ဆရာခန့်ကျော်စွာ၏ အောင်ထူးဆန်း ဟောစာတမ်း
၂၈.၉.၂၀၁၅ မှ ၄.၁၀.၂၀၁၅ အတွင်း
၀၉-၄၂၃၆၆၀၁၄၄
တနင်္ဂနွေသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း တာဝန်များသော အလုပ်များသော ကာလဖြစ်သည်။ ကြိုးစားထားသမျှအားလုံးအောင်မြင်မည်။ အလုပ်နှစ်မျိုး၊ နေရာနှစ်ခုဖြစ်မည်။ နေရာကိစ္စစီစဉ်ခြင်း၊ အောင်မြင်မည်။ အလုပ်ကိစ္စအတွက် မျက်မှန်နှင့်လူကူညီမည်။ ဘာသာရေး ခရီးထူး များပေါ်မည်။ လျှပ်စစ်ပစ္စည်းအသစ်ဝင်မည်။ အဝေးမှ ဆက်သွယ်ဆင့်ခေါ်ခြင်း သတင်းကောင်းကြားရမည်။ ရပ်ထားသော အလုပ်များ ပြန်စရမည်။ ဆုံးရှုံးထားသော ငွေကြေးအခွင့်အရေးများပြန်ရမည်။ ဆွေမျိုးအကြီးအကဲ ကျန်းမာရေးကူညီရမည်။ မိသားစု ကျန်းမာရေး ပေါ်လျှင် ဆွမ်းခံဘုန်းကြီး သကြားလှူလိုက်ပါ။ လူမှုရေးကိစ္စများပြေလည်သွားမည်။ ကွဲကွာနေသူများ ပြန်ဆုံမည်။ စီးပွါးတက်မည်။ ငယ်သူတော်လှန်ခြင်းတော့ မမျှော်လင့်ဘဲကြုံရတတ်သည်။ ဂရုစိုက်ပါ။
အချစ်ရေးအတွက်တော့ အလုပ်ကိစ္စများကြောင့် ချစ်သူ၏ငြိုငြင်မှုခံရတတ်သည်။ ချစ်သူ၏ အထူးလက်ဆောင်ရမည်။
ကျန်းမာရေးအတွက် ဒူး၊ နှာလုံး၊ နားနှင့်ပက်သက်သောအညံ့ပေါ်တက်သည်။ မွေးနေ့တွင် နွားနို့သောက်ပါ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် နို့ထမင်း (၅) ပွဲ၊ နွားနို့ (၅) ခွက်ပူဇော်ပြီး ဆုတောင်းပါ။ လူမှုရေးကိစ္စအဆင်ပြေစေရန် နဂါးရုံဘုရားကို ထီးအနီ (၁၀) ပွင့်ပူဇော်ပါလေ။
တနင်္လာသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း ခရီးကိစ္စများအောင်မြင်မည်။ အဝေးရောက်နေသူများ၏ အဆက်အသွယ်ကောင်းရမည်။ ခရီးဝေး သွားရလျှင် အသီးစားပြီးသွားပါ။ လူမှုရေး ကြားစကားကြောင့်အထင်လွှဲခံရမည်။ မျက်နှာထိခိုက်သတင်းကြားလျှင် မနက်စောစော ဘုရား မျက်နှာရေသစ်တော်ရေပူဇော်ပါ။ အလှူ၊ ဘာသာရေးကိစ္စအောင်မြင်မည်။ ဘာသာရေးပုံတော်များရောက်လာလျှင် အပူး ဂဏန်း ပါသောထီထိုးပါ။ ငွေအထူးဝင်ကိန်းရှိသည်။ သူတစ်ပါးငွေကိစ္စ၊ အချစ်ရေး၊ လူမူရေးကူညီရမည်။ မိမိကိစ္စထက် သူတစ်ပါးကိစ္စများဖြင့် ပင်ပန်းတတ်သည်။ အဖိုးတန်ပစ္စည်းဝင်မည်။ အလုပ်တိုးချဲ့ခြင်းအောင် မြင်မည်။ မိတ်ဆွေသစ်၊ အကြီးအကဲသစ် အကျိုးပြုမည်။ ယာဉ်၊ စက်ပစ္စည်းအပြောင်းအလဲဝင်မည်။ မိသားစုအတွက် စီးပွား တက်သောကာလဖြစ်သည်။ မိသားစု မြေကိစ္စ၊ အဆောက်အဦးကိစ္စ အောင်မြင်မည်။
အချစ်ရေးအတွက်တော့ ကြည်နူးစရာ၊ စိတ်ချမ်းသာစရာများကြုံမည်။ ချစ်သူခရီးဝေးပေါ်တတ်သည်။
