထိုင်လျက်ရှိသည်။ ဒေသကွပ်ကဲ မှုဌာနချုပ်သည်လည်း ယင်းကာ လနောက်ပိုင်း တောင်ပေါ်မှ ဆင် စုရပ်ကွက် မအူရွာအနီး ပြောင်း ရွှေ့စခန်းချခဲ့သည်။

၂၀၀၅ နောက်ပိုင်းတွင် မင်း ကြီးတောင်ပေါ်သို့ မိုးလေဝသရုံး၊ ဂေါက်ကွင်း၊ စားသောက်ဆိုင်၊ မြန်မာ့အသံ၊ မြဝတီ စသည့်အသံ လွှင့်ရုံများ ရောက်ရှိလာပြီး နောက်ပိုင်းမှစတင်ကာ လူသူအ သွားအလာရှိလာခဲ့သည်။

‘‘စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့အနေနဲ့ အရင်ထောက် လှမ်းရေးတပ်လိုတော့ မဟုတ် ဘူး။ အခုနောက်ပိုင်းမှာ စစ်တပ် နဲ့ပတ်သက်တာလောက်ပဲကိုင် တွယ်တာ တွေ့ရတယ်။ ကျန်တာ တွေ ဝင်ရောက်စွက်ဖက် စစ်ဆေး တာမျိုး မတွေ့ရပါဘူး။ သတင်း ယူတာတွေတော့ ရှိတယ်’’ဟု ပြည်ထဲရေးဝန်ထမ်းဟောင်းတစ် ဦးက ပြောသည်။

‘‘မင်းကြီးတောင်က ပြည်မြို့ ရဲ့ အထင်ကရတောင်ကြီးပါ။ ရှေးဟောင်းသမိုင်းဝင် စေတီတွေ၊ တောင်ကုန်းတွေ၊ ကိုလိုနီခေတ် ကနေ အိမ်တွေရှိနေသေးတယ်။ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြား သားခရီးသွားတွေက အစလေ့ လာလို့ရတဲ့အထိ တောင်ကြီးကို ထိန်းသိမ်းပြုပြင်ပြီး ဒီထက်ပိုမို သာယာလှပအောင် ဖန်တီးပေး နိုင်ရင် ကောင်းမယ်’’ဟု ပြည် ဒေသခံ ဦးလှဖြိုးက ပြောကြား သည်။ တောင်ပေါ်မှကြည့်လျှင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေ တီတော်မြတ်ကြီးကို  နီးကပ်စွာ ဖူးမြော်နိုင်သည်။ ပြည်မြို့တစ်ခွင်နှင့် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှ    ရွှေဘုံသာမုနိစေတီ တော်မြတ်ကြီးကိုလည်း     ဖူး မြော်နိုင်သည်။ အနောက်ဘက် တွင် နဝဒေးတံတားနှင့် ဧရာဝတီ မြစ်သည် ပနံတင့်စွာ တွေ့မြင်ရ သည်။ လွမ်းမောဖွယ် ဝိုးတဝါး တွေ့မြင်နေရသည့် ရခိုင်ရိုးမ တောင်တန်းကြီးလည်း တည်ရှိ သည်။ ဧရာဝတီမြစ်ဘက်မှ ပြန် လည်ကြည့်ရှုပါက ပြည်မြို့နှင့် မင်းကြီးတောင်သည် မြို့နှစ်ထပ် ပုံသဏ္ဌာန်တွေ့မြင်ရသည်။ ထို့ ကြောင့်ပင် ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်က ‘နှစ်ထပ်သင်္ဘော လေးနှင့်တူသောမြို့’ဟုပင် တင် စားရေးဖွဲ့ခဲ့သည်။

