Saturday, May 30, 2015

ကျောင်းတက်ပြီး ပညာသင်ချင်သော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်လေးများဆီသို့ ...

Leave a Comment

ကျောင်းတက်ပြီး ပညာသင်ချင်သော
ဆင်းရဲနွမ်းပါးသည့် ကလေးငယ်လေးများဆီသို့ ...
ပြည်မြို့ မင်းကံပိုင်ရပ်ကွက်
အင်္ဂလိပ်စာကျွမ်းကျင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ
သင်တန်းဆင်းပွဲအခမ်းအနားတွင်
ဆင်းရဲနွမ်းပါးသော ကလေးငယ်လေးများကို ကျောင်းသုံးပစ္စည်းကလေးများ သွားရောက်လှူဒါန်းခဲ့ပါသည်။

အလှူများမှာ
၁။ ကိုနန္ဒာ+မအိ ( အောင်မင်္ဂလာ အော့ဖ်ဆက်နှင့်
ပလပ်စတစ်ပုံနှိပ်လုပ်ငန်းမှ ) ဗလာစာအုပ် ၂၀ဒါဇင်၊
ခဲတံ ၁၈၀ ချောင်း၊ ဘောပင် ၃၀ ချောင်း
၂။ မရတနာမှ ဗလာစာအုပ် ၂ ဒါဇင်
၃။ ကိုကိုကျော် ( မေတ္တာရှင် ပရဟိတအဖွဲ့ မလေးရှား )မှ
ခဲတံ ၁၃၂ ချောင်း၊ ကွန်ပါဗူး ၅၂ ဗူး၊
၎။ ဖြူဖြူစင်စင်ကုသိုလ်ရှင် ဘုရားသန့်ရှင်းရေး အဖွဲ့မှ
ဗလာစာအုပ် ၁၀ ဒါဇင်၊ ခဲဖျက် ၆၀ ခု၊
ခဲတံချွန်စက် ၆၀ ခု တို့ ဖြစ်ပါတယ်ခင်ဗျာ။
မနက်ဖြန် စနေ တနင်္ဂနွေရက်များတွင်
မရှိဆင်းရဲနွမ်းပါးပြီး
ပညာသင်ယူ တတ်မြောက်ချင်ကြသော အနာဂါတ်မျိုးဆက်သစ် ကလေးငယ်လေးများကို
အလှူရှင်များ၏စေတနာဖြင့် လှူဒါန်းထားသော
ကျောင်းသုံးပစ္စည်းကလေးများ
အလှူရှင်တွေကိုယ်စား အိမ်တိုင်ရာရောက်
သွားရောက်ပြီး ဆက်လက်၍ လိုက်လံဝေငှလှူဒါန်းသွားမည်ဖြစ်ပါသည်။
မိမိတို့လှူဒါန်းသော ကျောင်သုံးပစ္စည်းကလေးများသည်
ဟောင်းနွမ်းသော်လည်း မရှိဆင်းရဲနွမ်းပါးသည့်
ကလေးငယ်လေးများအတွက်တော့
သူတို့လေးတွေ၏ ဘဝအိမ်မက်ကလေးများကို
အကောင်အထည်ဖော်ပေးနိုင်သည့် အဖိုးတန်ပစ္စည်းကလေးများပင်ဖြစ်ပါသည်။
ထိုကြောင့် အားလုံးသော အလှူရှင်များ
မိမိတို့၏ သားငယ် သမီးငယ်ကလေးများ အသုံးမပြုကြတော့သည့်
ကျောင်းသုံးပစ္စည်း အဟောင်းအနွမ်းကလေးများ စွန့်ကြဲတော်မူနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။
https://www.facebook.com/ko.mg.790
ko Mg
ပြည့်သဲမောင်(ပြည်) 09423671883




0 comments:

Post a Comment

Facebook Like Page