Saturday, June 20, 2015

လှေနံနှစ်ဖက်နင်းတဲ.နဂါးကြီး သရ၀ဏ်(ပြည်)

Leave a Comment

လှေနံနှစ်ဖက်နင်းတဲ.နဂါးကြီး
သရ၀ဏ်(ပြည်)
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် အားတရုတ်နိုင်ငံမှဖိတ်ခေါ်သဖြင်.တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် ၂၀၁၅ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်းလည်ပါတ်မည်ဖြစ်ကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီမှဖိတ်ကြားခြင်းဖြစ်ပြီး တရုတ်ပြည်၌ဒေါ်အောင်ဆန်းစုကြည်ရှိနေစဉ် တရုတ်သမ္မတ ရှီကျင်ပင်း ၊ တရုတ်ဝန်ကြီးချုပ်လီခယ်ကျင်းစသော ထိပ်တန်းနိုင်ငံ.ခေါင်းဆောင်များသည်ဒေါ်အောင်ဆန်းစုကြည်နှင်.တွေ.ဆုံမည်ဖြစ်ကြောင်းသိရသည် ။ ထိုအခါကျွန်တော်သည် တရုတ်တို.၏စိတ်ပြောင်းစိတ်လွဲကိုသတိပြုမိရုံမက လွန်ခဲ.သော ရှစ်နှစ်ခန်.ကအဖြစ်အပျက်များကိုတရေးရေးမြင်ယောင်မိပါသည် ။ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်မှာနေအိမ်အကျယ်ချုပ်ဖြင်.စစ်အစိုးရ၏ဖမ်းဆီးထိမ်းသိမ်းထားခြင်းကိုခံနေရပါသည် ။ အချိန်ကား ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် နေ.ဖြစ်သည် ။
အမေရိကန်ပြည်ထောင်စု ၊နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ဝယ်သံတမန်များ ၊ သတင်းထောက်များ ၊ စကားပြန်များ ၊ ၀န်ထမ်းများသည် လှုပ်လှုပ်ရွရွဖြစ်နေ၏ ။ အဘယ်.ကြောင်.ဆိုသော် ဒေါ်အောင်ဆန်းစုကြည်နှင်.နိုင်ငံရေးအကျဉ်းသားများကိုဖမ်းဆီးထိမ်းသိမ်းထားမှု ချက်ခြင်းရပ်ရန် ၊ အဓိပါယ်ရှိသောတွေ.ဆုံဆွေးနွေးမှုချက်ခြင်းစရန် ၊ တိုင်းရင်းသားလူမျိုးစုများအပေါ်လူ.အခွင်.အရေးချိုးဖောက်မှုနှင်.စစ်ဆင်တိုက်ခိုက်မှုချက်ခြင်းရပ်တန်.ရန်တောင်းဆိုချက်များပါဝင်သော လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တရပ်ကိုချမှတ်ရန် ရှိသောကြောင်.ဖြစ်သည် ။ ဤဆုံးဖြတ်ချက်အဆိုမူကြမ်းကို အမေရိကန်နှင်.ဗြိတိန်သံတမန်များကရေးဆွဲတင်ပြလာခြင်းဖြစ်သည် ။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမှဆုံးဖြတ်ချက်လိုမဟုတ် ။ အထွေထွေညီလာခံဆုံးဖြတ်ချက်မှာ မလိုက်နာပဲနေချင်နေနိုင်သည် ။မလိုက်နာလျှင်ဘာလုပ်မည်ဟူသော အချက်မပါ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ.၀င် ၁၀ နိုင်ငံကဆုံးဖြတ်ခဲ.