Thursday, June 11, 2015

ပြည်မြို့တွင် ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



ပြည်မြို့တွင် ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ပြည့်သဲမောင်(ပြည်) 09 4236 71883
(၇.၆ .၂၀၁၅)ရက်နေ့၊ ညနေ (၄း၁၅)နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ ပြည်မြို့၊န၀င်းရပ်ကွက်၊ကမ်းနားလမ်းတွင်မူးယစ်ဆေးဝါးများ 

ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၇) ပြည်မြို့မှ ဒုရဲမှူးရွှေသာထွန်း ဦးစီး၍
ရဲတပ်ကြပ်ကြီး ယဉ်ဝင်းကျော်၊ ရဲတပ်ကြပ်ကြီး ခက်ခက်ခိုင်၊ ရဲဒုတပ်ကြပ်
မင်းဆွေ၊ပြည်အမှတ် (၁)နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်
မျိုးသိန်း၊ ရဲတပ်ကြပ်ကြီးအောင်ဆန်း၊ ဒုတပ်ကြပ် အောင်ကျော်ကျော်
တပ်သား ထင်ရှားကျော်၊ တပ်သား ဇော်နိုင်ဝင်းတို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဦးဌေး (န၀င်းရပ်ကွက် ရာအိမ်မှူး) ဦးမြင့်ငွေ
(န၀င်းရပ်ကွက်  ရာအိမ်မှူး) ပြည်မြို့နေသူတို့နှင့်အတူ မူးယစ်ဆေးဝါး
သတင်းအရပြည်မြို့၊ န၀င်းရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၇၀၇)နေ
 ဦးဟန်ဝင်းထွန်းနေအိမ်သို့ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေ
ခဲ့သည်ဟုဆို၏။

ထိုသို့ဝင်ရောက်ရှာဖွေစဉ် ၄င်းနေအိမ်ရှိ စောမင်းဟန် (ခ) စောကြီး၏
အိပ်ခန်းအတွင်းတွင် စောမင်းဟန် (ခ) စောကြီး၊ နိုင်ထူးလွင် (ခ) ကိုတိုး၊
သန်းဇော်ဝင်း (ခ) ရာဇာ၊ အောင်ကိုကို (ခ) ချင်းကုလားတို့ကိုတွေ့ရှိရပြီး
၎င်းတို့ (၄)ဦးရှေ့ ကြမ်းပြင်ပေါ်တွင် DOUBLEMINT စာတမ်းပါ သံဗူးငယ်
အတွင်းပလပ်စတစ်ပိုက်ငယ်ဖြင့်ထုတ်ပိုးထားသည့် WY စာတမ်းပါ ပန်းရောင်
စိတ်ကြွရူးသွပ်းဆေးပြား (၁၀)ပြားစီပါ ပလပ်စတစ်ပိုက်ငယ် (၄)ခု၊ စုစုပေါင်း
(၄၀)ပြား၊ (၄)ဂရမ်ခန့်၊ HUAWEI တံဆိပ်ပါဗူးခွံအတွင်း အဖြူရောင်ပလပ်စတစ်
အိတ်ဖြင့်ထုတ်ပိုးထားသည့်ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက် အလေးချိန်
(၁၅)ဂရမ်ခန့်ပါ အထုတ် တစ်ထုပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်
ကော်ပိုက်နှစ်ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် Coca-Cola တံဆိပ်ပါ
ပလပ်စတစ်ဗူးခွံ (၁)ဗူး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲစက္ကူရွက်ငယ်
(၁)ခု၊ အစိမ်းရောင် ဂက် (စ်) မီးခြစ် (၁)ခုတို့အား၎င်းတို့ (၄)ဦးအား မူးယစ်ဆေးဝါး
သုံးစွဲနေစဉ် တွေ့ရှိရသဖြင့် ၄င်းပစ္စည်းများမှာ စောမင်းဟန်ပိုင်ပစ္စည်းများဖြစ်ကြောင်း၊
 သက်သေများ ရှေ့တွင် ထို (၄)ဦးမှ အပ်ပေးခဲ့သဖြင့် ဒုရဲမှူးရွှေသာထွန်းမှရှာဖွေပုံစံဖြင့်
သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ စောမင်းဟန် (ခ) စောကြီး (၂၈)နှစ်၊
(ဘ) ဦးဟန်ဝင်းထွန်း၊ ကျဘမ်းလုပ်၊ အမှတ် (၇၀၇)၊ န၀င်းကွက်သစ်၊ ကမ်းနားလမ်း၊
န၀င်းရပ်ကွက်၊ ပြည်မြို့နေသူ၊ နိုင်ထူးလွင် (ခ) ကိုတိုး (၂၀)နှစ်၊ (ဘ) ဦးအောင်ကျော်လွင်၊
 ပထမနှစ် အင်္ဂလိပ်စာအဝေးသင်၊ ပြည်တက္ကသိုလ်၊ အမှတ် (၁၂၄၄)၊ ရွှေလက်လှလမ်း၊
န၀င်းရပ်ကွက်၊ ပြည်မြို့နေသူ၊ သန်းဇော်ဝင်း (ခ) ရာဇာ (၂၀)နှစ်၊ စက်သုံးဆီရောင်း၊
န၀င်းကမ်းနားလမ်း၊ န၀င်းရပ်ကွက်၊ ပြည်မြို့နေသူနှင့် အောင်ကိုကို (ခ) ချင်းကုလား
(၂၇)ခုနှစ်၊ န၀င်းရေလွှဲပေါက်လမ်း၊ ပြည်မြို့နေသူတို့ (၄)ဦးအား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် ဒုရဲမှူး
ရွှေသာထွန်းမှ တရားလိုပြုလုပ်တိုင်တန်း ခဲ့သဖြင့် ပြည်အမှတ် (၁)နယ်မြေရဲစခန်း
မယ (ပ) ၁/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉ (က) / ၂၁ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ကာ အမှုအားဒုရဲအုပ်နေလင်းအောင်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page