Saturday, August 8, 2015

ပည်မြို့မြစ်ရေတစ်ပေခန့်ကျဆင်းပြီး ပြန်လည်ထူထောင်ရေးအတွက် ပြည်သတင်းထောက်များအလှူခံ၍ လှူဒါန်းသွားမည်

Leave a Comment


ပြည်မြို့မြစ်ရေတစ်ပေခန့်ကျဆင်းပြီး ပြန်လည်ထူထောင်ရေးအတွက် ပြည်သတင်းထောက်များအလှူခံ၍ လှူဒါန်းသွားမည်

ပြည် သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် သြဂုတ်-၆-ရက်နေ့လည်မှစတင်ကာ သြဂုတ်-၇ ရက်နေ့အထိ မြစ်ရေ တစ်ပေခန့်ကျဆင်းသွားကြောင်းသိရသည်။ဇူလိုင်လ ၂၈-ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းသောမိုးနှင့် ဧရာဝတီမြစ်ရေတိုးလာမှုကြောင်း ပြည်ခရိုင်းအတွင်း ပြည်၊ရွှေတောင်၊ပေါင်းတည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ဥသျှစ်ပင် အစရှိသည့် မြို့ကြီးများမှာ ရေကြီးရေလျှံ ရေနစ်မြုပ်မှုများဖြစ်ပေါ်လာခဲ့ကြောင်းသိရသည်။ အဆိုပါမြို့နယ်များတွင် ပန်းတောင်းမြို့နှင့်ရွှေတောင်မြို့များတွင် ရေကြီးရေလျှံရေနစ်မြုပ်မှုအများဆုံးကြုံတွေ့ခဲ့ရသည်။

“ မြစ်ရေက နည်းနည်းကျသွားတယ်။လာလှူတဲ့သူတွေမပျက်သေးတဲ့အတွက် ဒုက္ခရောက်တာ သက်သာခဲ့တယ်။ကျန်းမာရေးကတော့ပုံမှန်ဖျားနာလောက်ပဲရှိပါတယ်။တချို့ရောတွေအလှူရှင်တွေလည်းမရောက်သလို အာဏာပိုင်အစိုးရလည်းမရောက်ဖြစ်ကြဘူး။အခုက ရေဘေးအတွက် နေရေးစားရေးအခက်ခဲကို ကယ်ဆယ်ရေးစခန်းတွေကဖြေရှင်းပေးနေပေမယ့် ပြန်လည်ထူထောင်ရေးကာလတွေမှာတေတာ့အခက်ခဲတွေရှိနေနိုင်တယ်။ ” ဟု ရေဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

ပြည်မြို့ရေဘေးသင့်ပြည်သူများအတွက် ပြည်မြို့နယ်မှ News Watih ဂျာနယ်၊DVB ရုပ်သံသတင်းဌာန၊ဧရာဝတီသတင်းဌာန၊Daily Eleven၊မြစ်မခ၊လူထုပုံရိပ်၊ဒီမိုကရေစီတူဒေး နေ့စဉ်သတင်းစာ၊မြန်မာ့ခေတ်ဂျာနယ်၊The Lady ဂျာနယ်၊သမဂ္ဂ ဂျာနယ် နှင့် ပြည်သတင်းအွန်လိုင်းမီဒီယာတို့ပှုးပေါင်းကာ ပြည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလအတွက် ကြိုတင်ပြင်ဆင်၍ သြဂုတ်-၁ရက်နေ့မှစတင် အလှူခံလျှက်ရှိကြောင်းသိရသည်။

