Saturday, April 25, 2015

သရေခေတ္တရာပြတိုက်နှင့်ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းနိုင်ငံခြားသားဝင်ရောက်မှုနှစ်ဆခန့်မြင့်တတ်

Leave a Comment


သရေခေတ္တရာပြတိုက်နှင့်ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းနိုင်ငံခြားသားဝင်ရောက်မှုနှစ်ဆခန့်မြင့်တတ်
ပြည် ဧပရယ် ၂၂
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်
သရေခေတ္တရာပျူမြို့ဟောင်းနှင့်မှော်ဇာမြို့ရှိသရေခေတ္တရာပြတိုက်သို
့နိုင်ငံခြားသားဝင်ရောက်လေ့လာမှုမှာယခင်နှစ်ထက် နှစ်ဆခန့်မြင့်တတ်လာကြောင်း
ပြတိုက်၏စာရင်းများအရသိရသည်။

သရေခေတ္တရာပျူမြို့ဟောင်းဇုန်နယ်မြေသို့ဝင်ရောက်လေ့လာရန်အတွက်နိုင်ငံခြားသားတယောက်လျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်ကောက်ခံပြီး ၁.၃.၂၀၁၅မှစ၍၁.၃.၂၀၁၆ အထိမြန်မာနိုင်ငံသားများကိုဝင်ကြေးအခမဲ့ဖြင့်ဝင်ရောက်ကြည့်ရှုလေ့လာခွင့်ပြုထားကြောင်း ယခင်ကမြန်မာနိုင်ငံသားတဦးလျှင်လူကြီး(၂၀၀)ကျပ်နှင့်ကလေး(၁၀၀)ကျပ်ကောက်ခံကြောင်းသိရသည်။အဆိုပါသရေခေတ္တရာပျူမြို့ဟောင်းသို့နိုင်ငံခြားသားဝင်ရောက်မှု့မှာခန့်မှန်းထားသည်ထက်ပိုမိုဝင်ရောက်ကြောင်းဥရောပနိုင်ငံများအနေနှင့်သြစတေးလျ၊ဂျာမဏီ၊ဆွစ်ဇာလန်၊အမေရိကန်၊အင်္ဂလန်နိုင်ငံနှင့်ဂျပန်နိုင်ငံသားများလာရောက်လေ့လာမှုအများဆုံးရှိကြောင်းသိရသည်။
“အခုလိုနိုင်ငံခြားသားတွေလာရောက်လေ့လာတဲ့အတွက်ဒေသခံတွေရဲ
့အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီးတော့ရှိလာတယ် ဂျပန်နိုင်ငံသားအများစုဟာ
ရိုးရာလှည်းယာဉ်နဲ့မြို့ဟောင်းထဲကိုလှည့်လည်ကြည့်ရှုတဲ့အတွက် ဒေသခံတွေဟာ
လယ်ယာလုပ်ငန်းများအပြင် လှည်းယာဉ်ကလှည်းအပိုဝင်ငွေရကြတယ်”ဟု
မှော်ဇာပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှုးဒေါ်မြင့်မြင့်သိန်းကဆိုသည်။
“ မြန်မာပြည်အနှံ့ရှေးဟောင်းယဉ်ကျေးမှုအဆောက်အုံတွေကို လေ့လာနေတာပါ သရေခေတ္တရာ
ရှေးဟောင်းမြို့တော်မှာ လိုက်ပြီးလေ့လာကြည့်တာစိတ်ချမ်းမြေ့စရာရှိတယ် ရှေးဟောင်းအဆောက်အအုံ
တွေဖြစ်လို့ ကျတော်ပိုပြီးစိတ်ဝင်စားမိပါတယ် လမ်းတွေကတော့ သွားလာရခက်ခဲနေတယ် သရေခေတ္တရာမြို့တော်ဟောင်းထဲနေရာအစုံသွားဖို့ လမ်းမကောင်းသေးဘူး ကျေးဇူးးတင်ပါတယ်” ဟု အမေရိကန်
နိုင်ငံသား မစ္စတာ ဂျွန်ဟင်နရီ(Mr Jhon Henry)မှ ဒီမိုကရေစီတူဒေးသို့ပြောသည်။
သရေခေတ္တရာပျူမြို့ဟောင်းသို
့၂၀၁၃-၂၀၁၄ဘဏ္ဍနှစ်တွင်နိုင်ငံခြားသားဝင်ရောက်လေ့လာ မှုအတွက်
ကောက်ခံရရှိငွေမှာ(၈၆၆၅၀၀၀)ကျပ်နှင့်သရေခေတ္တရာပြတိုက်သို့ဝင်ရောက်လေ့လာမှုအတွက်(၁၂၄၀၅၀၀၀)ကျပ်ဖြစ်ပြီး၂၀၁၄-၂၀၁၅ဘဏ္ဍနှစ်တွင်မူသရေခေတ္တရာပျူမြို့ဟောင်းသို့နိုင်ငံခြားသားဝင်ရောက်လေ့လာမှုအတွက်ရရှိငွေမှာ(၁၅၄၂၀၀၀၀)ဖြစ်ပြီးသရေခေတ္တရာပြတိုက်အတွင်းဝင်ရောက်လေ့လာမှုအတွက်(၃၀၉၂၀၀၀၀)ဖြစ်ကြောင်းရှေးဟောင်းသုသေသနနှင့်အမျိုးသားပြတိုက်ဦးစီးဋ္ဌာနမှစုံစမ်းသိရှိရသည်။
ပျူယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း ၃ မြို့တွင်
မကွေးတိုင်း တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးမြို့ဟောင်းသည် ရှေးအကျဆုံး ဖြစ်ပြီး ခရစ်နှစ် ၁ ရာစုမှ ၅ ရာစုခန့်အထိ ထွန်းကားခဲ့ကြောင်း၊ ဟန်လင်းမြို့မှာ ခရစ်နှစ် ၃ ရာစုခန့်မှ ၉ ရာစုခန့်အထိထွန်းကား ခဲ့ပြီး ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့မှာ ၃ ရာစုခန့်မှ ၁၀ ရာ စုခန့်အထိ ထွန်းကားခဲ့ကြောင်း ရှေးဟောင်းသမိုင်း သုတေသီများက ခန့်မှန်းခဲ့ ကြသည်။
သတင်းနှင့်ဓါတ်ပုံ k3(pyay)
ယူနက်စကို အသိအမှတ်ပြု သရေခေတ္တရာရှေးဟောင်းယဉ်ကျေးမှု့ပျူမြို့တော်အတွင်းတည်
ထားသော ဘုရားထောင်ဘုရားအားတွေ့ရစဉ်...

K3(pyay)(ဒီမိုကရေစီတူဒေး)
(ခေါ်) ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page