လျှင်တော. ထိုဆုံးဖြတ်ချက်မှာ စည်နှောင်မှုရှိသောဆုံးဖြတ်ချက်ဖြစ်၍ လိုက်ကိုလိုက်နာရမည် ။မလိုက်နာလျှင် စီးပွားရေးဒဏ်ခတ်မှု ၊စစ်ရေးအရ၀င်ရောက်အရေးယူမှုတွေပါလာမည်ဖြစ်၍အလွန်အရေးကြီးသည် ။ ထိုအချိန်တွင် မြန်မာစစ်အစိုးရသည် အတိုက်အခံနှင်.ဒီမိုကရေစီဘက်တော်သားများကိုအရမ်းကားဆုံးအဖိနှိပ်ဆုံး အချိန်ဖြစ်၍ မြန်မာပြည်တွင်းဝယ် မိုးမှောင်ကြီးလုံးလုံးကျနေသောအချိန်လည်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်အပါအ၀င် အဖမ်းခံနေရသောထောင်တွင်းနိုင်ငံရေးသမားတို.လွတ်မြောက်ရေးကိုပြည်တွင်းတွင် မည်သို.မျှငြိမ်းချမ်းစွာတောင်းဆို၍မရတော.သောအခြေအနေဖြစ်သည် ။ စစ်အစိုးရသည် မည်သူ.ကိုမျှလူမထင်အောင်ရမ်းကားနေသောအခိုက်အတန်.ဖြစ်သည် ။မြန်မာပြည်သူများငြိမ်ဝပ်ပိပြားနေရချိန်လည်းဖြစ်သည် ။ အစိုးရက နိုင်ငံတော်ကြီးအေးချမ်းသာယာနေပါသည်ဟုဇွတ်အဓမ္မ၀ါဒဖြန်.နေချိန်လည်းဖြစ်သည် ။ ထိုအချိန်ထိုအခိုက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်.တကွ နိုင်ငံရေးအကျဉ်းသားများကိုချွင်းချက်မရှိလွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲကြခြင်းဖြစ်သည် ။ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ.၀င် ငါးနိုင်ငံ နှင်.အလှည်.ကျအဖွဲ.၀င်ဆယ်နိုင်ငံ စုစုပေါင်းဆယ်.ငါးနိုင်ငံရှိသည် ။ အမြဲတမ်းအဖွဲ.၀င်ငါးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု ၊ဗြိတိန် ၊ပြင်သစ် ၊ ရုရှား ၊တရုတ် ငါးနိုင်ငံအနက်တနိုင်ငံငံက အဆိုတခုခုကိုသဘောမတူကန်.ကွက်ခဲ.လျှင် ကျန်ဆယ်.လေးနိုင်ငံကသဘောတူသည်တိုင် ဆုံးဖြတ်ချက်ပျက်ပြားရတော.သည် ။ ဤအင်အားကြီးနိုင်ငံငါးနိုင်ငံသည် ဗီတိုအာဏာခေါ်အများသဘောတူသော်လည်းသူသဘောမတူကပယ်ချခွင်.အာဏာကိုရရှိထားသည် ။ သို.သော်ကမ္ဘာ.ဇာတ်ခုံပေါ်ဝယ် ၁၉၈၉ခုနှစ်မှစကာ ဗီတိုအာဏာ အသုံးချမှု တခါမျှမရှိတော.ပေ ။
ထိုနေ.ကမြန်မာ.အရေးကိုမဲခွဲဆုံးဖြတ်ကြ၏ ။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ပြည်တွင်းစစ်ရပ်စဲရေး၊လူအခွင်.အရေး၊ တွေဆုံဆွေးနွေးရေး ။ အားလုံးသည် ကျွန်တော်တို.မြန်မာပြည်သူပြည်သားမျာမျှော်လင်.တောင်.တနေသောအရာများဖြစ်သည် ။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးကဆုံးဖြတ်ချက်မူကြမ်းကိုစတင်ထောက်ခံသည် ။ ယူနိုက်တက်ကင်းဒမ်း(ခေါ်) U.K နိုင်ငံသံအမတ်ကလက်မြှောက်ပြီးထောက်ခံသည် ။ထို.