Thursday, March 5, 2015

စိတ်ကောင်းရှိဖို.အဓိက ...သရ၀ဏ်(ပြည်)

Leave a Comment
စိတ်ကောင်းရှိဖို.အဓိက
############

သရ၀ဏ်(ပြည်)

မန္တလေးမြို.ကိုရောက်တိုင်း ၊ ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်. အမရပူရ ရှိ မဟာဂန္ဖာရုံ ကျောင်းတိုက်သို.သွားကာ သံဃာတော်များ၏ကြည်ညိုဖွယ်မြင်ကွင်းနှင်. ဆွမ်းစားပုံမြင်ကွင်းများကိုနိုင်ငံခြားသားများအားပြဖြစ်သည် ။မဟာဂန္ဖာရုံကျောင်းသို.အကြိမ်ကြိမ်ရောက်ဖူးသော်လည်း ရောက်သည်.အကြိမ်တိုင်း လေးစားစိတ်ဖြင်.ငေးကြည်.ခဲ.ရသောဆိုင်းဘုတ်တခုရှိသည် ။ ထိုဆိုင်းဘုတ်သည် မဟာဂန္ဖာရုံကျောင်းတိုက်ကိုတည်ထောင်သူကျေးဇူးတော်ရှင် ကျမ်းပြုအကျော် ဆရာတော် အရှင်ဇနကာဘိဝံသ ၏သြ၀ါဒလက်စွဲဆောင်ပုဒ်လည်းဖြစ်ပါသည် ။ ကျောင်းတိုက်သို.ရောက်လာသော စာသင်သား ကိုရင် နှင်. သံဃာတော်အားလုံးသိသာစေရန်အောက်ပါအတိုင်း ရေးသားထားပါသည် ။
ဤကျောင်းတိုက်၌
၁။ စိတ်ကောင်းရှိဖို.က………… ပထမ
၂။ ၀ိနည်းလေးစားဖို.က………. ဒုတိယ
၃။ ကျန်းမာဖို.က …………. တတိယ
၎။ သန်.ရှင်းဖို.က …………… စတုတ္ထ
၅။ အ၀တ်အစားတတ်ဖို.က ……… ပဉ္စမ
၆။ အနေအထိုင်တတ်ဖို.က …… ဆဋ္ဌမ
၇။ အပြောအဆိုတတ်ဖို.က ……. သတ္တမ
၈။ အသွားအလာတတ်ဖို.က…… အဋ္ဌမ
၉။ စည်းကမ်လိုက်နာဖို.က……… န၀မ
၁၀။ စာတတ်ဖို.က ……………… ဒသမ
ထိုလမ်းညွှန်ဆိုင်းဘုတ်ကို ဖတ်မိတိုင်း ကျွန်တော်.စိတ်ထဲမှာ မေးခွန်းတခုကိုမမေးပဲမနေနိုင် ။ စာသင်သား သာသနာ.၀န်ထမ်းများသည် စာတတ်ချင်၍ ၊ ဗုဒ္စစာပေများကိုလေ.လာချင်၍ ဤကျောင်းတိုက်သို.ရောက်လာကြသည်ဖြစ်ရာ စာတတ်ဖို.သည်အဓိကမဖြစ်သင်.ဘူးလား ၊ စာတတ်ဖို.သည် ပထမ မဖြစ်သင်.ဘူးလား ။ ဘာ.ကြောင်. စိတ်ကောင်းရှိဖို.သည် ပထမဖြစ်နေသလဲ ဟူသောမေးခွန်းဖြစ်သည် ။ ထိုမေးခွန်း၏အဖြေကို အရှင်ဇနကာဘိဝံသကိုယ်တိုင်ရေးသားသော တစ်ဘ၀သံသရာစာအုပ် စာမျက်နှာ ၃၆၅ ၌
