Wednesday, August 19, 2015

ကျောင်းအတွင်း၌သမီးဖြစ်သူအားထမင်းကျွေးပြီးအပြန် ဇတ်သော့ခတ်ထားတဲ့ဆိုင်ကယ်အားမတွေ့သဖြင့်ရဲတိုင်ထား ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



ကျောင်းအတွင်း၌သမီးဖြစ်သူအားထမင်းကျွေးပြီးအပြန်
ဇတ်သော့ခတ်ထားတဲ့ဆိုင်ကယ်အားမတွေ့သဖြင့်ရဲတိုင်ထား

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ကျောင်းအတွင်း၌
သမီးဖြစ်သူအားထမင်းကျွေးပြီးပြန်ထွက်လာတော့ ကျောင်းရှေ့
လမ်းတွင်ဇတ်သော့ခတ်ထားတဲ့ဆိုင်ကယ် မတွေ့တော့သဖြင့်
ရဲစခန်းတိုင်ကြားအမှုဖွင့်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ(၁၂)ရက်နေ့ နေ့လည်(၁၁း၃၀)အချိန်ခန့်
ပြည်မြို့ ရွှေကူရပ်ကွက် ပန်းဘဲတန်း(အ.မ.က)ကျောင်းတွင်
ကျောင်းတက်နေသော သမီးဖြစ်သူအား ထမင်းကျွေးရန်
မဌေးဌေးနိုင်(၃၆)နှစ် (ဘ)ဦးလှမြင့် အုန်းတောလမ်းတို၊
တရုတ်စုရပ် ၊ပြည်မြို့နေသူမှ ၂၉ယ/၄၂၄၅၂ Honda
Wave (အနက်ရောင်)၊လိုင်စင် ရှိဆိုင်ကယ်အားကျောင်း
ရှေ့လမ်းတွင်း၌ ဇတ်သော့ခတ်လျှက်ထားရှိပြီး ကျောင်း
အတွင်းသို့သမီးဖြစ်သူအား ထမင်းကျွေးအပြီး န်ြထွက်လာ
စဉ် ဆိုင်ကယ်ထားရှိသောနေရာတွင် မရှိတော့ဘဲပျောက်
ဆုံးနေသည်ဟုရဲမှတ်တမ်းအရသိရသည်။

ထိုသို့ ဆိုင်ကယ်ပျောက်ဆုံးသွားသဖြင့် မိမိဆိုင်ကယ်အား
လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသဖြင့် ဆိုင်ကယ်
ခိုးသူအားစုံစမ်းပေးပါရန် မဌေးဌေးနိုင်မှသြဂုတ်(၁၈)ရက်နေ့
တွင် ပြည်အမှတ်(၁)ရဲစခန်းသို့တရားလိုပြုလုပ်တိုင်တန်းခဲ့
သဖြင့် ပြည်အမှတ်(၁)နယ်မြေရဲစခန်း(ပ)၂၂၀/၂၀၁၅၊ပြစ်မှု
ပုဒ်မ ၃၇၉(ဆက)ဖြင့် အမှုရေးဖွင့်ကာ အမှုအား ဒုရဲအုပ်မျိုးသိန်း
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

မှတ်ချက်။      ။အဆိုပါသတင်းအားဖတ်ပြီး ကျောင်းသား/
ကျောင်းသူများ၏ မိဘများ မိမိဆိုင်ကယ်၊စက်ဘီးများကို
ဂရုစိုက်ကြပါရန်……….ရည်ပြီးဖော်ပြပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page