နောက်ပြင်သစ်သံအမတ်ကထောက်ခံသည် ။ ဘယ်လ်ဂျီယံနိုင်ငံကလည်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆုံးဖြတ်ချက်ကိုထောက်ခံသည် ။အာဖရိကတိုက်မှဂါနာနိုင်ငံကပင်ထောက်ခံသည် ။ အီတလီသံအမတ်ကသူ.လက်ကိုမြှောက်ပြကာ ထောက်ခံပါသည်ဟုဆို၏ ။ ပနားမားနိုင်ငံကလည်းထောက်ခံသည် ။ဝေးလံခေါင်ဖျားမှ ပီရူးနိုင်ငံကပင်ထောက်ခံသည် ။ဆလိုဗက်ကီးယားနိုင်ငံကလည်းထောက်ခံသည် ။အရှေ.တောင်အာရှမှအင်ဒိုနီးရှား ၊ ကွန်ဂိုပြည်ထောင်စု ၊ ကာတာနိုင်ငံတို.က ကြားနေမဲပေးသည် ။ ထို.ကြောင်.ဆယ်.ငါးမဲတွင်ထောက်ခံမဲ ကိုးမဲရရှိနေသည်.အနေအထားဖြစ်သည် ။ မဲများရာအနိုင်ရစနစ်သာဆိုလျှင် အဆိုမှာ အောင်မြင်ပြီဖြစ်သည် ။ မဲပေးရန်သုံးနိုင်ငံသာကျန်တော.သည် ။ အာဏာရှင်စနစ်မှဒီမိုကရေစီသို.ရုန်းထွက်ခဲ.ရသောမြန်မာနှင်.အလားသဏ္ဍန်တူသည်. နယ်လ်ဆင်မန်ဒဲလားနှင်.ဒီကလပ်ရှိရာ တောင်အာဖရိကနိုင်ငံ ၊ မြန်မာ.အိမ်နီးချင်းတရုတ်နိုင်ငံ ၊ ရုရှားနိုင်ငံတို.ဖြစ်သည် ။ အားလုံးကတောင်အာဖရိကသည်မြန်မာ.ဒီမိုကရေစီရေးကိုအားပေးမည်ထင်ထားကြ၏ ။သို.သော်တောင်အာဖရိကက ကန်.ကွက်မဲပေးပါသည် ။သို.သော်ထောက်ခံမဲကိုးမဲရထားသဖြင်.တောင်အာဖရိက၏ ကန်.ကွက်မဲတမဲသည်အရာမ၀င်သေး ။ ဗီတိုအာဏာရထားသော တရုတ်နှင်.ရုရှား တို.မှာအဆုံးအဖြတ်ဖြစ်လာသည် ။ လူများစုအတွက်ဒီမိုကရေစီကိုအားပေးမလား ၊လူနည်းစုစစ်အာဏာရှင်ကိုကာကွယ်မလား ။ ဘယ်ကိုမဲပေးမလဲ ။ နိုင်ငံရေးသည်ညစ်ပတ်သောကစားပွဲ ( Politics is a dirty game ) ဟူသောစကားပုံရှိသည် ။တရုတ်နှင်.ရုရှားသည် ၅၁ သန်းသောမြန်မာပြည်သူတွေဘက်မှာရှိမနေ ။ဒေါ်အောင်ဆန်းစုကြည်ဘက်မှာရှိမနေ ၊ ထောင်သွင်းအကျဉ်းချခံရလေသော မြန်မာ.နိုင်ငံရေးသမားတွေဘက်မှာ ရှိမနေ ။ စစ်အာဏာရှင်တို.ဘက်မှာသာ သူတို.အကျိုးအတွက်ရပ်တည်ခဲ.လေသည် ။ တရုတ်က ဗီတိုအာဏာသုံးကာအဆိုကိုကန်.ကွက်ပယ်ချသည် ။ တရုတ်ပါယ်ချလျှင်ပင် အဆိုသည်ရုံးနိမ်.သွားပြီဖြစ်သည် ။ သို.သော်ရုရှားကလည်း မြန်မာစစ်အစိုးရသည် သူ.ထံမှစစ်လက်နက်ပစ္စည်းများဝယ်ယူနေခြင်းမှအလဟသမဖြစ်ကြောင်းပြသသည်.အနေဖြင်. လူသေကိုဓါးဖြင်.ထိုးသည်.သဖွယ် နောက်ထပ် သူပိုင်ဆိုင်သော ဗီတိုအာဏာကန်.ကွက်မဲတမဲကို မြန်မာအာဏာပိုင်များ အလိုကျစေရန်ထပ်မံပေးလိုက်ခြင်းဖြင်. UN လုံခြုံရေးကောင်စီသမိုင်းတွင်ဖြစ်တောင်.