Tuesday, October 27, 2015

ပြည်မြို့တွင် ပါတီကြီးနှစ်ခု ပြိုင်ဆိုင်မှုအရှိန်မြင့်တက်

Leave a Comment


ဇော်မင်းထိုက်
7Day Daily

ပြည်မြို့နယ်အတွင်း ရွေး ကောက်ပွဲရက်နီးလာသည်နှင့်အ မျှ အင်အားကြီးပါတီကြီးနှစ်ခုဖြစ် သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ မဲ ဆွယ်စည်းရုံးပြိုင်ဆိုင်မှုများ အရှိန်မြှင့်တင်လာကြောင်း ယင်းပါတီ များ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများထံမှ သိရသည်။

‘‘ရွေးကောက်ပွဲရက်နီးလာ တာနဲ့အမျှ ပြိုင်ဆိုင်မှုက အရှိန် မြင့်လာကြတယ်။ ရွေးကောက်ပွဲ ကိုလည်း အေးအေးချမ်းချမ်းပြီး ဆုံးသွားဖို့ မျှော်လင့်ပါတယ်။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေပါ တယ်။ ပြည်မြို့မှာ ဒီချုပ်ပါတီ အောင်ပွဲခံမယ်လို့ အပြည့်အ၀ယုံ ကြည်ပါတယ်’’ဟု ပြည်မြို့နယ်ဒီ ချုပ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် ဇေယျက ပြောသည်။

ပြည်မြို့နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ရေးအရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ ရာ အောက်တိုဘာ ၁၉ ရက်မှစ၍ မြို့နယ်အတွင်း ဖျော်ဖြေရေး ယာဉ်များဖြင့်   စည်းရုံးလှုံ့ဆော်ခဲ့ပြီး ဂီတ၊ ရုပ်ရှင်အနုပညာရှင်များပါဝင်ခဲ့သည်။

ထို့ပြင် အောင်နိုင်ရေးခရီးစဉ်များတွင် ကျေးရွာအုပ်စုခရီးများအောက်တိုဘာ ၂၇ ရက်တွင် ပြီးဆုံး၍ အောက်တိုဘာ ၂၉ ရက်မှစ တင်ကာ နိုဝင်ဘာ ၅ ရက်အထိ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်စည်းရုံးမှုများပြုလုပ်သွားမည်ဟုပြည်မြို့နယ်ဒီချုပ်မှ သိရသည်။

‘‘ပြည်မြို့မှာ အဓိကပါတီကြီး နှစ်ခုပြိုင်ဆိုင်မှုပြင်းထန်လာတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ကျေး ရွာအုပ်စုစည်းရုံးရေးခရီးစဉ်တွေ တော့ပြီးသွားပြီ။ မြို့ပေါ်ရပ်ကွက် တွေမှာစတင်နေပါပြီ။ ရွေးကောက်ပွဲကြီး အေးအေးချမ်းချမ်းနဲ့ အောင်မြင်စွာပြီးဆုံးသွားဖို့ ဆောင်ရွက် နေပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမျိုး (ခ) ဦးမျိုး အောင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အောက်တိုဘာ ၂၄ ရက်မှစတင် ကာ ဖျော်ဖြေရေးယာဉ်များဖြင့် ပြည်မြို့နယ်အတွင်း အောင်နိုင် ရေးစတင်နေပြီး ရွေးကောက်ပွဲမ တိုင်မီ နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ပြည်မြို့နယ်အတွင်း နိုင်ငံရေးပါ တီ ခြောက်ခုဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သော်လည်း ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်တို့သာ မဲဆွယ်စည်းရုံးမှု အားကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေသည်။

အောက်တိုဘာ ၂၇ ရက်တွင်အမျိုးသားတိုးတက်ရေးပါတီက မော်တော်ယာဉ် ခြောက်စီးဖြင့် အင်အားပြကာ မြို့တွင်းသို့လှည့်လည်စည်းရုံးခဲ့သည်။

‘‘ကျွန်တော်တို့ ပါတီကတော့အောက်တိုဘာ ၂၇ ရက်ကစပြီး မြို့တွင်းလှည့်လည်အင်အားပြ တာမျိုးလုပ်ဖြစ်တယ်။ အင်အား နည်းပေမယ့် ပြိုင်ဆိုင်ခြင်းသာ အဓိကဖြစ်ပြီး ကိုယ်စားလှယ် လောင်းတွေအားလုံးချစ်ချစ်ခင် ခင်နဲ့ အေးအေးချမ်းချမ်းယှဉ်ပြိုင် မယ်။ ကိုယ်စားလှယ်လောင်းတွေ အားလုံး ကိုယ့်ရပ်ကိုယ့်ဒေသဖွံ့ ဖြိုးတိုးတက်အောင်လုပ်ကြမှာမို့ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဟု အမျိုးသားတိုး တက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းထွဋ်က ပြောသည်။


0 comments:

Post a Comment

Facebook Like Page