Tuesday, October 27, 2015

ပြည်မြို့တွင် ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ

Leave a Comment



ဇော်မင်းထိုက်

ဘာသာပေါင်းစုံနှီးနှောဖ လှယ်တွေ့ဆုံပွဲကို အောက်တို ဘာ ၂၄ရက်က ပြည်မြို့တော်ဝင် ရတနာခန်းမတွင် ပြည်မြို့ရှိ ဘာ သာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions For Peace)က ဦးဆောင်ကျင်းပခဲ့ကြောင်းသတင်း ရရှိသည်။

‘‘လက်နက်ကိုင်တိုက်ပွဲဝင် နေကြသူတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြရသလို ဒါတွေ သာမက နိုင်ငံအတွင်းမှာရှိတဲ့ကိုး ကွယ်မှုအမျိုးမျိုးစတဲ့ ဘာသာရေး အရကွဲပြားသူတွေလည်း အေး ချမ်းစွာ၊ ငြိမ်းချမ်းစွာအတူတကွ မေတ္တာတရားရှေ့ထားပြီး နေထိုင် နိုင်ကြဖို့ ရည်ရွယ်ကျင်းပတာဖြစ် ပါတယ်’’ဟု ပြည်မြို့ ငြိမ်းချမ်း မေတ္တာ အတွင်းရေးမှူး ဦးခင်မောင်ဝင်းကပြောသည်။

ဘာသာပေါင်းစုံ နှီးနှောဖ လှယ်ပွဲသို့ သံဃာတော်အရှင်သူ မြတ်များ၊ ခရစ်ယာန်ဘာသာဝင် ဆရာတော်များနှင့် ဘာသာဝင် များ၊ ဟိန္ဒူဘာသာရေးခေါင်း ဆောင်များ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များတက်ရောက်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်အသီးသီးက ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာများပြောကြား ကာမေတ္တာတရားရှေ့ထား၍ နှီးနှောပြောဆိုခဲ့ကြသည်။

‘‘ကျွန်တော်က ဗုဒ္ဓဘာသာ ပါ။ ဒါပေမဲ့အခုလို ဘာသာပေါင်း စုံငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲထဲ ရောက်ပြီဆိုတာနဲ့ ကိုယ်ဟာဘယ် ဘာသာဝင်ဖြစ်တယ်ဆိုတာကိုအ ပေါက်ဝမှာထားခဲ့တယ်။ လူသား တစ်ယောက်အနေနဲ့ ၀င်လာပြီး ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ လိုပါတယ်။ သူကဘယ်သာဘာ၊ ကိုယ်ကဘယ်ဘာသာစတာတွေ ကြောင့် ပြဿနာတွေဖြစ်ရတာမို့ အဲဒီလေဘယ်လေးတွေဖြုတ်ပြီး ငြိမ်းချမ်းရေးကိုတည်ဆောက် ကာ အေးအေးချမ်းချမ်းနေထိုင် သွားကြဖို့ လိုပါတယ်’’ဟု ပြည်မြို့ နယ်ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းဇော်ကပြော သည်။


0 comments:

Post a Comment

Facebook Like Page