Thursday, July 4, 2013

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ

Leave a Comment
မကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အဆုတ်အရွယ်အစား သေးငယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလာပါတယ်။ ဒါပေမဲ့ အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ်သောက်သူ ဖြစ်နေရင်တောင်
ကာကွယ်နိုင်ပါသတဲ့။ အောက်ပါ နည်းလမ်းတွေဟာ အဆုတ် ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို ၆၇ ရာခိုင်နှုန်းကျော် အထိ လျှော့ချနိုင် ပါတယ်။
ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဟာ ကင်ဆာလို့ သံသယ ဖြစ်စေတဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ်ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ်ရီသီး အခြောက် ဒါမှမဟုတ် ခရင်မ် ဘယ်ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူး အနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma-toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင် အီး ဒြပ်ပေါင်းဟာ ပျက်စီးနေတဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့အတွက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် နှစ်အောင်စ မှီဝဲပါ။
ကဖင်း မပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ်တွေကို ပုံမှန် ရှူနေရသူ ဖြစ်နေရင် သင်သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်းမပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက်ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ရာခိုင်နှုန်း အထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေးလိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်း (Carcinogen) တွေကို ခွဲနိုင်ပေမယ့် ကဖင်းက ဒီဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင် ဂရိတ်ဖရုသီး စားပါ
အနီရောင်ဂရိတ်ဖရုသီးကို နေ့စဉ် စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ် အနည်းငယ် သောက်သူ ဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ်ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ်တစ်သျှူးကို လေထုညစ်ညမ်းမှု ဒဏ်ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ်ထားနိုင်တာကြောင့်ပါလို့ Howard တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာလည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

http://www.swesonemedia.org/index.php?q=4074

0 comments:

Post a Comment

Facebook Like Page