Friday, September 18, 2015

ထူးကြီးမူးကြီးဆွေးနွေးခန်း (မရွေးမီကကောက်နှင့်သည် )

Leave a Comment



သရ၀ဏ်(ပြည်)

ထူးကြီးနှင်.မူးကြီးသည် ပြည်ထောင်စုချဉ်ဖတ်ပါတီထောင်ကာရွေးကောက်ပွဲရန်ပြင်ဆင်နေသောကာလဖြစ်သည် ။ သူတို.ပါတီ၏လူထုထောက်ခံမှုမှာ သုညမှတ်အောက်ရောက်ရှိနေသဖြင်. အရေးပေါ်အစည်းအဝေးခေါ်ကာ သူတို.သည်ပါတီအောင်နိုင်ရေးအတွက် ဤသို.ဤနှယ်တွေ.ဆုံဆွေးနွေးကြလေသည် ။

ထူး- ဒို.နိုင်ဖို.လိုသလို ၊ သူတို.ရှုံးဖို.လည်းလိုတယ်ကွ
မူး- သူတို.ဆိုတာဘယ်သူလဲဟ ၊ တောင်ပြိုကမ်းပြိုအဖွဲ.လားဟ
ထူး- ကိုယ်.လူက တယ်လဲပါးပါလား
မူး- ဟုတ်တယ် ပါးလွန်းလို. နေရောင်ထဲမှာတောင်မရပ်ဝံ.ဘူး ၊ သူငယ်ချင်းအချို.ကတောင်. အောက်ခံဘောင်းဘီဝယ်ဝတ်ဦးလို.ပြောတာပဲ
ထူး- မင်းကို ပုဆိုးပါးတာပြောနေတာမဟုတ်ဘူး ၊ ဟိုအဖွဲ.ရှုံးအောင်လုပ်ကြဖို.လိုမယ် ငါ.လူ
မူး- ဒါကတော. မရွေးမီကကောက်နှင်.ပါပြီ ထူးကြီး
ထူး- ငါကြားဖူးတဲ.၀တ္တုကတော. မသွားမီကရောက်နှင်.သည် မဟုတ်ဘူးလား ၊ ဆရာကြီးမင်းသိင်္ခရေးတာလေ
မူး- အဲဒါက၀တ္တုကွ ၊ ခုဟာကရွေးကောက်ပွဲ ၊ ရွေးကောက်ပွဲမကျင်းပခင်ထဲက ကွေ.ကွေ.ကောက်ကောက်လုပ်ထားလို. မရွေးမီကကောက်နှင်.သည်လို. ငါကပြောတာပေါ.
ထူး- ပိုင်ပါ.ကွာ ၊ ဒါနဲ. ဟိုအဖွဲ.ကြီးရဲ. ကိုယ်စားလှယ်လောင်းတွေထဲမှာ အသက် ၃၀ ပြည်.ဖို. တစ်ရက်တိတိလိုနေတဲ.ကောင်လေးတစ်ယောက်ပါနေတယ် ကွ အဲဒါ မင်းတို.ဘယ်လိုလုပ်လိုက်သလဲ
မူး- ငါ တို.အားလုံးကောက်ပြီး ၊ အဲလေ ဥပဒေနဲ.အညီအကြောင်းကြားလို.ပယ်လိုက်ပြီကွ
ထူး- ဟိဟိအားရသကွာ ၊ ပြီးတော. ဟိုကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ သူ.အဖေက သူ.ကိုမွေးတဲ.အချိန်မှာ အ၀ှာမဖြစ်သေးဘူးဆို
မူး- မင်းကလဲရှုပ်နေပါလား ၊ ဘာအ၀ှာလဲ ၊ဟိုဒင်းကိုပြောတာလား
ထူး- ဟုတ်တယ်လေ ဟိုဥစ္စာ ၊ နိုင်ငံသား ၊ သူ.အဖေကနိုင်ငံသားမဖြစ်သေးဘူးဆို
မူး- အေး ဒါလဲ ငါတို.ကောက်ကောက်ကွေ.ကွေ. အဲလေ ဥပဒေအရ ပယ်လိုက်ပြီ
ထူး- တယ်လဲလက်သံပြောင်ပါလားကွာ ၊ ဒါနဲ.ဘူးသီးတောင်မောင်တောဘက်က မူဆလင်တစ်ယောက် လဲ တသီးပုဂ္ဂလ၀င်ပြိုင်တယ်ကြားတယ်
မူး- သူ.ကိုလဲ ပယ်လိုက်ပြီ ၊ သူ.မိဘတွေ နိုင်ငံသားမဖြစ်မှု နဲ.
ထူး- သူက အရင်ရွေးကောက်ပွဲတုန်းက တို.ပါတီက၀င်ပြိုင်ပြီးအမတ်တောင်ဖြစ်ဖူးတယ်မဟုတ်လား ၊ အဲဒိတုန်းကဥပဒေနဲ.မညီဘူးလို.မပြောကြပါဘူး
