Monday, July 20, 2015

အစာငတ်ခံဆန္ဒထုတ်ဖော်သူ ဒုတိယအကြိမ်ဆေးကုသမှုခံယူ၍ ဥပဒေကြောင်းအရဆက်လက်တရားစွဲဆိုတော့မည်ဟုဆို

Leave a Comment
အစာငတ်ခံဆန္ဒထုတ်ဖော်သူ ဒုတိယအကြိမ်ဆေးကုသမှုခံယူ၍ ဥပဒေကြောင်းအရဆက်လက်တရားစွဲဆိုတော့မည်ဟုဆို




ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့တွင်အစာငတ်ခံဆန္ဒထုတ်ဖော်နေသည့် ပြည်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားကိုသန့်ဇင်ထက်မူးလဲ၍
ဒုတိယအကြိမ်ဆေးရုံပြန်တင်ထားရပြီး ဆန္ဒထုတ်ဖော်မှုရပ်ဆိုင်းကာ
ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၆-ရက်နေ့ကပြောဆိုလိုက်သည်။


အဆိုပါကိုသန့်ဇင်ထက်မှာ ဇူလိုင်လ ၁၂ ရက်နေ့နေ့လည် ၂ နာရီက ပြည်ခရိုင်၊
သဲကုန်းမြို့နယ်ရဲအချုပ်တွင် စတင်အစာငတ်ခံဆန္ဒဖော်ထုတ် ခဲ့ပြီး ဇူလိုင်လ
၁၄ ရက်နေ့နံနက် ၁၀ နာရီက မူးလဲသွားသောကြောင့် ညနေ ၄ နာရီတွင်
မြို့နယ်ဆေးရုံကြီးသို့ ဒုတိယအကြိမ်ဆေးကုသမှုခံယူရန် တင်ထားခဲ့ရကြောင်း
ထိုည ၁၀ နာရီမှာပင် ထပ်မံမူးလဲကာ မိနစ်အနည်းငယ်ကြာ သတိလစ်နေခဲ့ကြောင်းသိရသည်။


“ လက်ရှိမှာတော့မြို့နယ်ရဲတပ်ဖွဲမှုးရဲ့ကိုယ်စားစခန်းမှူးကပဲတောင်းပန်ပါတယ်လို့ပြောတယ်
နောက်တစ်ခုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၅၀ အရခြေထိပ်လက်ထိပ်ခတ်ခြင်းကိုလည်း ဆေးရုံတက်နေစဉ်မှာ မလုပ်တော့ဘူးလို့သူတို့ကပြောတယ် အခုတိုင်စာပို့တာရယ် အစာငတ်ခံဆန္ဒပြတာတွေကြောင့်လည်း
ရဲတပ်ဖွဲ့မှူးဦးမောင်မောင်ကိုရခိုင်ရဲတပ်ရင်းကိုပို့လိုက်တယ်လို့ပြောတယ် တောင်းပန်တာကလည်းတစ်ကြောင်း
သူမရှိတော့တာလည်းပါတယ် အစာငတ်ခံဆန္ဒပြတာကိုတော့ ရပ်လိုက်တယ်တရားဥပဒေကြောင်းအရ ဦးမောင်မောင်ဦးကို ရိုင်းစိုင်းစွာပြောဆိုဆက်ဆံမှုဥပဒေကျင့်ထုံး ၅၀ ကိုဖောက်ဖျက်မှုတို့နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး
ဆီမှာခွင့်ပြုချက်ယူပြီးတော့ တရားစွဲဆိုသွားမယ်” ဟု ကိုသန့်ဇင်ထက် မှသမဂ္ဂဂျာနယ်သို့ပြောသည်။

ကျောင်းသားကိုသန့်ဇင်ထက်ကို ပထမအကြိမ် သဲကုန်းမြို့နယ်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ်က အဆိုပါကိစ္စများနှင့်ပတ်သတ်ပြီး မြို့နယ်ရဲမှူး ဦးမောင်မောင်ဦးထံသွားရောက်မေးမြန်းခဲ့စဉ်က “ဒီကိစ္စမှာကျွန်တော်မမှားဘူး၊ကိုသန့်ဇင်ထက်ကသာရိုင်းပြဆက်ဆံခဲ့တာ၊အချုပ်ထဲမှာရှိတဲ့သူအားလုံးသေချာပြုစုစောင့်လျှောက်ခဲ့သလို၊ကိုသန့်ဇင်ထက်ကိုလည်းစောင့်လျှောက်ခဲ့တယ်။သူရေသန့်သောက်ချင်တယ်ပြောတော့လည်းသူအပါ အချုပ်သားတွေအကုန်လုံးဝယ်တိုက်တယ်။ကိုယ့်တပည့်တွေကိုတော့ဆူတာဆဲတာရှိတာပေါ့။ကိုသန့်ဇင်ထက်ဆေးရုံးတက်တာညပိုင်းသွားစစ်ဆေးတာ တရားခံပြေးထောင်သုံးနှစ်အကျခံရမှာမလို့သွားစစ်ခဲ့တာ။ကျွန်တော်မမှားဘူး ဒါ့ကြောင့်တောင်းပန်ရင်ကိုသန့်ဇင်ထက်ကသာတောင်းပန်ရမှာ။”ဟု သဲကုန်းမြို့နယ်ရဲမှူးဦးမောင်မောင်ဦးမှ သမဂ္ဂဂျာနယ်သို့ပြောခဲ့သည်။


ကျောင်းသားကိုသန့်ဇင်ထက်မှာ သဲကုန်းမြို့နယ်ရဲအချုပ်တွင်ဖမ်းဆီးခံထားရစဉ်ဝမ်းပျက်ဝမ်းလျောခြင်း၊ ဖျာနာခြင်း၊ နှင့် အစာအိမ်ရောဂါများကြောင့်ပြီးခဲ့သည့်ဇူလိုင်လ ၅ ရက်နေ့ညနေက မြို့နယ်ဆေးရုံကြီးတွင်
တက်ရောက်ဆေးကုသမှုခံနေရဆဲတွင်ခတ်ထားသည့်လက်ထိပ်၊ခြေကျင်းများကိုပိုမိုတင်းကျပ်စွာချုပ်နှောင်ခံထားရခြင်း၊မြို့နယ်ရဲမှူးဦးမောင်မောင်ဦးမှရိုင်းစိုင်းစွာပြောဆိုဆက်ဆံခဲ့ခြင်းများကို ပြန်လည်တောင်းပန် ရန်
ဇူလိုင်လ ၉ ရက်နေ့နေ့လည်က မြို့နယ်ရဲမှူးရုံးသို့အကြောင်းကြားစာပေးပို့ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာ
ပြန်ကြားတောင်းပန်ခြင်းမရှိ၍ ရဲအချုပ်တွင် ၅ ရက်ကြာဆန္ဒပြခဲ့ခြင်းဖြစ်သည်။၎င်းအားစွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)၊နှင့်ပုဒ်မ(၁၈)ရုံးချိန်းကိုဇူလိုင်လ၁၇ရက်နေ့တွင်ချိန်းဆိုထားပြီးတရားခံပြသက်သေကိုစစ်ဆေးသွားမည်ဖြစ်ကြောင်းရုံးချိန်းတက်ရောက်ရန်အတွက် ကျန်းမာရေးအခြေနေအရ သာပြုလုပ်သွားမည်ဖြစ်ကာ
မြို့နယ်ဆရာဝန်ကြီးမှ အစာအိမ်ရောဂါပြန်လည်ဖြစ်ပေါ်နေကြောင်းပြောဆိုထားကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page