မင်းကြီးတောင်ပေါ်တွင် ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာ ဘုရင်မ၏ အချစ်ကိုစစ်ခင်းယူခဲ့ သည့်အတွက် ဝန်ချတောင်းပန် သည့် ဝန်ချတောင်စေတီရှိသည်။ မြန်မာရာဇဝင်အစ ပေါက်ကျိုင်း ဘုရင်၏ မိခင်မဗေဒါရေခပ်ဆင်း ခဲ့သော ဗေဒါရီဂူရှိသည်။ လူသူ မနေတော့သည့် နယ်ချဲ့အစိုးရ မင်းများနေထိုင်ခဲ့ရာ ရှေးဟောင်း နေအိမ်များရှိသည်။ ဆရာတက္က သိုလ်ဘုန်းနိုင်ရဲ့ တပြည်သူမရွှေ ထားတို့ နေအိမ်ကြီးရှိသည်။ ယင်း အိမ်အနီးတွင် ချစ်သူလမ်းကြား လေးရှိသည်။

လက်ရှိတွင် ကိုလိုနီခေတ် လက်ထက်ကတည်းက တည်ရှိခဲ့ သော အိမ်ဟောင်းလေးလုံးခန့်ရှိ ပြီး နှစ်လုံးမှာ လူနေပြီး နှစ်လုံးမှာ လူသူမနေကြောင်း သိရသည်။

‘‘ဝန်ချတောင်သွားတဲ့လမ်း က နေအိမ်ဟောင်းကြီးရယ်၊ တပြည်သူမရွှေထားတို့ နေအိမ်ရယ်က လူသူနေတာမတွေ့ဘူး။တပြည်သူမရွှေထားတို့နေအိမ်က တော့ တစ်ခါတလေ တံတား စောင့်တဲ့ ရဲဘော်တွေ လာနေတာ တွေ့ရတယ်။    အရင်တုန်းက ကိုလိုနီခေတ်နေအိမ်တွေ အလုံး နှစ်ဆယ်လောက်ရှိတယ်လို့ အဖေက ပြောတယ်။ ကျွန်တော်တို့ ငယ်ငယ်က တောင်ရှစ်လုံးလောက် မီလိုက်သေးတယ်။ ပြိုကျပျက်စီး သွားတာတွေကြောင့်ပါ။ တောင်ပေါ်က စစ်တပ်က သိမ်းထားတာ ဆိုတော့ အသံလွှင့်ရုံတစ်ရုံ ဆောက်တုန်းက တောင်တိုက်ဝါ ကြီးတစ်လုံးကို ဖြိုချပြီး အဲဒီနေရာ မှာ ဆောက်ခဲ့တယ်’’ဟု မင်းကြီး တောင်ခြေရင်းနေ ဒေသခံ ဦးလှ ဖြိုးက ပြောသည်။

‘‘အရင်တုန်းက တောင်ပေါ် ကို လူသူသိပ်မသွားကြဘူး။ နေ ရာကလည်း ခေါင်တယ်။ စစ်တပ် ကလည်း အခြေချနေပြီး စစ်တာ ဆေးတာတွေရှိတော့ မတက်ကြ ဘူး။ အခုနောက်ပိုင်း လူသွားလူ လာ များလာတာ လေးငါးနှစ် လောက်ပဲရှိဦးမယ်’’ဟု မင်းကြီး တောင်ခြေတွင် နေထိုင်သူတစ်ဦး က ပြောသည်။

‘‘စစ်တပ်ပိုင်ဆိုပြီး ဖယ်ရှား ခိုင်းတုန်းက အိမ်ခြေ ၄၀ လောက် ရှိတယ်။ မြေစာရင်းကလာတိုင်း တော့ စစ်တပ်ပိုင်ထဲပါတာ လေး ငါးလုံးလောက်ပဲ ရှိတယ်။ နောက်ပြီး တောင်ပေါ်တက်နေတာလည်း မဟုတ်။ တောင်အောက်ခြေမှာ နေကြတာ။ အခု အဲဒီအိမ်လေး ငါးလုံးကိုလည်း စစ်တပ်က ဘာမှ ပြောတာမကြားရဘူး။ ဆက်ပြီး နေထိုင်နေတာ တွေ့ရ တယ်’’ ဟု မင်းကြီးတောင်ခြေတွင် နေထိုင် သူတစ်ဦးက ဆိုသည်။