ဖြစ်ခဲ နှစ်ထပ်ကွမ်း ဗီတိုအာဏာ ( Double Veto ) ဖြစ်သွားပါတော.သည် ။ ဇာတ်ပေါင်းသော် ဒေါ်စုလွတ်မြောက်ရေးအဆိုသည် တရုတ်နှင်.ရုရှားကြောင်. သဲထဲရေသွန်ဖြစ်ခဲ.ရပါ၏ ။ ဒဏ္ဍာရီပုံပြင်မဟုတ် လွန်ခဲ.သောရှစ်နှစ်ခန်.က အဖြစ်မှန်ဖြစ်ပါ၏ ။
တရုတ်သည် မြန်မာ.ဒီမိုကရေစီရေးတွင်ထိုမျှလောက်ခလောက်ဆန်ခဲ.ပေ၏ ။ မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင်.လူ.အခွင်.အရေးရသွားမှာသူတို.ကြောက်သည် ။ မြန်မာတွင်ဒီမိုကရေစီအစိုးရတက်လာလျှုင် ယခုရရှိနေသော သစ်တော၊ကျောက်မျက် ၊ သဘာဝဓါတ်ငွေ. ၊ တွင်းထွက်ပစ္စည်း၊လယ်ယာထွက်ပစ္စည်းစသောသဘာဝသယံဇာတများကိုပေါပေါလောလောသူခိုးဈေးဖြင်.မရတော.မှတွေးပူ၏ ။ထို.ပြင်တ၀ နောက်တချက်လည်းရှိသေး၏ ။ လူ.အခွင်.အရေးချို.ဖောက်မှုကြောင်.မြန်မာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးခွင်.ရသွားခဲ.လျှင် အလားတူပြစ်မှုမျိုးအတွက် တနေ.နေ.တွင် ကိုယ်.ဘက်သို.ပြန်လှည်.လာမှာတရုတ်အစိုးရလန်.သည် ။ အဘယ်.ကြောင်.ဆိုသော် တရုတ်ပြည်တွင်လည်း တိန်.ယန်မင်ရင်ပြင်အရေးအခင်းတွင်ဆန္ဒပြကျောင်းသားများကိုတင်.ကားနှင်.တက်ကြိတ်သောကမ္ဘာကျော်ဖြစ်ရပ် ၁၉၈၉ တွင်ဖြစ်ပွားခဲ.သောကြောင်.ဖြစ်သည် ။ တရုတ်အတိုက်အခံပေါင်းများစွာကိုလည်းယခုတိုင်ထောင်သွင်းအကျဉ်းချထားဆဲဖြစ်သည် ။ ထို.ကြောင်. သူခိုးကသူဝှက်ကိုမစီရင်ဝံ.သည်သဘောလည်းပါသည် ။ ဘာပဲဖြစ်ဖြစ် တရုတ်သည် မြန်မာ.ဒီမိုကရေစီရေးတွင် ဖီလာကန်.လန်.တိုက်ခဲ.သည်ကတော.အသေအချာဖြစ်သည် ။
သို.သော်တရုတ်အစိုးရသည်ခပ်ညံ.ညံ.အစိုးရမဟုတ် ။ရေရှည်ကိုကြည်.တတ်သောအစိုးရဖြစ်သည် ။ မြန်မာပြည်တွင် ဗ.က.ပ စသောကွန်မြူနစ်သူပုန်များအင်အားကောင်းသောခေတ်က ဗကပများကို ငွေအင်အား ၊ လူအင်အား၊ စစ်ရေးအင်အားတို.ဖြင်.အလုံးအရင်းနှင်.ထောက်ပံ.ခဲ.ဖူးသည် ။ ကွန်မြူနစ်တို.အာဏာရလာမည်ထင်သောကြောင်. ရင်းနှီးမြှုပ်နှံခဲ.ခြင်းဖြစ်သည် ။ ကွန်မြူနစ်တို.သည် သူတို.ထင်သလောက် အရည်အချင်းမရှိ ။ မည်သည်.မြို.ရွာကိုမှကြာရှည်စွာသိမ်းပိုက်နိုင်စွမ်းမရှိ ။ရေရှည်တွင်အစိုးရဖြစ်နိုင်မည်.အရိပ်အယောင်မမြင်သောအခါ ဗကပ ကို ကန်ထုတ်လိုက်ပြီး အာဏာမြဲနေဆဲ ဗိုလ်နေ၀င်းနှင်.သာ ပလူးပလဲလုပ်ခဲ.သည် ။ ၈၈ အရေးအခင်းဖြစ်သောအခါတရုတ်သည် လက်မြန်ခြေမြန်စစ်အစိုးရနှင်.