မူး- ထူးကြီးရာ မင်းတော်တော်အပါလား ၊ ဟိုတုန်းက ကိစ္စ နိုင်တီးဂွမ်တီးကိုပြန်မဖော်နဲ.လေ ၊ ဟိုတုန်းက တို.တတွေ မဲခိုး ၊ အဲလေ ကိုယ်.ပါတီကဆိုတော. လျှော.လျှောပေါ.ပေါ.စဉ်းစားပေးခဲ.တာလေ ။ အခုဒီလူက ပါတီကိုအာခံပြီဆိုတော. ဥပဒေအထက်တွင် ဘူးသီးတောင်မောင်တောမရှိစေရဘူးကွသိပြီလား ။
ထူး- သိပါပြီ ၊ သိပါပြီ ၊ဒါနဲ. ဒို.ပါတီတီက ၀င်ပြိုင်မယ်.၀န်ကြီးးတစ်ယောက် လဲ သူ.မိဘတွေကနိုင်ငံသားမဖြစ်လို.လဲ တိုင်တဲ.သူတွေကတိုင်ထားကြတယ်နော်
မူး- ဘာဘာဘာမှမသိဘူး ၊ ကော်မရှင်ဘာမှမသိလိုက်ဘူး လေ အခုကစိစစ်တဲ.အချိန်ကျော်သွားပါပြီ ၊ အဲဒိလိုပြောလိုက်ရင်အေးတာပဲကွာ
ထူး- ဒါနဲ. ဟိုအမျိုးသမီးကြီးကို တရားမ၀င်မဲဆွယ်မှုနဲ.ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ထားတယ်ဆို
မူး- ဟုတ်တယ်ကွ ၊ ABD ကိုမဲပေးပါဆိုလား ဘာလား အင်္ဂလိပ်စာလုံးတွေ ငါလဲမဖတ်တတ်ဘူး ၊ အဲဒိပါတီကိုမဲပေးပါဆိုပြီး အဲဒိပါတီခေါင်းဆောင်အမျိုးသမီးကြီးပုံနဲ. လိုက်ပြီးမဲဆွယ်နေတာကြောင်.တို.က ကောက်ကျစ် အဲလေ ကောင်းအောင်ဥပဒေအရတိုင်တာပေါ.ကွ ။
ထူး- ဒို.အဘတွေလဲ အချိန်မတန်ခင်မဲဆွယ်သေးတာပဲမဟုတ်လား ၊ ဟိုဟာလေ အလှူမှာ ထီးတွေ ၊ ယပ်တောင်တွေဝေတာလေ ။ ချဉ်ဖတ်ကြီးကိုမဲပေးကြပါစာတန်းပါတဲ. ထီးတွေဘာတွေတောင် အခမဲ.ဝေလိုက်သေးတယ်လေကွာ
မူး- ဟကောင်ရ အဲဒါက ဒို.အဘတွေက အလှူရေစက်လက်နက်မကွာ
ထူး- လက်နဲ.မကွာ လုပ်ပါကွာ
မူး- အော်အေး လက်ပန်းတောင်းတောင်နဲ.မှားသွားလို. ၊ အဲ လက်နဲ.မကွာ အလှူဒါနပြုတာကွ ၊ နိဗ္ဖာန်တောင်ရောက်ဦးမှာ ၊ ဒါကမဲဆွယ်တာမဟုတ်ဘူး ဒါနပါရမီဖြည်.ဆည်းတာ ဥပဒေနဲ.ညီတယ် ၊ တိုင်ချင်ရာတိုင် တို.က ဂရုမစိုက်ဘူး
ထူး- တို.ပါတီက ဘုန်းကြီးတရားပွဲမရှောင် သူများပါတီမကောင်းကြောင်းအပုတ်ချစာတွေဝေတယ်ဆိုတာရော ဥပဒေနဲ.ညီရဲ.လားဟ
မူ- ဘယ်သူညီညီမညီညီ အဘညီရင်ညီလိုက်ကွာ
ထူး- ဒါပေါ.ဒါပေါ. ၊ ငါတို.အဖွဲ.ဆို ဥပဒေနဲ. မငြိ ၊ သူတို.အဖွဲ.သာငြိဆိုသလိုလုပ်ရပေမပေါ. ။ဒါနဲ. ဟိုပါတီက ကိုယ်စားလှယ်တစ်ယောက်ကို ဘဇာကြောင်.ပါယ်လိုက်ပြန်သလဲဟ
မူး- မတရားအသင်းနဲ.ဆက်သွယ်တယ်လို. S.B ကတင်ပြလို. သူတို.ဘာသာ လူစားလဲလိုက်တာကွ
ထူး- မတရားအသင်းဆိုတာဘာအသင်းတွေလဲဟ
မူး- မင်းကလဲ ၊ KNU တို. ၊ KIA တို. ၊ ABSDF တို. ဘာတို. လက်နက်ကိုင်အဖွဲ.တွေလေကွာ
