ဆရာခန့်ကျော်စွာ
[28-9-2015 တနင်္လာနေ့၊လပြည့်ညအတွက်]
ခင်မင်လေးစားရပါသော
ပြည်သတင်းပရိတ်သတ်များနှင့်
မိတ်ဆွေ၊သူငယ်ချင်း
ဂမ္ဘီရဝါသနာရှင်များခင်ဗျာ…
လာဘ်ပွင့်…စေတဲ့
ဖယောင်းတိုင်လေးတွေ
ကိုယ်တိုင် စီရင်နိုင်ဖို့အတွက်
ပြောပြချင်လို့ပါ။
ဒီလိုပါခင်ဗျ…
လပြည့်နေ့ညမှာ
လင်ဗန်းတစ်ခုထဲကို
ဖယောင်းတိုင် ၂၇-တိုင်
ထည့်ပြီး
ရေလောင်းထည့် ရမယ်။
ပြီးတော့…
လရောင်ကျရောက်နိုင်တဲ့
မြင့်တဲ့ နေရာတစ်ခုမှာ
အဲဒီလင်ဗန်းကို
လပြည့် တစ်ညလုံးထားရမယ်…။
လမင်းကြီး ရဲ့
အလင်းရောင် က ထူးဆန်းတဲ့ တန်ခိုးသိဒ္ဓိတွေ
သဘာဝရှိပြီးသားပါ။
လပြည့်လရောင်အလင်းဓါတ်မှာ
'လာဘ်ပွင့်…စေတဲ့
ငွေဝင်စေတဲ့…'
ဓါတ်တွေရှိနေတယ်။
အဲဒီလို
လပြည့်ည တစ်ညလုံး
လင်ဗန်းထဲမှာ
ရေစိမ်ထားပြီး
လရောင်ခံထားတဲ့
အစီအရင် ဖယောင်းတိုင်လေးတွေကို
၂၇-ရက်ဆက်တိုက်
"နေဝင်မီးလက်-စီးပွါးတက်"ဆိုသကဲ့သို့
ညနေနေဝင်စအချိန်တိုင်း
ဘုရားမီးပူဇော်ခြင်းဖြင့်
လာဘ်ပွင့်…ငွေဝင်…လို့ချမ်းသာကြပါလိမ့်မည်။
မေတ္တာများစွာဖြင့်
အားလုံးကို ချမ်းသာစေလိုပါသော
ဆရာခန့်ကျော်စွာ
(အောင်ထူးဆန်းဗေဒင်ယတြာခန်း)
09-423 660 144
ီ
0 comments:
Post a Comment