၀င်ပေါင်းကာ သယံဇာတများကိုအောက်ဈေးဖြင်.နှိုက်၏ ။ သို.သော် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်နိုင်သောအခါ တရုတ်တို.သည်အရှိန်နှင်.ပြေးနေသောမြင်းကိုဇက်ကြိုးတုန်.သကဲ.သို.ဖြစ်သွား၏ ။ NLD အစိုးရဖြစ်လာနိုင်သောအကွက်တကွက်ပေါ်လာသဖြင်. မြန်မာနိုင်ငံတရုတ်သံအမတ်ကြီးသည် ရန်ကုန်မြို. NLD ရုံးချုပ်သို. ရွေးကောက်ပွဲအောင်မြင်မှုအတွက်ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာပို.၏ ။ ဘေဂျင်းမှ အမိန်.မရပဲတရုတ်သံအမတ်ကြီးသည် သူ.သဘောနှင်.သူဤသို.လုပ်ဝံ.မည်မဟုတ် ။ NLD အလားအလာကောင်းသဖြင်.ကြိုကန်ထားခြင်းဖြစ်သည် ။ ပြည်ပနိုင်ငံများအနက် NLD ကိုချီးကျူးဂုဏ်ပြုလွှပို.သည်မှာတရုတ်သံရုံးသည်ပထမဆုံးဖြစ်၏ ။တရုတ်သည် သူ.အကျိုးအတွက်ဤမျှပင်လက်မြန်ခြေမြန်ရှိပေ၏။ နောင်သော် စစ်အစိုးရက NLD ကိုအာဏာလွှဲမပေးသောအခါ တရုတ်အစိုးရသည် NLD ကိုလှည်.၍ပင်မကြည်.တော.ပဲ စစ်အစိုးရနှင်.သာပလူးပလဲဆက်ရှိနေခဲ.တာတွေ.ရပေမည် ။ ဤသို.ဖြင်.နေလာခဲ.ရာ ၂၀၀၇ တွင် လုံခြုံရေးကောင်စီ၌မဲခွဲပွဲပေါ်လာသောအခါ ပိုနေမြဲကျားနေနမြဲ အာဏာဆက်ထိမ်းထားနိုင်သော စစ်အစိုးရဘက်ကသာရပ်တည်ခဲ.ခြင်းဖြစ်သည် ။ ထိုသို.စားကောင်းသောက်ကောင်းနေလာခဲ.သော်လည်း ၂၀၁၀ တွင် မြစ်ဆုံဆည်ရေကာတာစီမံကိန်းငါးနှစ်ရပ် ဆိုင်းခံရပြီး နောက်တရုတ်အစိုးရသည် ၂၀၁၅ တွင်တက်လာနိုင်သောအစိုးရကိုစိတ်ဝင်စားလာသည် ။ နောက်ရွေးကောက်ပွဲတွင်တက်လာသောအစိုးရနှင်.ဆက်ဆံရေးပြေလည်မှုရမှ သူတို.လုပ်ချင်သော စီမံကိန်းများမြန်မာနိုင်ငံတွင် ဆက်လုပ်ခွင်.ရမည်။ ထို.ကြောင်.မြန်မာ.နိုင်ငံရေးအနာဂါတ်ကိုဗေဒင်ဆရာလိုတွက်ချက်သောအလုပ်ကိုတရုတ်တို.တရစပ်လုပ်လာ ကြသည် ။ဖြစ်နိုင်ခြေကိုတွက်ကြည်.တော. နိုင်ငံခေါင်းဆောင်ဖြစ်နိုင်တာ သုံးဖွဲ.ပဲရှိတာသူတို.တွေ.သည် ။ ဤသုံးဖွဲ.ကား ကြံခိုင်ရေးပါတီ ၊ NLD ပါတီ နှင်. ၈၈ မျိုးဆက်အဖွဲ.ဖြစ်သည် ။ ကြံ.ခိုင်ရေးပါတီနှင်.သော်ကား တရုတ်ကွန်မြူနစ်ပါတီသည် ဂဟေဆက်သလို ရိုက်စားခွင်များစွာအတူတကွဆောင်ရွက်ခဲ.သောသမိုင်းကြောင်းခိုင်မြဲပြီးသားဖြစ်သည် ။ရေနံနှင်.သဘာဝဓါတ်ငွေ.စီမံကိန်းများ၊ သစ်ခုတ် ၊ ကြေးနီတူး၊ရွှေရှာ ၊ ရေနံပိုက်လိုင်းဖောက်စသည်.ခွင်များ အတူတကွ ဆောင်ရွက်ခဲ.ပြီးသားဖြစ်သည် ။ သို.