Saturday, April 25, 2015

လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များပျက်စီးဆုံးရှုံး

Leave a Comment


လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များပျက်စီးဆုံးရှုံး
ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီးအနောက်ပိုက်းပြည်မြို့နယ်အတွင်း တွင်ဧပြီလ ၂၁ရက်နေ့ နေ့လည် ၃နာရီခွဲခန့်တွင်လေပြင်း
တိုက်ခတ်မှုကြောင့်သစ်ပင်များလူနေအိမ်များပေါ်သို့လဲပြိုသောကြောင့် အိမ်သုံးအိမ်ပျက်စီး၍ ၂၁အိမ်မှာ အမိုးများလန်ထွက်သွားခြင်း ဒိုင်း မြှား များ ကျွတ်ထွက်ခြင်းတို့ ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မြရွာ ကုန်းသလင်း ဇရစ်ချောင် ရွာများမှ စုစုပေါင်းအိမ်ခြေ ၂၁အိမ် နှင့် မြရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှအမိုးများလန်ထွက်ကာ ပုညရှင်စေတီမှ ထီးတော်မှာလည်းယိုင်သွားကြောင်း သိရသည်။လေပြင်းတိုက်ခတ်မှုကြောင့် မြရွာ မြစ်ကမ်းနံဘေးရှိ မန်ကျည်းပင်တပင်ပြိုကျကာ အိမ်နှစ်လုံးပေါ်သို့ကျပျက်စီးခဲ့ပြီး မြရွာသကြားစက်အဝင်ရှိ အိမ်တလုံးမှာလဲပျက်စီးခဲ့ကြောင်းသိရသည်။
“လေစပြီးတိုက်လာတဲ့အချိန်မှာ မိန်းမနဲ့ကလေးတွေကို အခြားတနေရာကိုရွေ့ ပြောင်းခိုင်းလိုက်ရတယ်။သိပ်မကြာဘူးမိုးသီးတွေနဲ့ အတူလေကကြမ်းလာပြီး ဒီမန်ကျည်းပင်ကြီးလဲကျတာ အိမ်နှစ်အိမ်ပေါ်ကို လူတွေလွတ်အောင်မနည်းထွက်ပြေးခဲ့ရတယ်”ဟု မြရွာကျေးရွာနေ အိမ်ပြိုကျသူ ကိုနိုင်ကြီးမှဒီမိုကရေစီတူဒေးသို့ပြောသည်။
လေပြင်းတိုက်ချိန်မှာမကြာသော်လည်း အိမ်အများအပြားမှာ အမိုးများလန်ထွက်ခြင်း မြောက်မှတောင်သို့ ယိမ်းယိုင်သွားခြင်းများဖြစ်သွားကြောင်းသိရသည်။
“ကျွန်တော်တို့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုအကြောင်းကြားပြီးပါပြီ မြို့နယ်ရုံးကလဲစာရင်းတွေကောက်ခိုင်းထားတယ် လူအသေအပျောက်တော့မရှိပါဘူး မြစ်တဖက်ကမ်း ဇီးအိုင်
ရွာက မူလတန်းကျေင်းတစ်ကျောင်းလဲပျက်စီးသွားသေးတယ်”ဟု ရပ်ထောက်ကူဥက္ကဌ ကိုအောင်သူမှဆိုသည်။
ယခုလေပြင်းတိုက်ခတ်မှုမှာ ယခုနှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသီးများ
ကြွေကျခဲ့ပြီးမိုးများလည်းသည်းထန်စွာရွာသွန်းခဲ့ကြောင်းသိရပါသည်။
ုk3(pyay).(ဒီမိုကရေစီတူဒေး)..(ခေါ်)..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page