Wednesday, May 27, 2015

ပြည်မြို့တွင်သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများပြုလုပ်

Leave a Comment
ပြည်မြို့တွင်သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများပြုလုပ်
ပြည်-မေ-၂၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အနီးပတ်ဝန်းကျင်ဒေသများတွင် မေလ ၂၀ ရက် တစ်နေ့လုံး မိုးကောင်းခဲ့၍ ဒေသတွင်း ရေကြီးမှုအလားအလာမြင့်မားနေကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည့်အပေါ်နှင့်မိုးရာသီတွင်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးလက်တွေ့လေ့ကျင့်မှုများကိုမေလ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီး သုံးနေရာနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အနီးပတ်ဝန်းကျင် ဒေသများတွင် ရေကြီးဇုန်အလား အလာပုံမှန်ထက် ရာခိုင်နှုန်းများ နေကြောင်း ဒေါက်တာထွန်းလွင်က သတိပေးခဲ့တာဖြစ်ပြီး အဆိုပါသတိပေးမှုများအပြင် မိုးရာသီသဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများကို ပြည်မြို့ဧရာဝတီမြစ်ရေပြင်တွင်လက်တွေ့ကျကျလေ့ကျင့်လျှက်ရှိကြောင်းသိရသည်။
လက်ရှိတွင်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်လို့အပ်သောကယ်ဆယ်ရေးပစ္စည်းများနှင့်လေ့ကျင့်မှုများပြုလုပ်ထားပြီးအသင့်အနေအထားတွင်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့ဝင်တချို့ကပြောသည်။
အဆိုပါလေ့ကျင့်မှုမှာ ၂၀၁၅ခုနှစ်အတွင်းဒုတိယအကြိမ်လေးကျင့်မှုဖြစ်ပြီးသန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် (၅၈)ဦးပါဝင်ခဲ့ကြောင်းနှင့် ပြည်မြို့နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့အတွင့်သီးသန့်ဖွဲ့စည်းထားသောအဖွဲ့တွင် တပ်ခွဲတစ်ခွဲစာအဖြစ်(၁၁၆) ဦးပါဝင်ကြောင်း ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှသိရပြီး လက်ရှိပြည်မြို့အပါအ၀င် အနီးနားတွင် မြစ်ရေကြီးမှုတစ်စုံတရာမရှိသေးကြောင်းသိရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page