Thursday, June 11, 2015

လမ်းပေါ်တွင်အပေါ့သွားမည်ဟုပြောသဖြင့် ဆိုင်ကယ်ရပ်ပေးစဉ် ကယ်ရီငှားလာသည့်ဆိုင်ကယ်အား လုယူထွက်ပြေးသွား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



လမ်းပေါ်တွင်အပေါ့သွားမည်ဟုပြောသဖြင့် ဆိုင်ကယ်ရပ်ပေးစဉ်
ကယ်ရီငှားလာသည့်ဆိုင်ကယ်အား လုယူထွက်ပြေးသွား

ပြည့်သဲမောင်(ပြည်) 09 4236 71883

(၅.၆.၂၀၁၅)ရက်နေ့၊ နေ့လည် (၁၁း၃၀)နာရီအချိန်ခန့် ရွှေတောင်မြို့၊
သရက်တော ရပ်ကွက်၊ နှပ်တန်းလမ်းနေ ဆိုင်ကယ် ကယ်ရီမောင်းသူ
ဦးစောအောင်မင်း (၆၁)နှစ်သည် ဆိုင်ကယ် ကယ်ရီငှားသူ (၂)ဦးအမည်မသိ၊
လူမြင်မှတ်မိသူများမှ ဆိုင်ကယ် ကယ်ရီငှားကာ ဆင်မြီးဆွဲကို သွားမည်ဖြစ်ကြောင်း
ပြောသဖြင့် လိုက်လံပို့စဉ် ဆင်မြီးဆွဲမြို့အနီး  လမ်းပေါ်တွင်အပေါ့သွားမည်ဟု
ပြောသဖြင့် ဆိုင်ကယ်ရပ်ပေးစဉ် အတူပါသူနှစ်ဦးမှဆိုင်ကယ်အား မောင်းနှင်ထွက်
ပြေးသဖြင့် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်တန်းခဲ့သည့် ဆင်မြီးဆွဲနယ်မြေရဲစခန်း
(ပ) ၅၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၉ (ဆိုင်ကယ်) ဖြင့် ဖွင့်လှစ်ထား သည့် အမှုနှင့်
ပတ်သက်၍ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ ပြစ်မှုကျူးလွန်သူ
အား သက်သေခံဆိုင်ကယ်နှင့်အတူ နှစ်ရက်အတွင်း  ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း
သိရှိရသည်။

အမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ
ရဲအုပ်စိုးမင်း၊ရဲအုပ် ရဲတေဇာတို့ ဦးဆောင်သော တပ်ကြပ်ကြီး မင်းသိန်းထက်၊
တပ်ကြပ် ကျော်ဆန်းဦး၊တက အောင်ဆန်းဦးတို့ပါဝင်သော အဖွဲ့မှ စုံစမ်းဖော်ထုတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်မြို့၊ သရက်တောရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ်
(၇၉)နေ ကျော်မိုးလွင်၏ဇနီးဖြစ်သူ မဌေးဌေးမြင့် (၄၀)နှစ်၊ (ဘ) ဦးလှမောင်မှ
အမှုနှင့်ပတ်သက်၍ ပါဆုံးသွားသော သက်သေခံဆိုင်ကယ်အား အမှုကြေအေးပေးရန်
နှင့် ဆိုင်ကယ်အားပေါင်နှံထားသဖြင့် ပြန်ရွေးရန်၊ ၄င်းအားငွေကျပ် (၅၀၀၀၀ိ/) ပေးပါက
နာရီဝက်အတွင်း ဆိုင်ကယ်အား ပြန်လည်ရယူပေးမည် ဖြစ်ကြောင်းပြောသဖြင့် မိမိတို့
အဖွဲ့မှငွေ (၅၀၀၀၀/-)ကျပ်အား အသွင်ယူကာ သက်သေခံပစ္စည်း ဆိုင်ကယ်အား
သွားရောက်ထုတ်ယူရန် မဌေးဌေးမြင့်နှင့် ညှိနှိုင်းရာအမှုနှင့်ပတ်သက်သည့် ရုတ်သိမ်းသည့်
ရဲစခန်းမှ စာရွက်စာတမ်းများမပါဝင်သဖြင့် ဆိုင်ကယ်အားမပေးနိုင်သဖြင့် နောက်နေ့မှစာရွက်
စာတမ်း ငွေ (၅၀၀၀၀ိ/-)နှင့်လာယူရန်ပြောခဲ့သည်ဟုရဲတပ်ဖွဲ့ကဆို၏။

ထို့ကြောင့် ဆက်လက်၍စုံစမ်းရာ သက်သေခံပစ္စည်းဆိုင်ကယ်အား ယူဆောင်သွားသူမှာ
 ပြည်မြို့၊  မီးရထားဘူတာဝန်းတွင်နေထိုင်သည့် ယခင်ကလူသတ်မှုဖြင့် ထောင်ဒဏ်
တစ်သက်တစ်ကျွန်းကျခံပြီးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသူ ခင်မောင်သန်း၊
အသက် (၅၀)ကျော်ခန့်နှင့် ပြည်မြို့၊ သရက်တော ရပ်ကွက် ပိတောက်လမ်း၊
အမှတ်(၇၉)နေ မဌေးဌေးမြင့်၏ ယောက်ျားဖြစ်သူ ကျော်မိုးလွင် (၄၃)နှစ် (ဘ)
ဦးမောင်မောင်ကြီး တို့နှစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် တရားခံဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက် ခဲ့ရာ (၈.၆.၂၀၁၅)ရက်နေ့ နေ့လည် (၁း၃၀)အချိန်ခန့်တွင်
ပြည်မြို့၊ ဆင်စုရပ်ကွက်ရှိ ဆင်စုဂျာမေ ဗလီအနီး တွင် ကျော်မိုးလွင်ရောက်ရှိနေကြောင်း
သတင်းရရှိသဖြင့် စောင့်ကြည့်ဖမ်းဆီးခဲ့ကြောင်း။

ထို့နောက် ၄င်း၏ထွက်ဆိုချက်အရ အခင်းဖြစ်စဉ်က ဆိုင်ကယ်အားလမ်းဘေး
အပေါ့သွားမည်ဟုပြောကာ ဆိုင်ကယ်ရပ်ပြီး ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူအပေါ့သွားနေစဉ်
ကျော်မိုးလွင်မှမောင်းကာ ခင်မောင်သန်းနှင့် အတူ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း
၎င်းဆိုင်ကယ်ကို ပြည်မြို့၊ အမှတ် (၃၅)၊ စက်မှုဇုန်လမ်း၊ ကံ့ကော် အပေါင်ဆိုင်တွင်
ငွေ (၅၀၀၀၀ိ/-)ကျပ်နှင့်ပေါင်နှံထားကြောင်း သိရှိရသဖြင့် တရားခံကျော်မိုးလွင်နှင့်
အတူ သက်သေခံဆိုင်ကယ်အား လိုက်လံသိမ်းဆည်းခဲ့ပြီး အမှုနှင့်ပတ်သက်၍ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံခင်မောင်သန်းအား ဖမ်းဆီးရမိရေးနှင့် တရားခံကျော်မိုးလွင်နှင့်အတူ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်း LUOJIA 110 အမျိုးအစားဆိုင်ကယ်အား ဆင်မြီးဆွဲနယ်မြေရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883



0 comments:

Post a Comment

Facebook Like Page