Wednesday, September 30, 2015

အဆောက်အဦးတစ်​ခုမှ နေကာပြတ်ကျပြီး၊ လူ(၃)ယောက် ဒဏ်ရာရ၊ ဆိုင်ကယ်(၃)စီး ပျက်စီး

Leave a Comment










အဆောက်အဦးတစ်ခုမှ နေကာပြတ်ကျပြီး၊
လူ(၃)ဦး ဒဏ်ရာရ၊ ဆိုင်ကယ်(၃)စီး ပျက်စီး

သတင်းတို

စက်တင်ဘာ (၃၀) ရက်နေ့၊ နေ့လည်(၃)နာရီကျော်ခန့်က၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းဒေါင့်တွင်ရှိသော
Wai Yan ကုန်တိုက်၏ အရှေ့ဖက်မျက်နှာစာတွင်
(ဝေါပလတ်) နှင့် စွဲထားသည့်၊ ထု (၁)ပေခန့်ရှိ နေကာ တံတိုင်းကြီးတခု ပြုတ်ကျသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ နေကာ တံတိုင်းပြုတ်​ကျချိန်​တွင်​ ​နေကာ ပေါ်သို့ တက်ရောက် အလုပ်လုပ်နေသည့် ဝန်ထမ်း(၃)ဦး ထိခိုက်ဒဏ်ရာရကာ အရေးပေါ်ကားခေါ်ယူပြီး၊ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် ဆိုင်ကယ် ၃ စီး ပျက်စီးသွားကြောင်း သိရှိရပါသည်။

တံတိုင်းကြီးပေါ်တက်လုပ်နေတဲ့ အလုပ်သမားတွေက အရင်ကျသွားပြီး၊ အပေါ်က တံတိုင်းကြီးက နောက်က ဆက်တိုက်ကျလာတာကြောင့်၊ တံတိုင်းကြီးအောက်မှာ ပိနေခဲ့ပြီး ပတ်ဝန်းကျင်းမှ လူတွေလာရောက် အမြန်ဆွဲထုပ်လိုက်ရပါတယ်ဟု ပတ်ဝန်းကျင်မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး၊ မြို့မ ရဲစခန်းက တာဝန်ရှိသူတွေကတော့၊ အမှုဖွင့်အရေးယူဖို့ မှတ်တမ်းနှင့် စစ်ချက်တွေ ယူနေဆဲပဲဖြစ်သည်ဟု သိရပါသည်။

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page