ကျန်းမာရေးအတွက် ဖျားနာခြင်းကြုံရတတ်သည်။ လူနာသတင်းမေးပြီးတိုင်း ဆွမ်းခံဘုန်းကြီး ဆေးလှူပါ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် ငှက်ပျောသီးမှည့် (၅) လုံး၊ သံပုရည်ရေ (၁) ခွက် ပူဇော်ပြီး ဆုတောင်းပါ။ လူမှုရေးကိစ္စအဆင်ပြေစေရန် ဘုန်းကြီးကျောင်းရှိ အုန်းပင်ကို ရေလောင်းပြီး ဆုတောင်းပါ။
အင်္ဂါသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း စိတ်ချမ်းသာစရာများကြုံမည်။ ရည်ရွယ်ထားသောကိစ္စများ အခွင့်အရေးကောင်းပေါ်မည်။ ဆရာသမား ကြီးကဲသူများ ကူညီမည်။ လျှောက်လွှာ၊ စာချုပ်ကိစ္စ ဦးဆောင်ရမည်။ လျှပ်စစ်ပစ္စည်းအထူးဝင်မည်။ စကားလွန်ခြင်း၊ ငွေလက်လွန် ခြင်းဂရုစိုက်ပါ။ ငယ်သူ၏ အလုပ်ကိစ္စအတွက်ကူညီရမည်။ ယာဉ်၊ စက်ပစ္စည်းအတွက် ပျက်တတ်၊ထွက်တတ်သည်။ အပြောင်း အလဲဖြစ်မည်။ ပန်းကန်၊ ဖန်ခွက်၊ မှန်ကွဲလျှင် အိပ်ယာ တစ်ညရွှေ့အိပ်ပါ။ ရေပိုက်၊ ရေကန်ကိစ္စ ဆောင်ရွက်ရမည်။ မိမိရည်ရွယ်ချက် အတွက် ရေနားနီးသူ ကူညီပါလိမ့်မည်။ မိသားစုအတွက် စည်းလုံးညီညွတ်ခြင်းဖြင့်အောင်မြင်မည်။ အထင်အမြင် လွဲမှားခဲ့ခြင်း အမြင်မှန်ရကြပါလိမ့်မည်။ အဝေးရောက် နေသူများပြန်လာလိမ့်မည်။
အချစ်ရေးအတွက်တော့ တစ်နယ်တစ်ရပ်ကွဲကွာနေသူများပြန်ဆုံမည်။ ချစ်သူ၏ သတင်းကောင်းကြားရမည်။
ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိသော်လည်း ၀မ်းဗိုက်၊ အူ၊ အညံ့ဖြစ်တတ် သည်။ ပဲပြုတ်၊ ဘဲဥ ရှောင်ပါ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် မုန့်အ၀ိုင်း (၁၀) ခု၊ သောက် တော်ရေ (၃) ခွက် ပူဇော်၍ လိုရာဆုတောင်းပါလေ။
လူမှုရေးကိစ္စအဆင်ပြေစေရန် ကလေးများကို ကိတ်မုန့်ဝေလိုက်ပါလေ။
ဗုဒ္ဓဟူးသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း ခရီးထူးများသွားရမည်။ လျှပ်စစ်ပစ္စည်းဝင်မည်။ အလုပ် သစ်၊ နေရာသစ်ကိစ္စ အောင်မြင်မည်။ သူတစ်ပါး ကျန်းမာရေး ကူညီရမည်။ ငွေလက် လွန်ခြင်း ဂရုစိုက်ပါ။ လူရင်း သူငယ်ချင်းနှင့် ငွေအတွက် စကားပြောရမည်။ မိသားစု စိတ်ချမ်းသာ စရာများကြုံမည်။ အဝေး၊ နယ်စပ်၊ နိုင်ငံခြား အထူးဆက်သွယ်မည်။ အလုပ်တာဝန် နှစ်မျိုးဖြစ်မည်။ စပ်တူ၊ ဆိုင်၊ စားသောက်ကုန် အကျိုးပေးမည်။ အကြီးအကဲအမျိုးသမီး ထူးခြားကူညီမည်။ ဘာသာရေးခရီးထူး အောင်မြင်မည်။ ထီကံရှိသည်။ (၁၊ ၆၊ ၉) အကျိုး ပေးသည်။ ဆုံးရှုံးထားသော အလုပ်အခွင့်အရေးများ ပြန်ရမည်။ နာရီရပ်လျှင် ပြင်ပါ။ ငယ်သူအတွက် သတင်းကောင်းကြားရမည်။ စာချုပ်၊ လျှောက်လွှာကိစ္စအောင်မြင်မည်။ သင်တန်းအထူးတက်ရမည်။ ကား၊ ယာဉ်၊ စက်ပစ္စည်းဝင်မည်။
