Sunday, June 28, 2015

မိုးသုံးရက်ဆက်တိုက်ရွာသွန်းမှုကြောင့် ပြည်မြို့တွင်းရှိနေအိမ်များရေနစ်မြုပ်ပြီးသစ်ပင်များပြိုလဲ

Leave a Comment
မိုးသုံးရက်ဆက်တိုက်ရွာသွန်းမှုကြောင့် ပြည်မြို့တွင်းရှိနေအိမ်များရေနစ်မြုပ်ပြီးသစ်ပင်များပြိုလဲ

ပြည်၊ဇွန်၊၂၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဇွန် ၂၅.ရက်နေ့မှ ဇွန်လ ၂၆ရက်နေ့ညအချိန်ထိ သုံးရက်ဆက်တိုက်ဆိုသလို မိုးရွာသွန်းမှုများကြောင့် ပြည်မြို့တောင်ဘက်အရပ်မှ တောင်ကျရေများစီးဝင်ကာ မြို့တွင်းရှိ ရပ်ကွက်တချို့အတွင်း ရေနစ်မြုပ်မှုများကြုံတွေ့နေရကြောင်းသိရသည်။

နှစ်စဉ်ပြည်မြို့တွင်းရှိ ရွာဘဲနယ်မြေအတွင်း မင်းကန်ပိုင်လယ်ကွင်းကွက်သစ်၊စည်ကြီးဆွဲ(တောင်ပိုင်း)၊အောင်သုခ(တောင်ပိုင်း)နှင့်ဂန္ဓမာစက်မှုကွက်သစ်အတွင်များမှာယခုကဲ့သို့တောင်ကျရေစီးဆင်းတိုင်းနစ်မြုပ်လျှက်ရှိနေပြီး မနှစ်ကယခုလိုရေနစ်မြုပ်မှုများကို ထမင်းထုတ်ဝေခြင်းများလည်းရှိခဲ့ရာ ယခုနှစ်မှာတော့ ကယ်ဆယ်ရေးနှင့်ကူညီမှုများမရရှိသေးကြောင်း သက်ဆိုင်ရာဌာနများသို့ သုံးကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ယနေ့ထိကူညီဆောင်ရွက်ပေးခြင်းများမရှိသေးကြောင်းရပ်ကွက်နေပြည်သူများထံမှသိရသည်။

“သက်ဆိုင်ရာတွေကိုတင်ပြထားပါတယ်။ခုထိဘာမှကူညီပေးတာတေတာ့မရှိသေးဘူး။ရေကတအိအိနဲ့တက်လာတာဒီနေ့ဆိုခါးအထိရောက်တယ်။ကျောင်းမသွားနိုင်တဲ့ကလေးတွေရှိတယ်။အလုပ်လည်းဘယ်သူမှမသွားနိုင်ကြတော့ဘူး။ဝမ်းလျှောနေသူနည်းနည်းရှိနေတယ်။ဈေးသွားဝယ်ရင် ရေထဲကဖြတ်ရလို့ယားရံတာတွေလည်းဖြစ်နေတယ်ဟု မင်းကန်ပိုင်လယ်ကွင်းကွက်သစ်နေထိုင်သူ ဦးသက်နိုင်လွင်မှပြောသည်။

အဆိုပါနှစ်စဉ်ရေးကြီး၍ ရပ်ကွက်တွင်းနေအိမ်များရေနစ်မြုပ်မှုများမှာ ပြည်မြို့ ရွာဘဲနယ်မြေအတွင်းရှိ မင်းကန်ပိုင်လယ်ကွင်းကွက်သစ်ရပ်ကွက်မှာ နေအိမ်(၁၀၀)ခန့်ရှိနေပြီး ယခုနှစ်မျာသွေးလွန်တုတ်ကွေးဖြစ်ပွားမှုမရှိသေးဘဲ ၀မ်းလျှောဝမ်းပျက်လူနာရှိနေကြောင်းသိရသည်။အဆိုပါကိစ္စများနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားဆက်သွယ်မေးမြန်းခဲရာတွင်။

“ရေထွက်ပေါက်တွေပိတ်ဆို့တယ်။မိုးအရမ်းကြီးတဲ့အခါဖြစ်လေ့ဖြစ်ထရှိနေပါတယ်။ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာတွေသိပ်အဆင်မပြေချင်ဘူး။ပြည်သူလူထုကြားမှာလည်းလုပ်ရကိုင်ရတာအခက်အခဲရှိနေတယ်။ခုက ပဲခူးရောက်နေပါတယ်။သုံးဆယ်ရက်နေ့ပြန်လာမယ်။အတတ်နိုင်ဆုံးကူညီဖြေရှင်းသွားပါ့မယ်။” တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမှပြောသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်း နှစ်စဉ်တောင်ကျရေစီးဆင်းတိုင်း ရေမြောင်းပိတ်ဆို့မှုများနှင့်နေအိမ်ရေနစ်မြုပ်ခြင်းများဖြစ်ပေါ်လျှပ်ရှိပြီး ရွာဘဲနယ်မြေနှင့်ပြည်တက္ကသိုလ်ကျောင်းအနီးနှင့်အခြားရပ်ကွက်တချို့များမှာပါရေလွှမ်းမိုးမှုများကြုံတွေ့နေရပြီးသစ်ပင်ပြိုလဲမှုများလည်းရှိနေခဲ့ရာ လွန်ခဲ့သော လေးရက်ခန့် ညပိုင်းမှာလည်း နှစ်ပေါင်းတစ်ရာခန့်ရှိ ဆင်စုနယ်မြေအတွင်း ကုက္ကိုပင်ကြီးအမြစ်မှကျွတ်ထွက်လဲကျမှုများနှင့်ဇွန် ၂၆ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း  ပြည်န၀ဒေးတံတားအောက် ရန်ကုန်/ပြည်ကားလမ်းဘေး မင်းကြီးတောင်တန်း လမ်းဘေးကုန်းမြင့်မှအပင်များလည်းလဲကျလျှက်ရှိကြောာင်းသိရသည်။

                                                                                                           K3(pyay)ဒီမိုကရေစီတူဒေး
တင်ဆက်ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019



0 comments:

Post a Comment

Facebook Like Page