“ သတင်းတွေ လိုက်ယူ ရေးသားပေးရုံနဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် တာဝန်ကြေပြီလို့ယူစလို့မရဘူး။အားလုံးက ရေဘေးသင့်ပြည်သူတွေ စာရေးနေထိုင်ရေးအတွက် လှူဒါန်းနေကြတယ်။ခုနှစ် ရေဘေးသင့်ဒုက္ခသည်တွေအရမ်းများသလို လှူဒါန်းမှုတွေကလည်းအံ့သြလောက်အောင် ပြည်တွင်း ပြည်ပလာလှူနေကြတယ်။ပိုအရေးကြီးတာက ရေတွေပြန်ကျသွားခဲ့ရင် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်တွေအရမ်းလိုအပ်တယ်။ဒါ့ကြောင့်အခုလို သတင်းထောက်တွေ စုပေါင်းပြီး လှူဒါန်းတယ်။အလှူခံတယ်အဲဒိအလှူငွေတွေကို ပြည်လည်ထူထောင်ရေးကာလမှာ ပြည်မြို့ရေဘေးသင့်ပြည်သူတွေအတွက်သုံးစွဲသွားမယ်။ လက်ရှိပြည်မြို့ ကဌာနဆိုင်ရာရော၊ရဟန်းရှင်လူသပြည်သူလူထုနဲ့ လူမှုရေးအသင်းအဖွဲ့၊နိုင်ငံရေးပါတီတွေ၊ကျန်းမာရေးဌာနတွေကလာလှူဒါန်းကူညီမှုတွေမြင်တွေ့နေရပါတယ်။ ” ဟု သမဂ္ဂဂျာနယ် သတင်းထောက် မောင်ပန်ကာ(ပြည်) မှပြောသည်။
ပြည်မြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနှင့် ကျေးရွာတချို့တွေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ရွာသွန်းမိုးများကြောင့် ပြည်မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်စသည့်မြို့တွေမှာ သြဂုတ် ၄-ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအရ သေဆုံးမှု(၁)ဦး၊ရေဘေးသင့်အိမ်ထောင်စု(၂၂၀၀၄)၊ရေဘေးသင့်လူဦးရည်(၃၉၃၉၁)ဦး၊ရေမြုပ်ရေ၀င်အိမ်ပေါင်း(၁၇၀၁၉)၊ရေနစ်မြုပ်ရေ၀င်စာသင်ကျောင်းပေါင်း(၁၁၃)ကျောင်း၊ရေမြုပ်ရေ၀င်ဌာနဆိုင်ရာနှင့်အခြားအဆောက်အဦးပေါင်း(၆၁)ခု၊ရေနစ်မြုပ်ရေ၀င်လယ်ယာဧကပေါင်း(၃၉၀၅၉)ဧက၊ပြိုကျပ်စီးခဲ့သည့်အိမ်ပေါင်း(၁၀)လုံး၊ပြိုကျပျက်စီးခဲ့သည့်တံတား(၁၀)စင်း၊ပြိုကျပျက်စီးလမ်းပေါင်း(၆၈)လမ်း၊ပျက်စီးဆုံးရှုံးခဲ့သည့်လယ်ယာဧကပေါင်း(၁၃၂၇)ဧကရှိခဲ့ကြောင်း ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

ပြည်မြို့ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနမှူး၏ သတင်းပေးပို့ချက်အရ ဧရာဝတီမြစ်ရေပြင်ဟာ သြဂုတ်လ ၆-ရက်နေ့နေ့လည်၁း၃၀ချိန်မှစတင်ကာတအိအိကျဆင်းလျက်ရှိနေကြောင်း၊နောက်ရက်များမှာလည်းဆက်လက်ကျဆင်းဖို့ရှိနေပါတယ်။သြဂုတ်လ ၇-ရက်နေ့ နေ့လည် တိုင်းတာချက်အရ သြဂုတ် ၆-ရက်နေ့မြစ်ရေပြင်အမှတ်အောက်ကို တစ်ပေခန့်ကျဆင်းသွားကြောင်းသိရပြီး လာမည့် အောက်တိုဘာနှင့်စက်တင်ဘာလတွေမှာလည်း မြစ်ရေပုံမှန်တက်နေကျဖြစ်၍ ပြည်န၀င်းတာရိုးအားကြံ့ခိုင်အောင်ဆက်လက်ထိမ်းသိန်းထားရန်လိုအပ်ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..၀၉၂၅၃၃၁၁၀၁၉

0 comments:

Post a Comment

Facebook Like Page