အချစ်ရေးအတွက်တော့ စိတ်ချမ်းသာစရာများကြုံမည်။ မနာလိုသူစကားကြောင့် အချစ်ရေးရှုပ်ထွေးတတ်သည်။
ကျန်းမာရေးအတွက် ရေချိုးမှားခြင်း၊ လက်ထိခိုက်မိခြင်း၊ လေထိုးလေအောင့် ကြုံတတ်သည်။ စိုးရိမ်စရာမရှိ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် မုန့်ဟင်းခါး (၃) ပွဲ၊ လက်ဖက်ရည် (၃) ခွက် ပူဇော်၍ လိုရာဆုတောင်းပါလေ။
လူမှုရေးကိစ္စအဆင်ပြေစေရန် ငှက်ပျောသီးမှည့် (၁) ဖီး ဆွမ်းခံဘုန်းကြီး လှူလိုက်ပါလေ။
ကြာသပတေးသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း ကံစ၍ တက်သောအချိန်ဖြစ်သည်။ မသင့်မြတ်သူများနှင့် ပြေလည်သင့်မြတ်မည်။ ပြောစကားများအထူး အောင်မြင်မည်။ အလုပ်တိုးချဲ့ခြင်း၊ အလုပ်သစ်စခြင်း၊ ရည်ရွယ်ချက်အောင်မြင်မည်။ မထင်မှတ်သောအပြိုင် အဆိုင်များ ပေါ်မည်။ အနီးအနားတွင် ဆိုင်းဘုတ်သစ်တင်လျှင် ဆေးသုတ်လျှင် အဆောက်အဦး အသစ်ဆောင်ရွက်ပါက ကြီးကဲသူကို ဆပ်ပြာအမွှေး တစ်ခဲ လက်ဆောင်ပေးပါ။ အလုပ်ကိစ္စအတွက် စိတ်ပင်ပန်းမည်။ ငွေမြုပ်နေတတ်သည်။ သူတစ်ပါးအချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စကြားညှပ် ကူညီရမည်။ မိမိကိစ္စထက် သူတစ်ပါးကိစ္စများ ရှုပ်နေတတ်သည်။ အခက်အခဲအားလုံးတော့ ပြေလည်သွားပါလိမ့်မည်။ အဖိုးတန် ပစ္စည်းဝယ်ခြင်း အင်္ဂါနေ့ရှောင်ပါလေ။ မိသားစုကိစ္စအတွက် သဘောထားကွဲလွှဲနေမှုများ ပြေလည်သွားမည်။
အချစ်ရေးကိစ္စအတွက်တော့ ချစ်သူ၏ သ၀န်တိုခြင်း၊ အထင်လွဲခြင်းဖြေရှင်း ရမည်။ ပြေလည်သွားမည်။
ကျန်းမာရေးအတွက် အဆိုးအညံ့မရှိပါ။ စိတ်ပင်ပန်းမှုကြောင့် ဦးခေါင်းနှင့် ပက်သက်သော ဝေဒနာကြုံတတ်သည်။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် ဆီထမင်းတစ်ပွဲ၊ လက်ဖက်ရည် တစ်ခွက် ပူဇော်ပြီး လိုရာဆုတောင်းပါ။
လူမှုရေးကိစ္စများအဆင်ပြေရန် နံနက်စောစော ညောင်ပင်ရေလောင်း၍ ဆုတောင်းပါ။
သောကြာ သားသမီးများအတွက်
ယခုတစ်ပတ်အတွင်း ဆုံးရှုံးထားခြင်းများပြန်ရမည်။ စာချုပ်၊ လျှောက်လွှာ၊ သင်တန်းဖြေဆိုမှုအောင်မြင်မည်။ ပစ္စည်းထွက်ကျခြင်း၊ ပျောက်ခြင်း ဂရုစိုက်ပါ။ အဖိုးတန်လျှပ်စစ်ပစ္စည်းဝင်မည်။ တိုက်ကပ်နာရီရပ်လျှင်ပြင်ပါ။ လူကြီးများနှင့် စကားအဆင်မပြေ ဖြစ်တတ်သည်။ လူရင်းဆွေမျိုး နယ်စပ်၊ နိုင်ငံခြား ခရီးထူးပေါ်မည်။ ယာဉ်၊ စက်ပစ္စည်းကိစ္စ၊ ကားကိစ္စ အောင်မြင်မည်။ သော့၊ သွား၊ သွေး အညံ့ရှိသည်။ သွားကျိုး၊ သွားနုတ် သတင်းကြားပါက သွားတိုက်ဆေး၊ သွားပွတ်တံ တစ်စုံ ဆွမ်းခံဘုန်းကြီး လှူပါလေ။ ငွေကိစ္စများပြေလည်သွားမည်။ နှောင့်နှေးကြန့်ကြာ နေသော ငွေများဝင်လာမည်။ ငယ်သူ၊ သင်တန်း၊ ပညာရေးအတွက် ငွေကုန် တတ်သည်။ မိသားစု အတွက်တော့ အလုပ်သစ်တိုးချဲ့ခြင်း၊ စပ်တူဆိုင်၊ စားသောက်ကုန်နှင့်ပက်သက်သော အောင်မြင်မှုများရမည်။
အချစ်ရေးကိစ္စအတွက်တော့ စိတ်ချမ်းသာစရာများသာ မျှော်လင့်ပါလေ။ မြှားနတ်မောင်၏ မျက်နှာသာပေးခြင်းကြုံရ ပါလိမ့်မည်။ ကျန်းမာရေးအတွက် ခြေထောက်၊ ခါး၊ အကြော အညံ့ရှိတတ်သည်။ ချော်လဲခြင်းဂရုစိုက်ပါ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် ခေါက်ဆွဲကြော်တစ်ပွဲ၊ လက်ဖက် ရည် တစ်ခွက် ပူဇော်ပြီး လိုရာဆုတောင်းပါ။
လူမှုရေးကိစ္စများအဆင်ပြေရန် ဘုရားခိုများကို အစာဒါနလုပ်ပါလေ။
စနေသားသမီးများအတွက်
ယခုတစ်ပတ်အတွင်း ကံအခွင့်အရေးထူးများ ကြုံရပါလိမ့်မည်။ လူဟောင်း၊ ကွဲကွာနေသူများ၊ မိတ်ဆွေဟောင်းများ ပြန်ဆုံရမည်။ ခရီးထူး နှစ်ကြိမ်၊ နှစ်ဆင့်ပေါ်မည်။ လျှပ်စစ်ပစ္စည်း အပြောင်းအလဲ အသစ်ဖြစ်မည်။ အမျိုးသမီးအကြီး အကဲနှင့် စကား အဆင်မပြေဖြစ်တတ်သည်။ ဆွေမျိုးအမျိုးသမီး ကျန်းမာရေးကိစ္စ ကူညီရမည်။ ငွေလက်လွန်ခြင်း၊ အလုပ်တွင်မြုပ်ခြင်း ဂရုစိုက်ပါ။ ငွေအတွက် စကားပြောလျှင် သကြားအနည်းငယ်စားပြီးပြောပါ။ ငယ်သူကိစ္စ ကူညီရမည်။ စာရွက်စာတမ်းအထားမှားတတ်သည်။ မိမိမွေးနေ့တွင် ဆေးရုံသတင်းမေးခြင်းရှောင်ပါ။ မိသားစုအတွက်တော့ စိတ်ချမ်းသာစရာများကြုံမည်။ အဝေးမှ ပစ္စည်းလက် ဆောင်၊ သတင်းကောင်း အဆက်အသွယ်ရမည်။ အလုပ်တိုးချဲ့ခြင်း၊ တာဝန်ဝင်ငွေတိုးခြင်း၊ အထူးကြုံရမည်။
အချစ်ရေးကိစ္စအတွက်တော့ ကြားစကားရှုပ်ထွေးခြင်းကြောင့် ပြေလည်အောင် ဖြေရှင်းရတတ်သည်။ အထင်အမြင်လွဲမှား ခံရခြင်းဂရုစိုက်ပါ။ အချစ်ရေးအတွက် မိတ်ဆွေဟောင်း ကြီးကဲသောအမျိုးသမီး ကူညီပါလိမ့်မည်။
ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိသော်လည်း အစားမှားခြင်း၊ ရေချိုးမှားခြင်း အထူးဂရုစိုက်ပါ။
ယတြာ။ မွေးနေ့မနက်စောစော အိမ်ဘုရားတွင် ငှက်ပျောသီးမှည့် (၁၀) လုံး၊ သောက်တော်ရေ (၁) ခွက် ပူဇော်ပြီး လိုရာဆုတောင်းပါ။
လူမှုရေးကိစ္စများအဆင်ပြေရန် ဆွမ်းခံဘုန်းကြီးကို မျက်နှာသုတ်ပါဝါ (၁) ခုလှူလိုက်ပါ။
ဆရာခန့်ကျော်စွာ
၀၉-၄၂၃၆၆၀၁၄၄
ပြည်သတင်း
www.facebook.čom/pyaynews
0 comments:
Post a Comment