Wednesday, May 20, 2015

သပိတ်မှောက်ကျောင်းသားတွေ ကိုထောက်ခံဆန္ဒပြတဲ့ပွဲ နဲ့ပတ်သတ်ပြီး၊ရဲကို နှောက်ယှက်တယ်လို့ စွပ်စွဲပြီး၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးကို၊ တာဝန်ကနေရပ်

Leave a Comment

သပိတ်မှောက်ကျောင်းသားတွေ ကိုထောက်ခံဆန္ဒပြတဲ့ပွဲ နဲ့ပတ်သတ်ပြီး၊ရဲကို နှောက်ယှက်တယ်လို့ စွပ်စွဲပြီး၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးကို၊ တာဝန်ကနေရပ်စဲ

ပေါင်းတည် မေ ၁၇
လက်ပံတန်းမြို့မှာ ပိတ်ပင် တားစီးခြင်းခံရတဲ့သပိတ်မှောက်ကျောင်းသားတွေကိုလွှတ်ပေးဖို့ကို၊မတ်လ(၃)ရက်နေ့ နဲ့(၅)ရက်နေ့တွေမှာပြည်ခရိုင် ပေါင်းတည်မြို့ကမိဘပြည်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက်ဦးဆောင်သူတွေ ကို ရဲစခန်းမှာ ပုဒ်မ(၁၈)နဲ့အမှုဖွင့်စဉ်မှာ၊၀င်ရောက်ပြောဆိုခဲ့ တယ်လို့စွပ်စွဲပြီး၊ပေါင်းတည်မြို့၊ဟင်္သာရပ်ကွပ်အုပ်ချုပ်ရေးမှုး၊ဦးမင်းဆွေအောင်ကို၊တာဝန်ကနေရပ်ဆဲလိုက်တယ်လို့ဆိုပြီး၊မေ ၁၅ ရက် နေ့စွဲ နဲ့ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှုးလက်မှတ်ရေးထိုးထားသော စာတစ်ဆောင်ထုပ်ပြန်လိုက်တာဖြစ်ပါတယ်။
“ ကျွန်တော်ကိုရပ်ကွက်က မဲ နဲ့ရွေးချယ်ထားတာ ၊မြို့နယ်အုပ်ချုပ်ရေးမှုး၊ခရိုင်၊တိုင်း တွေကနေ ဖြုတ်လို့မရဘူး၊ဒါဆိုရင် အခုဦးသိန်းစိန်ကြံ့ခိုင်ရေးအစိုးရ ကို မဲနဲ့ပြည်သူကရွေးချယ်ထားတာ၊သူ့ကိုကျွန်တော်မကြိုက်ဘူး၊ကျွန်တော်ဖြုတ်ချလို့ရမလား”ဟု ။ဦးမင်းဆွေအောင်(ဟင်္သာရပ်ကွပ်အုပ်ချုပ်ရေးမှုးဟောင်း)မှ ဒီမိုကရေစီတူဒေး သို့ပြောသည်။

“ ဆန္ဒပြ ဦးဆောင်တယ်လို့ဆိုပြီး၊မပါ တဲ့ သူတွေကို၊စခန်းမှုးက၊ပုဒ်မ(၁၈) နဲ့ အမှုဖွင့်လို့ သူက၊စခန်းမှုးကို မေးတာ၊သူဆန္ဒပြတာမဟုတ်ဘူး၊ဒါကိုစခန်းမှုးက၊သူ့ကိုမောင်းထုပ်လိုက်တယ်၊နောက်ဝတ္တရားနှောက်ယှက်တယ်ဆိုပြီးတိုင်လိုက်တယ်ထင်တယ်။သူ့က NLD ပါတီဝင်ဖြစ်နေတော့ သူတို့ နဲ့ ကအစဉ်မပြေနိုင်ဘူး”ဟု ။ဦးရဲကျော်သူ(ပုဒ်မ(၁၈)နဲ့ အရေးယူခံရသူ၊ဒေသခံ) မှပြောသည်။
ပေါင်းတည်မြို့၊ဟင်္သာရပ်ကွပ် အုပ်ချုပ်ရေးမှုး၊ဦးမင်းဆွေအောင် သည် မတ်လ(၃)ရက်နေ့တွင်၊ပေါင်းတည်မြို့မြို့မဈေးအနီးတွင်၊လူငယ်ကွန်ယက်အဖွဲ့၊ကျောင်းသားများ၊အရပ်သားများသည်၊ဒီမိုကရေစီပညာရေးရရှိရေး၊ကျောင်းသားသမဂ္ဂလွပ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး အတွက်ထိုင်လျှက်ဆန္ဒဖေါ်ထုပ်ခဲ့သည့်ဖြစ်နှင့်ပတ်သတ်ပြီး ခွင့်ပြုချက်မရှိပဲဆန္ဒဖေါ်ထုတ်ရာတွင်ပါဝင်သူများအား၊ပေါင်းတည်မြို့မ ရဲစခန်းမှုး နှင့်အဖွဲ့မှ ရှင်းလင်းပြောကြားနေစဉ်၊၀င်ရောက်နှောက်ယှက်ခြင်းနှင့် ၂၀၁၂ ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁) ရပ်ကွပ်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအခန်း (၃) အပိုဒ်(၅)အပိုဒ်ခွဲ (ဋ) နှင့်) ရပ်ကွပ်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေး နည်း ဥပဒေအခန်း(၄)အပိုဒ်(၁၈)တို့အား လိုက်နာရန်ပျက်ကွက်ခဲ့သဖြင့် ) အုပ်ချုပ်ရေးမှုးတာဝန် နှင့် ညီညွတ်မှု မရှိကြောင်းစီစစ်တွေ့ရှိသည့်အတွက်၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ပဲခူးမြို့၏(၆.၄.၂၀၁၅)ရက်စွဲပါစာအမှတ်၊ ၆/၁-၁၉/ဦး ၆ ဖြင့်တာဝန်မှရပ်စဲရန်ညွှန်ကြားလာပါသည်။
သို့ဖြစ်ပါသောကြောင့် ပေါင်းတည်မြို့၊ဟင်္သာရပ်ကွပ် အုပ်ချုပ်ရေးမှုး၊ဦးမင်းဆွေအောင် အား(၁၅.၅။၂၀၁၅)ရက်နေ့မှစပြီး တာဝန်မှရပ်စဲလိုက်သည် ဟူသောစာတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ၊ဦးအောင်ကျော်ဇေယျ လက်မှတ်ရေးထိုးထားသည့် စာတစ်ဆောင်ကို၊ဦးမင်းဆွေအောင်ထံသို့ မေလ(၁၆)ရက်နေ့မှာ၊လာပေးခဲ့တာဖြစ်ပါတယ်။
K3(pyay)
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page