Saturday, May 23, 2015

အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊ အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

Leave a Comment
အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊  အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်




ပြည် မေ ၂၂


   ပဲခူးတိုင်း၊ပြည်မြို့၊ဘုရင့်နောင်လမ်းမကြီးဘေး  အရှိုချင်း ဓမ္မပညာသင်ကျောင်း မှာ၊မေလ(၂၁)ရက်နေ့ညနေ(၃)နာရီထိုးမှာ၊ အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊  အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပြီး၊ပုသိမ်မြို့ နဲ့ ပြည်မြို့ က သင်တန်းသား(၁၀၀) တို့ နှင့် ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြောင်းသိရသည်။

 “ ဒီသင်တန်းကိုတက်ရောက်တာ၊အင်္ဂလိပ်စာအရည်အချင်းတွေတိုးတက်လာပါတယ်။လူတွေရှေ့မှာ လဲစကားထွက်ပြောရဲလာတယ်၊မတူညီတဲ့ဘာသာဝင်တွေ၊အတူပူးတွဲနေတဲ့အလေံအထတွေပါရခဲ့ပါတယ် “ဟု မနော်မေဂျိုင်းသဲသဲဇွန်(အီးမေဂျာဒုတိယနှစ်)ပြည်မြို့ မှပြောသည်။



ပညာတော်တဲ့လူငယ်တွေအတွက်အခုလို အခွင့်အလန်းတွေရှိတယ်၊ကျိုးစားလို့ထူးချွန်ရင် ၊နောင်တိုင်းပြည်ကို ဦးဆောင်သူတွေ၊ဖြစ်လာနိုင်တယ်၊နိုင်ငံတကာသက္ကသိုလ်တွေကိုတက်လှမ်းနိုင်မယ်လို့၊သင်တန်းမှတာဝန်ရှိသူဆရာမတစ်ဦးမှယခုလိုပြောခဲ့ပါတယ်။



“ ဒီသင်တန်းကနေထူးချွန်သူတွေကို၊အမေရိကားမှာရှိတဲ့သက္ကသိုလ်တွေ ကို စကောလားရှစ်နဲ့တက်ရောက်နိုင်မှာဖြစ်တယ်၊တခြားပရိုဂရမ်တွေ၊အစီအစဉ်တွေကိုလဲ၊အမေရိကန်အစိုးရအစီအစဉ်တွေ နဲ့ လေ့လာသင်ယူနိုင်ပါတယ်။အင်္ဂလိပ်စာအရည်အချင်းတွေ၊ခေါင်းဆောင်ကောင်းအရည်အချင်တွပါ သူတို့တွေ တိုးတက်လာနိုင်ပါတယ်” ဟု ဒေါ်သူဇာသွင်(Caltural Affair Assistant-Education) မှပြောသည်။



“ ဒီသင်တန်းကိုတက်ရတာ၊အတူတကွပူးတွဲလုပ်ဆောင်မှုတွေ၊Leadership စကေးတွေတက်လာပါတယ်။လုမှုပတ်ဝန်းကျင်မှာဘာတွေလိုအပ်သလဲ၊တွေးခေါ်မှုအတတ်ပညာတွေ နဲ့ လူအခြင်းခြင်းခွဲခြားဆက်ဆံမှုတွေလဲ ကင်းဝေးအောင်သင်ယူခဲ့ရပါတယ်။မတူညီတဲ့ဘာသာဝင်တွေ ရဲ့အကြောင်းတွေကိုလဲလေံလာသင်ယူခွင့်ရပါတယ် “ဟု မောင်သူရပိုင်စိုး၊(နည်းပညာသက္ကသိုလ်)ပုသိမ် မှပြောသည်။



အဆိုပါသင်တန်းများကို အမေရိကန်အစိုးရက လွန်ခဲ့တဲ့၊(၁၀)နှစ်ကျော်က စတင်ခဲ့တာဖြစ်ပြီး၊ယခု ဆိုရင်၊နိုင်ငံပေါင်း(၄၀)ကျော်မှာ၊ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်

၊မြန်မာပြည်မှာတော့၊မြစ်ကြီးနား၊စစ်ကိုင်း၊ပြည်၊ကျောက်ဆည်၊မော်လမြိုင်၊ဟိုပုံး၊ပုသိမ်၊ဘားအံ့၊စတဲ့မြို့(၉)မြို့ တို့မှာဖွင့် လှစ်နိုင်ခဲ့ပါတယ်၊သင်တန်းအနေနဲ့(၂)နှစ်တက်ရောက်ရမှာဖြစ်ပြီး၊အခကြေးငွေပေးစရာမလိုပဲ၊ အမေရိကန်၊အစိုးရရဲ့ပံ့ပိုးမှု နဲ့၊ အသက်(၁၆) နှစ်ကနေ(၁၉)နှစ် ရှိတဲ့ သူတွေ တက်ရောက်နိုင်ပါတယ်

သင်တန်းတွင် တစ်ပတ်ကို၊စနေနေ့၊တစ်ရက်သာတက်ရပြီး ကျောင်သားဗဟိုပြု ပုံစံ နဲ့နိုင်ငံတကာစံနှုံးအတိုင်း(4) skills  ,American Cultural ,Democratic Value,Leadership Skill,တို့ နဲ့ မတူညီ တဲ့ ယဉ်ကျေးမှု၊ကွဲပြားတဲ့ကိုးကွယ်မှု၊ တွေ အတူ အတူယှဉ်တွဲနေထိုင်ခြင်း အလေ့အထ တွေကိုပါ၊သင်ကြားပေးကြောင်းသိရသည်။



                                                                              K3(pyay)
ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးသားတင်ဆက်သည်။
09253311019




0 comments:

Post a Comment

Facebook Like Page