Tuesday, October 27, 2015

ပြည်မြို့တွင်း ယာဉ်လိုင်းများမှ ယာဉ်လုပ်သားများကို ယာဉ်ဥပဒေသစ်ဆိုင်ရာများ ပထမဆုံးအကြိမ် ရှင်းလင်း

Leave a Comment


ဇော်မင်းထိုက်
7Day Daily

ပြည်မြို့တွင်း ယာဉ်လိုင်း များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဥပဒေသစ် အကြောင်းအရာများကို အောက် တိုဘာ ၂၅ ရက်က ပထမဆုံးအ ကြိမ် အသိပညာပေးရှင်းလင်းခဲ့ ကြောင်း ပြည်ခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘အခုအသစ်ထုတ်ပြန်ထား တဲ့ ဥပဒေအကြောင်းအရာတွေ၊ ဒဏ်ကြေးငွေ မြင့်မားလာတဲ့အ ကြောင်း၊ ခရီးသည်လုတင်ရာက နေ အပြိုင်အဆိုင် မဆင်မခြင်မမောင်းနှင်ကြဖို့ စတဲ့အသိပညာ ပေး ရှင်းလင်းတာဖြစ်တယ်’’ ဟု ပြည်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်ဦးက ပြောသည်။

စက်တင်ဘာ ဒုတိယပတ် အတွင်းက ပြည်သူ့လွှတ်တော်က ဥပဒေအမှတ် ၅၅ ဖြင့် ပြဋ္ဌာန်း လိုက်သည့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာဥပဒေသစ်တွင် ယခင်က ငွေဒဏ်များသာရှိသော ဥပဒေပုဒ်မများ၌ ပထမအကြိမ်ကျူးလွန်လျှင် ငွေဒဏ်၊ ဒုတိယ အကြိမ်ကျူးလွန်လျှင် ထောင် ဒဏ်များပင် ပါဝင်လာကြောင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်း လျှင် ယခင်က ၁,၅၀၀ ကျပ်သာ နိုင်ငံတော်အခွန် ပေးဆောင်ရ သော်လည်း ယခုဥပဒေသစ်တွင် ကျပ် ၃၀,၀၀၀ အထိ ရှိလာ ကြောင်း ပြည်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာသော ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ ဖြစ် လာစေရန် ရည်ရွယ်ပြီး အသိ ပညာပေးခြင်းကို အောက်တိုဘာ ၂၅ ရက်က ပြည်ခရိုင် ယာဉ်လုပ် ငန်းများ ကြီးကြပ်ရေးအဖွဲ့ရုံးတွင် ရှင်းလင်းဟောပြောခဲ့ခြင်း ဖြစ် သည်။

ပြည်မြို့တွင် ခေတ္တရာမောင်၊ မြတ်သီဟ၊ မာဇဒါ၊ ရွှေသမင်၊အမြန်ယာဉ် စသည့်မြို့တွင်းယာဉ် လိုင်းငါးလိုင်းရှိပြီး အဆိုပါယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ် နောက်လိုက် ၆၀ ဦးတက်ရောက် ခဲ့သည်။

ထပ်မံထုတ်ပြန်ထားသော ယာဉ်စည်းကမ်းဆိုင်ရာများ ရှင်း လင်းအသိပေးခြင်းကို အပတ်စဉ် တစ်ပတ်လျှင် တစ်ကြိမ်ရှင်းလင်း ပြောကြားသွားရန် စီစဉ်ထားပြီး မြို့တွင်းယာဉ်လိုင်းများသာမက သုံးဘီးဆိုင်ကယ်၊ ကုန်တင်ယာဉ် များကိုလည်း အသိပညာပေးရှင်း လင်းခြင်းများ ပြုလုပ်မည်ဟု ဒုရဲ မှူး ဝင်းနိုင်ဦးက ပြောသည်။

‘‘ပြည်မှာက ဈေးကြီးဝန်း ကျင်လမ်းတွေဆို ယာဉ်ကြော ပိတ်ဆို့မှုအများဆုံးဖြစ်တယ်။ မြို့ တွင်း ယာဉ်လိုင်းတွေတင်မဟုတ် ဘဲ အိမ်စီးကားတွေ၊ ဆိုင်ကယ် တွေပါ စည်းကမ်းလိုက်နာမှုမရှိ တာတွေ တွေ့ရတယ်။ ယာဉ်တိုက်မှုကြောင့် လူသေတာမျိုးလည်း မကြာခဏကြားရတယ်။ ယာဉ်မဝင်ရဆိုလည်း ဝင်ကြတယ်။ မရပ်ရတဲ့နေရာလည်း ရပ်ကြတယ်။ မီးနီဖြတ်မောင်း၊ အဝိုင်းပတ်ယာဉ်ကို ဦးစားမပေး၊ ယာဉ်မကျော်တက်သင့်တဲ့နေရာ ကျော်တက်ကြတယ်။ မသိတာလား၊ သိသိချည်းနဲ့ လုပ်နေတာလားတော့ မသိတော့ဘူး။ ဟိုတစ်လောကလည်း မြို့တွင်းယာဉ်လိုင်းနှစ်ခု ခရီးသည်လုတင်ရင်း အုပ်စုဖွဲ့ရန်ဖြစ်တာ ယာဉ်မောင်းတစ်ဦး ဆေးရုံရောက်ခဲ့တယ်’’ဟု ပြည်မြို့ခံ တစ်ဦးက ပြောသည်။


0 comments:

Post a Comment

Facebook Like Page