Saturday, August 8, 2015

မြစ်အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၆၀၀-ခန့်ရေနစ်မြုပ်အလှူရှင်များနည်းပါး

Leave a Comment

မြစ်အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၆၀၀-ခန့်ရေနစ်မြုပ်အလှူရှင်များနည်းပါး

ကြံခင်း သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းများဖြစ်သော သာစည်၊အနောက်ကုန်း၊အလယ်ကုန်း၊တဲတန်း၊အလယ်ကျွန်း၊အထက်ကုန်း စသည့် ကျေးရွာကြီး(၆)မှာ အိမ်ခြေပေါင်း (၆၀၀)ကျော်ရေနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါရွာကြီးများအတွင်း ဇူလိုင် ၂၇-ရက်နေ့မှစတင်ကာ ရွာသွန်းမိုးနှင့်ဧရာဝတီမြစ်ရေတိုးလာမှုများကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရွှေတောင်မြို့ ညောင်စာရေးတိုက်နယ်အတွင်း ဧရာဦး၊ရေလမ်းကျွန်း၊လှေကြီးစု၊ဆင်ရွာ၊မင်းလမ်းရက်ကွက်၊ဇီးကျွန်း၊ကျွန်းလယ်၊ပဒေသာ၊ရွှေဟင်္သာ၊သောင်ပြင်ကုန်း၊ကျွမ်းမီး၊သာစည်၊ဘူးခုံ၊တဲတန်း စသည့်ကျေးရွာနှင့်ရပ်ကွက်တစ်ချို့မှာလည်း ရေကြီးရေလျှံရေနစ်မြုပ်မှုများတစ်ဆက်တည်းဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

“လူမှုရေးအသင်းဖွဲ့ပရဟိတအသင်းဖွဲ့တွေလာလှူကြပါတယ်။တခြားအလှူရှင်တွေလာတယ်။အစိုးရဌာနဆိုင်ရာတွေလာလှူတာတော့ခုထိမရှိသေးဘူး။ကျန်းမာရေးကတော့ထူးခြားတာမဖြစ်သေးဘူး။ဖြစ်လာခဲ့ရင်လည်း နီးစပ်ရာမြို့တွေသွားဖို့ မြစ်ရေပြင်ကို ဖြတ်တဲ့ စက်လှေအကြီးတွေမရှိဘူး။လှေငယ်တွေနဲ့ စက်အသေးလေးတပ်ထားတဲ့လှေပဲရှိတယ်။စားသောက်စရာနဲ့ ကျန်းမာရေးအကူညီတွေလိုနေပါတယ်။အဘတို့ရွာအနီးမှာ အကောက်တောင်ရေ၀ဲရှိတော့ လာရောက်လှူတန်းတဲ့အလှူရှင်တွေနည်းနေတယ်။” ဟု ရေလယ်ကျွန်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကျွန်းပေါ်ရှိ ကျေးရွာ(၆)ရွာမှ အိမ်ခြေ(၆၀၀)ခန့်သည် လတ်တလောကျန်းမာရေးအခြေအနေများစိုးရိမ်စရာမရှိသော်လည်း အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပေါ်လာပါက ဧရာဝတီတိုင်းအတွင်းသွားရောက်ဆေးကုသမှုမရှိဘဲ နီးစပ်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ်ဆေးရုံကြီးများသို့သွားရောက်ဆေးကုသလျှက်ရှိကြောင်းသိရသည်။ဆေးကုသမှုခံယူရန်အတွက် ဧရာဝတီမြစ်ရေပြင်အားစက်လှေငယ်လေးများဖြင့် ၄၅-မိနစ်ကျော် ဖြတ်သန်းခဲ့ရပြီး တစ်ဖက်ကမ်းအရောက်တွင် မြို့ပေါ်သို့ ၁၄-မိုင်ခန့်သွားရောက်ဆေးကုသလျှက်ရှိကြောင်းသိရသည်။

“အလှူဒါန်းတွေသိပ်မရောက်တဲ့နေရာတွေရွေးချယ်လှူတာ။မနေ့ကလက်ဘက်ရည်ဆိုင်ထိုင်ရင်းဆန်နဲ့စပါးရောင်းဝယ်ရေးလုပ်ကြတဲ့သူငယ်ချင်းတွေစကားဆပ်မိရာကနေအခုလိုအခက်ခဲဖြစ်တဲ့နေရာတွေကိုလှူဒါန်းဖြစ်တာ။ပစ္စည်းတန်ဖိုးငွေ ၂၂-သိန်းကျော်ကို လှူဒါန်းသူနည်းတဲ့ ရေလယ်ကျွန်းမှာရှိတဲ့ကျေးရွာကြီးခြောက်ရွာမှာဒီနေ့လာလှူတာပါ။သက်ဆိုင်ရာဌာနတွေကတော့ တားစီးပိတ်ပင်တာမရှိပါဘူး။ကျွန်တော်တို့လှူဒါန်းမှုတွေကမပျံ့နှံ့နိုင်ဘူး ကျန်ရှိနေတဲ့ လှူဒါန်းမှုနည်းပါးတဲ့ကျေးရွာတွေကို ဌာနဆိုင်ရာတွေလာရောက်လှူဒါန်းပေးစေချင်ပါတယ်။နောက်ထပ်အခုလိုလှူဒါန်းမှုနည်းတဲ့နေရာတွေကိုပါဆက်လက်လှူဒါန်းသွားမှာပါ။” ဟု ပေါင်းတည်ပရဟိတကုန်သည်ညီနောင်များအဖွဲ့က ကိုသန်းနိုင်ဦး မှပြောသည်။

အဆိုပါရေလယ်ကျွန်းပေါ်ရှိ ကျေးရွာပေါင်းခြောက်ရွာတွင် မြစ်ရေများအဆမတန်တိုးလာမှုသည် မထမဦးဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများထံမှ ယနေ့ထိအကူညီများမရရှိသေးကြောင်းသိရသည်။ ထိုကျွန်းပေါ်ရှိရွာများအတွင်းမြစ်ရေများစတင်ဝင်ရောက်လာစဉ်က နေအိမ်(၁၀)လုံး ရေထဲမျှောပါခဲ့ကြပြီး ထပ်မံပါရှိတော့မည့် နေအိမ်အလုံး(၂၀)အားဖျက်သိမ်းခဲ့ရကြောင်းသိရသည်။
K3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..၀၉၂၅၃၃၁၁၀၁၉

0 comments:

Post a Comment

Facebook Like Page