ပြည်-မေ-၃၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မြန်မာ့ကြံလုပ်ငန်းကသိမ်းယူထားသော မြေတွေပြန်ရဖို့ မှုလပိုင်ရှင်တောင်သူများမှ ဒုတိယအကြိမ်ထပ်မံထွန်တုံးတိုက်ပွဲကို မေ-၃၁-ရက်နေ့နံနက် ၇-နာရီတွင် လက်ခုပ်ပင်ကျေးရွာနှင့်ရှမ်းစုကျေးရွာတို့မှ တောင်သူ ၃၀-ခန့်မှ နွား-၉ရှဉ်းဖြင့် ၀င်ရောက်ထွန်းတုံးတိုက်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါမြေများကို ၁၉၉၆/၁၉၉၇ ခုနှစ်မှာ မြန်မာ့ကြံလုပ်ငန်းမှ
ထမ္မကောက်အုပ်စု၊သစ်ချီတင်အုပ်စု၊လက်ခုပ်ပင်အုပ်စုအတွင်းရှိ ကျေးရွာများမှ
တောင်သူများထံ မြေ-၂၀၇-ဧကကို မြရွာန၀ဒေးသကြားစက်အတွက်
အသိပေးအကြောင်းကြားခြင်းမရှိပဲ သိမ်းယူခဲ့ကြောင်းသိရသည်။
“ခေတ်အဆက်ဆက် ဌာနအစုံကို တင်ပြတိုင်ကြားတယ် မရဘူး ဒါ့ကြောင့်ဒုတိယအကြိမ်ထွန်တုံးတိုက်တာ မြေကွက်တွေသိမ်းထားပြီး ဒီတိုင်းပစ်ထားကြတာ ၀မ်းရေးအတွက်အခုလိုဝင်ထွန်တာပါ ကျွန်တော့မြေက ၆-ဧကအသိမ်းခံလိုက်ရတယ်။ မြေတွေမရမခြင်း တောင်းဆိုနေမှာ ဆန္ဒပြသင့်လည်းပြမယ် မရရင် ရတဲ့နည်းနဲ့ပြန်ယူမယ်ဗျာ.”ဟု လက်ခုပ်ပင်အုပ်စု/ကျေးရွာတောင်သူ ကိုမိုးခိုင် မှပြောသည်။
သိမ်းဆည်းခံမြေများပြန်လည်ရရှိရန်အတွက် တိုင်စာအဆင့်ဆင့်၊ဆုတောင်းပွဲ၊ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သော်လည်း မြေများပြန်လည်ပေးအပ်ခြင်းမရှိတာကြောင့် မေ-၂၇-ရက်နေ့က ဒေသခံတောင်သူ ၅၀-ခန့်မှ နွား ၁၁-ရှဉ်းဖြင့်သိမ်းဆည်းခံမြေများအပေါ်တွင် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ပြီး ယနေ့ မေ-၃၁-ရက်နေ့မှာ ကျန်ရှိနေသော မြေများအပေါ်တွင် ဒုတိယအကြိမ်ထွန်တုံးတိုက်ပွဲပြုလုပ်တာဖြစ်ကြောင်းသိရသည်။
“ကျွန်တော်က ၅-ဧကအသိမ်းခံလိုက်ရတယ်။ ဥပဒေဘောင်တွင်းက ရအောင်လုပ်မှာ မြေတွေသိမ်းပြီးဒီတိုင်းထားတယ် တိုင်း၊ခရိုင်၊မြို့နယ်ကလူကြီးတွေဘာမှလုပ်မပေးဘူး ကြံဌာနအမည်ပေါက်ရှိနေတယ် ကျွန်တော်တို့ကိုအနိုင်ကျင့်တယ် ဖိနှိပ်ထားတယ် ၂၀၁၄ လယ်ဥပဒေအရ မြေယာမဲ့တောင်သူတွေကို မြေပြန်ရအောင်လုပ်ပေးရမယ်လို့ လက်ရှိအစိုးရပြောတာကြားမိတယ် ပဲခူးတိုင်းမှာပထမဆုံးမြေကိစ္စစစ်ဆေးခံရတာ ကျွန်တော်တို့ပါပဲ ဘ၀တွေပျက်သွားတဲ့ တောင်သူကြီးတွေ ခုထိရွာမှာရှိနေသေးတယ်” ဟု လက်ခုပ်ပင်အုပ်စု/ရှမ်းစုကျေးရွာနေထိုင်သူ ဦးသန်းနိုင် ကပြောသည်။
အဆိုပါ ထွန်တုံးတိုက်ပွဲကို ပထမအကြိမ်မေ-၂၇-ရက်နေ့မှာပြုလုပ်ခဲ့တာကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ မေ-၃၀-ရက်နေ့တွင် ခေါ်ယူစီးစစ်ဆေးတားမြစ်ခဲ့ပြီး ယနေ့ပြုလုပ်သော ဒုတိယအကြိမ်ထွန်တုံးတိုက်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီးတားစီးပိတ်ပင်မှုမရှိကြောင်းသိရသည်။ K3(pyay)ဒီမိုကရေစီတူဒေးဂျာနယ်...
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:
Post a Comment