Tuesday, April 7, 2015

မဟာသင်္ကြန်ကာလအတွင်းမော်တော်ယာဉ် အသုံးပြု သူများ၊ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်းကြေငြာချက်ဆိုင်းဘုတ်များ စိုက်ထူ ပိုင်ထူး(ပြည်)

Leave a Comment

မဟာသင်္ကြန်ကာလအတွင်းမော်တော်ယာဉ် အသုံးပြု သူများ၊
လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက်
ယာဉ်စည်းကမ်းကြေငြာချက်ဆိုင်းဘုတ်များ စိုက်ထူ

ပိုင်ထူး(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင်မဟာသင်္ကြန်ကာလအတွင်း
မော်တော်ယာဉ် အသုံးပြု သူများ၊လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်း
ဝေးစေရေးအတွက် ပဲခူးတိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းကြီးကြပ်
မှုကော်မတီမှထုတ်ပြန်ထားသောမော်တော်ယာဉ်များအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းကြေငြာချက်များအား ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်
သက်ခိုင်ကြီးကြပ်ကွပ်ကဲမှုဖြင့်အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့မှတပ်ဖွဲ့စုမှူး ဒုရဲ
မှူးဝင်းနိုင်ဦးနှင့်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည်ပြည်မြို့နယ်အတွင်းဗိုလ်ချူပ်ကြေးရုပ်အနီး ၊ပြည်မြို့မရဲစခန်းရှေ့၊ပြည်မြို့အဝေးပြေးကားကြီးဝင်းရှေ့နှင့်
ပြည်-ပေါက်ခေါင်းကားလမ်းဘေးတို့၌(၈.၄.၂၀၁၅)ရက်နေ့ကကြေငြာချက်
ဆိုင်းဘုတ်များစိုက်ထူခဲ့ပြီးယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက်လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပိုင်ထူး(ပြည်)


0 comments:

Post a Comment

Facebook Like Page