သော်တရုတ်တို.ပူပင်သောအချက်မှာကြံ.ခိုင်ရေးပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင်အာဏာပြန်ရချင်မှရတော.မည်.အရေးဖြစ်သည် ။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ.ခိုင်ရေးပါတီအပြတ်အသတ်ရှုံးနိမ်.မှုကလည်းထိုအချက်ကိုမီးမောင်းထိုးပြနေသည် ။ နိုင်ငံ.ခေါင်းဆောင်ဖြစ်လာနိုင်မည်.အဖွဲ.ထဲတွင် ၈၈ မျိုးဆက်ကျောင်းသားများလည်းပါလာနိုင်သဖြင်. ၈၈ အဖွဲ.ကို မကြုံစဖူးတရုတ်တို.ချဉ်းကပ်ခဲ.ကြသည် ။ ၈၈ မျိုးဆက်အဖွဲ.မှခေါင်းဆောင်များကိုယခင်က တရုတ်တို.သည် သူတို.နိုင်ငံသို.တရားဝင်ဖိတ်ခေါ်ဖို.ဝေးစွ သံရုံးရှေ.စာလာဝေလျှင်ပင်ထွက်မယူဝံ.ပေ ။ ဤသို.လူချင်းမတူသူချင်မမျှသည်.သဖွယ် ဆက်ဆံခဲ.ကြပေ၏ ။ ၂၀၁၃ မေလအတွင်းကလည်းဦးညီပုနှင်.ဖြူဖြူသင်းတို.ပါဝင်သော NLD ကိုယ်စားလှယ်အဖွဲ.တဖွဲ.ကိုတရုတ်ပြည်သို. ၁၀ရက်ခရီးဖိတ်ခေါ်ခဲ.ပြီး မြန်မာပြည်တွင်မြစ်ဆုံဆည်ပြန်လည်တည်ဆောက်ရေးကိစ္စများကိုတရုတ်အစိုးရက တိုက်တွန်းပြောကြားခဲ.သည် ။ထိုခရီးစဉ်အတွင်း NLD ထိပ်တန်းခေါင်းဆောင်များပါမသွားစေကာမူတရုတ်တို.ဘက်က ကူမင်းအုပ်ချုပ်ရေးမှူး ၊ နိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ၊ ပြည်ထောင်စုအဆင်.ဒုဝန်ကြီးများ နှင်.တွေ.ခဲ.ရသည် ။NLD ပါတီဝင်တို.တွေ.ခဲ.ရသော တရုတ်အာဏာပိုင်အားလုံးတညီတညွတ်တည်းပြောသည်မှာ မြစ်ဆုံဆည်စီမံကိန်းကိုသူတို.ပြန်စချင်သည်.အချက်ပင်ဖြစ်သည် ။ ထို.ကြောင်.တရုတ်တို.သည် သူတို.အကျိုးအတွက် NLD နှင်. ၈၈ မျိုးဆက် တို.ကိုချဉ်းကပ်ခဲ.ကြောင်းထင်ရှားသည် ။ လက်ပန်းတောင်းတောင်စီမံကိန်းတွင် ကြေးနီ ပရောဂျက်ကိုဆက်လုပ်ခွင်.ပေးခဲ.သောဒေါ်အောင်ဆန်းစုကြည်ကိုကျေးဇူးဥပကာယတင်ကြောင်း တရုတ်တို.ကပြောလိုက်သည်ဟုလည်းသိရ၏။
တရုတ်တို.အတွက်မြန်မာနိုင်ငံသည် အာလာဒင်၏ဆီမီးခွက်ကြီးသဖွယ် ၊လိုတရက္ကုစ္ဆာသယ လွယ်အိပ်တလုံးသဖွယ်ဖြစ်နေခဲ.သည်မှာကြာပေပြီ ။ သစ်တောမှသည် မိန်းမအဆုံး တရုတ်သည်မြန်မာဘက်မှမှာယူတင်သွင်းနေခဲ.သည်မှာလည်းအထင်အရှားပင် ။ တရုတ်တို.အတွက်မြန်မာနိုင်ငံသည် အလွန်အရေးပါသောစီးပွားရေးလုပ်ကွက်တခုအနေဖြင်.တည်ရှိနေခြင်းကိုမြန်မာသည်ဘယ်တုန်းကမှ နိုင်ကွက်မကိုင်နိုင်ခဲ.ချေ ။ တရုတ်သည်မြန်မာတပ်မတော်အတွက် တိုက်လေယဉ်များ၊ သံချပ်ကာယာဉ်များ ၊ စစ်သင်္ဘောများ ရောင်းချပေးခဲ.