ထူး- အော် အဲဒိအသင်းခေါင်းဆောင်တွေနဲ. မနေ.ကတောင် သမ္မကြီးဦးသိန်းစိန်တို. ၊ ဦးအောင်မင်းတို.၊ဦးစိုးသိန်းတို.လက်ဆွဲနှုတ်ဆက်ပြီး အတူထိုင်နေကြတာတောင်တွေ.ခဲ.သေးတယ် ၊ ဒါဆိုမဟုတ်မှလွဲရော သမ္မတကြီးရော ဦးအောင်မင်းတို.အဖွဲ.ရော မတရားအသင်းနဲ.ဆက်သွယ်လို. အရေးယူခံရ
မူး- ဟိတ်ကောင် ၊တိတ်စမ်း ဘာမသိညာမသိနဲ.လျှောက်ပြောမနေနဲ. ၊ အဲဒါက ငြိမ်းချမ်းရေးဆွေးနွေးတာကွ ။ ရိုးရိုးလူ ဆက်သွယ်မှ ဥပဒေနဲ.ညိတာ ဦးလှမောင်ရွှေတို. ၊ MPC တို. ၊ သမ္မတကြီးတို. ဆက်သွယ်စကားပြောရင် နိုင်ငံ.ကောင်းကျိုးလုပ်တယ်လို. ယူဆရတယ်
ထူး- အော် မတရားအသင်းက တရားအသင်း ဖြစ်တဲ.အခါဖြစ် ၊ မတရားအသင်းဖြစ်တဲ.အခါဖြစ်ပေါ.နော်
မူး- ဟုတ်တယ် ဟုတ်တယ် ။မတရား နဲ.တရားကတလှည်.စီပဲ ။ လူအပေါ်ကြည်.ပြီး ဆုံးဖြတ်ရတာ ငါ.လခွေး သောက်စကားမရှည်နဲ. အချုပ်ထဲရောက်သွားမယ်
ထူး- သဘောပေါက်ပါပြီ ၊ ဒါနဲ. ဟိုအဖွဲ.က အမတ်လောင်းတွေက သူတို.ပိုင်ဆိုင်မှုတွေကြေငြာပြီးမှ ရွေးကောက်ပွဲဝင်ကြမယ်တဲ. ၊ ဒါကျုပ်တို.ကိုသက်သက် အပုတ်ချတိုက်ခိုက်တာပဲ ၊ ကျုပ်တို.က ဘာတွေကြေငြာရင်ကောင်းမလဲ
မူး- မပူပါနဲ.ကွာ ၊ တို.တွေလဲကြေငြာမှာပါ တို.အမတ်လောင်းတွေဟာ ဘယ်လောက်ချမ်းသာတယ်ဆိုတာ မြေဂရံတွေ ၊ ဘဏ်စာအုပ်တွေ ၊ ချက်လက်မှတ်တွေ ၊ စိန်တွေ ရွှေတွေ ၊ ကန်ထရိုက်စာချုပ်တွေ ၊ဒေါ်လာတွေ ၊ KTV ဘောက်ချာတွေ ၊ မာဆတ်ဖြတ်ပိုင်းတွေ .. မျက်နှာဖုံးတွေ
ထူး- မျက်နှာဖုံးက သူခိုးတွေမှတပ်တာမဟုတ်ဘူးလား
မူး- ယောင်သွားလို.ပါကွ ၊ ခေါင်းပေါင်းတွေကိုပြောတာပါ ။ ဒါမှ လူကြီးလူကောင်းမှန်းလူတွေသိမှာပေါ.။ ဒီမှာဟေ.ကောင်၊ချမ်းသာမှပြည်သူကိုကယ်တင်နိုင်မယ်ကွ ၊ ဆင်းရဲသားတွေအမတ်ဖြစ်ရင် နှုတ်ခမ်းပဲ.ခြင်းမီးမှုတ်သလိုဖြစ်ပြီး ပြည်သူလူထုကိုဘယ်ကယ်နိုင်မှာလဲ
ထူး- ငါတို.က ကယ်မှာမှမဟုတ်ပဲ ၊ ခိုးမှာမဟုတ်ဘူးလား
မူး- တယ် ၊ သောက်သုံးမကျတဲ.ကောင်ပဲ ။ လောလောဆယ်တော.ကယ်မယ်ပဲပြောထားပြီးမဲဆွယ်ရတာပေါ. ။ ခိုးတာကတော. ငါတို.အားလုံးတတ်ကျွမ်းပြီးသားမို. နောက်ငါးနှစ်အတွင်း ဆက်လက်ဆောင်ရွက်ကြတာပေါ.ကွာ ။
ထူး- မဖြစ်မီကခိုးနှင်.သည် (အဲလေ) မရွေးမီကကောက်နှင်.ပြီပေါ.ကွာ ၊ ဟီဟိ ။


Politics ဂျာနယ်
၁၈.၉.၂၀၁၅


0 comments:

Post a Comment

Facebook Like Page