Wednesday, May 27, 2015

လယ်ယာမြေတွေပြန်မရလို့ ထွန်တုံးတိုက်ပွဲပြုလုပ်

Leave a Comment
လယ်ယာမြေတွေပြန်မရလို့ ထွန်တုံးတိုက်ပွဲပြုလုပ်
ပြည်-မေ-၂၇
ပဲခူးတိုင်း၊ပြည်မြို့ နယ်အတွင်းက၊ မြန်မာ့ကြံလုပ်ငန်းကသိမ်းယူခဲ့တဲ့ လယ်တွေပြန်ရဖို့အတွက် နဂိုပိုင်ရှင်လယ်သမားတွေမှ ၀င်ရောက်ပြီးထွန်တုံးတိုက်ပွဲဆင်နွဲခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းမှ ရှမ်းကုန်း၊ရှမ်းစု၊ပန်းတင်ကျေးရွာတွေက အသိမ်းခံထားရတဲ့ လယ်တွေပြန်ရဖို့အတွက်ကို မူလတောင်သူ(၅၀)ခန့်မှ မေလ(၂၇)ရက်နေ့ မနက် ၉-နာရီခန့်တွင် ၊နွား(၁၁)ရှင်း နဲ့ ၀င်ရောက်ပြီးထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သိမ်းဆည်းခံမြေတွေ ပြန်ရဖို့ ကိုအစိုးရဌာနဆိုင်ရာအသီးသီးကို တိုင်စာပေးပို့ခြင်း၊ ဆုတောင်းပွဲများ ၊ ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပေမဲ့ အကြောင်းမထူးခဲ့တာကြောင့် အခုလိုဝင်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။
အခုလိုလူအင်အားနဲ့ ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်းကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ နယ်မြေခံရဲတပ်ဖွဲ့ကှလာရောက် ကြည့်ရှု ခဲ့ ပေမဲ့ တားမြစ်ခြင်းနှောက်ယှက်ခြင်းမရှိခဲ့ပါဘူး။
၁၉၉၆-၁၉၉၇ ခုနှစ် လောက်က မြေ (၂၀၇)ဧက ကျော်ကို မြန်မာ့ကြံလုပ်ငန်းက န၀ဒေးသကြားစက်အတွက်သိမ်းယူခဲ့ပြီး သကြားစက် ကို ပုဂ္ဂလိကသို့လွှဲပြောင်းပေးတဲ့ အခါ သိမ်းယူထားတဲ့ မြေတွေကိုလယ်သမားတွေထံ ပြန်မပေးပဲသကြားစက်ကိုဆက်လက်လုပ်ကိုင် နေတာကြောင့်မူလပိုင်ရှင်တောင်သူတွေက၊ပြန်လိုချင်နေတာဖြစ်ပါတယ်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
k3(pyay)
မောင်ပန်ကာ(ပြည်)

0 comments:

Post a Comment

Facebook Like Page