ပြီး မြန်မာ.ကြည်းရေလေတပ်မတော်အရာရှိများကိုသင်တန်းပို.ချပေးခြင်းများလည်းဆောင်ရွက်ခဲ.သဖြင်. စစ်အစိုးရက တရုတ်ကို မြန်မာ၏ကျေးဇူးရှင်ဟုအထင်ရောက်ကောင်းရောက်ခဲ.ပေမည် .တကယ်တော.တရုတ်သည်သူတို.အကျိုးအတွက်ဆောင်ရွက်ခဲ.ခြင်းဖြစ်သည် ။ ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းဆောက်ခြင်း ၊မြန်မာ.ဆိပ်ကမ်းများသို.၀င်ထွက်နိုင်သောဆိပ်ကမ်းများတည်ဆောက်ပေးခြင်း၊ မြန်မာ.ရေတပ်နှင်.နီးကပ်စွာဆက်ဆံခြင်းသည် အိန္ဒိယသမုဒ္ဒရာကိုစိုးမိုးထားနိုင်ရေး မဟာဗျူဟာအပါအ၀င် အရှေ.တောင်အာရှရေပိုင်နက်နှင်. ဘင်္ဂလားပင်လယ်အော်ကို ကြီးစိုးရေးအကြံအစည်ပင်ဖြစ်သည် ။ တရုတ်သည် မြန်မာပိုင်ကိုကိုးကျွန်းတွင်ပင် ၈၅ မီတာကျယ်သောဆိပ်ကမ်း တည်ဆောက်ခြင်း၊ ရေတပ်အတွက်အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း၊ကင်းတပ်စခန်းတည်ဆောက်ခြင်း၊ အဆင်.မြင်.စောင်.ကြည်.ထောက်လှမ်းရေးကရိယာများတည်ဆောက်ခြင်း တို.ကို အိန္ဒိယနိုင်ငံပိုင် အန်ဒမန်နှင်.နီကိုးဘားကျွန်းများမှ ၁၈ ကီလိုမီတာသာကွာဝေးသောအရပ်တွင်တည်ဆောက်ပေးခဲ.ခြင်းဖြစ်သည် ။ ထိုကိုကိုးကျွန်းမှစောင်.ကြည်.လျှင် ဒုံးကျည်စမ်းသပ်ခြင်းအပါအ၀င် အိန္ဒိယ၏စစ်ရေးလှုပ်ရှားမှုများကို တရုတ်တို.ထောက်လှမ်းနိုင်မည်ဖြစ်သည် ။စစ်တွေတွင်ရေတပ်စန်းဆောက်ခြင်းကိုလည်းတရုတ်တို.ကူညီခဲ.၏ ။ အကောင်းကားမဟုတ် အိန္ဒိယအရှေ.ဘက်ပိုင်းအကြီးဆုံးဆိပ်ကမ်းမြို.ကြီးဖြစ်သော ကိုးလ်ကတ္တားကို နှင်.အနီးဆုံးတွင်ရှိသောမဟာဗျူဟာအရအရေးပါသောနေရာတွင်ရှိသောကြောင်.ဖြစ်သည် ။မြန်မာသည်တရုတ်အတွက်စီးပွားရေးအရအကျိုးရှိမည်.ကိစ္စများမှာလည်းမနည်းချေ ။ တရုတ်ပြည်တောင်ပိုင်းမှအိန္ဒိယသမုဒ္ဒရာသို.အလွယ်ဆုံးထွက်နိုင်သောကုန်းလမ်းသည် ရန်ကုန်-စစ်တွေလမ်းဖြစ်သည် ။ ထို.ကြောင်.ထိုလမ်းဖောက်ဖို.သည်တရုတ်အတွက်အလွန်အရေးပါပေ၏ ။ မြန်မာနှင်.တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ဒေါ်လာဘီလီယံ ၁.၄ ခန်.ရှိပါ၏ ။ ဤအရေအတွက်ကားမှောင်ခိုကုန်သွယ်ခြင်းမပါသေး ။တရားမ၀င်သစ်ခိုးခုတ်ခြင်းတို.မပါဝင်သေးပါ ။တရုတ်သည် ရခိုင်ပြည်နယ်စစ်တွေကမ်းလွန်ဒေသတွင်ရှိသောမြန်မာ. သဘာဝဓါတ်ငွေ.