‘‘တောင်ပေါ်ထောက်လှမ်း ရေးနဲ့ ပူးတွဲစစ်ဆေးခဲ့ရတာတွေ အများကြီးပါ။ ထောက်လှမ်းရေး တပ်က တရားစွဲလို့မရဘူး။ တရားစွဲလို့ရအောင် ကျွန်တော်တို့ဌာနနဲ့ ပူးပေါင်းပြီး စစ်ဆေးတယ်။ စစ် ကြောရေးဆိုတာတော့ လိုချင်တဲ့ အဖြေကိုရဖို့ နည်းလမ်းတွေသုံးရ တာရှိတယ်။ အသားနာအောင် လုပ်မှ အဖြေထွက်တာမျိုးလည်း ရှိတာပဲလေ’’ဟု စစ်ထောက်လှမ်း ရေးတပ်နှင့် ပူးတွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည့် ပြည်ထဲရေးဝန် ထမ်းဟောင်းတစ်ဦးက ပြော သည်။ မင်းကြီးတောင်တွင် ဇာတိ ဂုဏ်မြင့်မားသည့် သရေခေတ္တရာ ပျူခေတ်ကပင်ရှိနေခဲ့သော ဝန်ချ တောင်၊ ကြက်သင်းတောင်၊ ဗေဒါ ရီဂူ အစရှိသည့် သမိုင်းဝင်တောင် ကုန်းအမည်နေရာများရှိနေပါ လျက် မင်းကြီးတောင်ကိုသာလျှင် လူသိများနေရခြင်းမှာ အင်္ဂလိပ် နယ်ချဲ့ အစိုးရမင်းများနေထိုင်ပြီး နောက်ပိုင်း စစ်တပ်ကသိမ်းယူ ကာ ဆက်လက်အခြေစိုက်နေ ထိုင်ပြီး စစ်ကြောရေးစခန်းများ ထားရှိခဲ့ခြင်းကြောင့်သာဖြစ်သည် ဟု ပြည်မြို့ဒေသခံ ဦးမြင့်အေးက သုံးသပ်ပြသည်။

ဘုန်းတန်ခိုးကြီးမားသည့် ဘုရင်မင်းမြတ်များကိုယ်တိုင်ပင် ဝန်ချတောင်းပန်သည့် ဝန်ချ တောင်စေတီတည်ထားကိုးကွယ် ရာ မင်းကြီးတောင်တွင် ပြည်သူ များအပေါ် အာဏာရှင်စနစ်ကျင့် သုံးခဲ့သည့် တောင်ပေါ်ထောက် လှမ်းရေးတပ်ဖွဲ့အနေဖြင့် ဝန်ချ တောင်းပန်သင့်ကြောင်း ဦးမြင့် အေးက ဆိုသည်။

နာကျင်ခံစားရဖူးသူတို့အဖို့ မင်းကြီးတောင်ကို မုန်းတီးနာ ကြည်းခြင်းမဟုတ်ဘဲ စစ်အာဏာ ရှင်တို့၏ စနစ်ဆိုးကိုသာ မုန်းတီး နေကြခြင်းဖြစ်သည်။ ယခုအခါ မြန်မာ့ဒီမိုကရေစီအရွေ့တွင် တောင်ပေါ်ဆိုသည့် စကားအသုံး အနှုန်းမှာလည်း တဖြည်းဖြည်း အားနည်းလာချေပြီ။

မင်းကြီးတောင်သည် စစ် အာဏာရှင်တို့၏ အငွေ့အသက် ပုံရိပ်များ ကျန်ရှိနေသည်မှအပ အလွန်သာယာလှပသည့် တောင် တန်းကြီးတစ်ခုဖြစ်သည်ကို ငြင်း ၍မရပေ။ ပြည်မြို့ရောက်လျှင် မင်းကြီးတောင်ပေါ်သို့ မဖြစ်မနေ တက်ကြည့်စေချင်သည်။ အလွမ်း ဓာတ်ခံရှိသူ၊ လေ့လာစူးစမ်းလို သူ၊ သဘာဝတောတောင်အလှ ရှုစားလိုသူများ၏ စိတ်ခံစားမှုရှိ သည့်တိုင် ရသတစ်ခုခုကိုတော့ မင်းကြီးတောင်ဆီမှ ရရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။     ။

7 Day မီဒီယာ မှ ယူးယူဖော်ပြသည်။


0 comments:

Post a Comment

Facebook Like Page