သိုက်ကိုလည်းလက်ဝါးကြီးအုပ်ထားနိုင်သည် ။ တရုတ်သည်မြန်မာအားငွေများထုတ်ချေး၏။အကြွေးများပေး၏။ အပြန်အလှန်အားဖြင်. တရုတ်နိုင်ငံယူနန်ပြည်နယ်မှမြန်မာနိုင်ငံရခိုင်ကမ်းမြောင်အထိ ၂၃၈၀ ကီိုမီတာရှည်သောပိုက်လိုင်းကြီးကိုဖြတ်သန်းတည်ဆောက်ခွင်.ရခဲ.၏ ။ ဧရာဝတီနှင်.သံလွင်မြစ်ပေါ်တွင်ရေကာတာများပိတ်ဆို.တည်ဆောက်ခွင်.ရခဲ.၏။ China National Offshore Oil Corporation နှင်.China National Petroleum Corporation တို.သည် မြန်မာ.ရေနံများကိုသန်.စင်မှု အဆင်.မြှင်.တင်မှုလုပ်ငန်းများတွင် လုပ်ဆောင်ရန် အရေးပါသောလုပ်ခွင်.ကန်ထရိုက်ရခဲ.ပြီး ထွက်လာသောရေနံများကိုပါအချိုးကျခွဲဝေယူခွင်.ရရှိခဲ.သည် ။ Patro China ကုမ္မဏီသည် ရွှေသဘာဝဓါတ်ငွေလုပ်ကွက် (၁) မှ တရုတ်နိုင်ငံ ယူနန်ပြည်အထိ ရေနံနှင်.သဘာဝဓါတ်ငွေ.ပိုက်လိုင်းတည်ဆောက်ခွင်.ရခဲ.သည် ။တရုတ်သည်ဖြစ်နိုင်လျှင် အရှေ.အလည်ပိုင်းအာရပ်နိုင်ငံများမှရေနံများကိုမလက္ကာရေလက်ကြားကိုဖြတ်၍ မြန်မာ.အနောက်ဘက်ကမ်းရိုးတန်းမှတရုတ်ပြည်အထိ ပိုက်လိုင်းဖြင်.သယ်ယူတင်သွင်းဖို.အကြံအစည်ရှိသည် ။ China Power Investment Corporation ကလည်းမြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံထားသည် ။ ထို.ကြောင်.စီမံကိန်းကိုလွယ်လွယ်နှင်.အလျှော.ပေးမှာမဟုတ် ။
ထို.ကြောင်.ဒေါ်အောင်ဆန်းစုကြည်ကိုတရုတ်တို.ဖိတ်ခေါ်ခြင်းမှာချစ်လွန်းလို.တောမဖြစ်နိုင် ။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှချက်ခြင်းလွှတ်ဖို.ကုလသမဂ္ဂတွင် ၂၀၀၇ ခုနှစ်ကမဲခွဲကြစဉ် တရုတ်တို.၏သဘောထားအမှန်ကိုပြခဲ.ပြီးဖြစ်သည် ။ မကြာမီက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်းအားတရုတ်ပြည်သို.ဖိတ်ခေါဆွေးနွေးပြီးဖြစ်သော်လည်း ရွေးကောက်ပွဲတွင်ကြံ.ခိုင်ရေးမနိုင်ခဲ.လျှင်ဟူသောပူပန်စိတ်ဖြင်.ဒေါ်အောင်ဆန်းစုကြည်အား ခြေမမြဲလက်မြဲသဘောဖြင်.တရုတ်ကထပ်မံလိုင်းဝင်ခြင်းဖြစ်သည် ။ တိုတိုပြောရလျှင်မူကား တရုတ်နဂါးကြီးသည် ကြံ.ခိုင်ရေးနှင်. NLD ဟူသောလှေနံနှစ်ဖက်ကိုခွနင်းထားပြီးနိုင်သည်.ဘက်သို.ခုန်ချရေးမှာ သူတို.၏မူဝါဒဖြစ်ပါကြောင်း ။ သူတို.၏ဆိတ်ဝှေးစေ.ကဲ.သို.သာကူးမူဝါဒမှာ မြန်မာအတွက်တစက်မှမပါ သူတို.နိုင်ငံနှင်.သူတို.လူမျိုးအကျိုးအတွက်သာဖြစ်ပါကြောင်းတင်ပြအပ်ပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
သောကြာ

0 comments:

Post a Comment

Facebook Like Page