“ စိတ်ကောင်းရှိဖို.က…ပထမ ဆိုတဲ.နံပါတ်(၁)က ဤကျောင်းတိုက်မှာနေလိုရင် အကြီးကအငယ်ကိုနှိမ် ၊ အငယ်ကအကြီးကိုမရိုသေ ဆိုတဲ.စိတ်မျိုး၊ ကိုယ်.ထက်သာသူကို မနာလိုတဲ. က္ကုသာစိတ် ၊ ဥာဏ်ဝီရိယကောင်းတဲ.သူကို တိုးတက်မှာစိုးတဲ. မစ္ဆရိယစိတ် ၊ အလွန်ထင်ရှားသိသာတဲ.တဏှာရာဂစိတ် ၊ ဂုဏ်နဲ.လာဘ်ကိုအလွန်လိုလားတဲ.လောဘစိတ် ၊ပြင်းထန်တဲ.ဒေါသစိတ် ၊ မာန်မာနစိတ်စတဲ.စိတ်မျိုးတွေမဖြစ်စေပဲ ဆရာပီပီ တပည်.ပီပီရိုသေလေးစားတဲ.မေတ္တာစိတ် ၊ မကျန်းမာသူကိုသနားတဲ.ကရုဏာစိတ် ၊ သူတစ်ပါးပညာတတ်သည်ကို လာဘ်ပေါသည်ကို ၀မ်းမြောက်တဲ.မုဒိတာစိတ် ၊ဘုရားဝေယျာဝစ္စကိုစိတ်ပါလက်ပါ ပြုလိုတဲ.စိတ် ၊ သဒ္စါတရားကောင်းတဲ.စိတ်၊ ပျော.ပျောင်းနူးညံ.တဲ.စိတ် ၊ အပါယ်လေးပါးကြောက်တဲ.စိတ် ၊ မဂ်ဖိုလ်နိဗ္ဖန်လိုလားတဲ.စိတ်စတဲ.စိတ်မျိုးတွေရှိရမယ် “ ဟုအသေးစိတ်ရှင်းပြထားသည် ။ ဤရှင်းလင်းချက်ကိုဖတ်ရမှ လူတွင်ဘာအလုပ်ပဲလုပ်လုပ် စိတ်ကောင်းရှိဖို. (၀ါ) စိတ်ဆိုးစိတ်ယုတ်တွေမရှိဖို.အရေးအကြီးဆုံးဆိုတာသဘောပေါက်လက်ခံမိပါတော.သည် ။ ထို.ကြောင်.ပဲ မဟာဂန္စာရုံကျောင်းတိုက်၏စည်းကမ်းဆယ်ချက်ထဲတွင် စိတ်ကောင်းရှိဖို….ပထမ ဟုသတ်မှတ်လိုက်ခြင်းဖြစ်မည် ။
မှန်၏ ။ လူသည်စိတ်ကောင်းမရှိသောအခါ မည်သည်.အလုပ်ကိုပဲလုပ်လုပ် ၊ ထိုအလုပ်၏အကျိုးစီးပွားကိုလူအများမခံစားနိုင် ၊ ကာယကံရှင်တစ်ယောက်ပဲလောဘတကြီး အခွင်.အရေးကိုစားသုံးတော.မည်ဖြစ်သည် ။ ကိုယ်နှင်.အပြိုင်အလုပ်လုပ်ရာနယ်ပါယ်တွင်လည်း မိမိထက် ဥာဏ်သာသူ ၊ ၀ီရိယသာသူ များ ကိုယ်.ကိုကျော်သွားမှာမနာလို မစ္ဆရိယစိတ်ထားဖြင်. မစားရသည်.အမဲသဲနှင်.ပက်ကာ အမျိုးမျိုးဆန်.ကျင်ဖျက်ဆီးကြပေဦးမည် ။ ထို.ကြောင်.စိတ်ကောင်းရှိဖို.အရေးသည်အဦးအဆွ ၊ အရေးအကြီးဆုံးအချက်ကြီးပင်ဖြစ်၍နေပါတော.သည် ။
ကျွန်တော်တို.နိုင်ငံတွင်ဖြစ်ပွားနေသော အခက်အခဲအကြပ်အတည်းများ ၊ ပဋိပက္ခများ ၊ အစိုးရနှင်.ပြည်သူထိပ်တိုက်ရင်ဆိုင်တွေ.ရမှုများ ၏အဓိကအဖြေမှာလည်း အုပ်စိုးသူလူတန်းစား၏ စိတ်ကောင်းရှိမှု မရှိမှု ၊ ရိုးသားမှုရှိမှုမရှိမှုတွင် ၁၀၀ ရာခိုင်နှုန်းမှီတည်နေတာကိုသွားတွေ.ရပါသည် ။ဥပမာလတ်တလောဖြစ်ပွားနေသော ကျောင်းသားသပိတ်ပြသနာကိုကြည်.ပါ ။ ကျောင်းသားမျာတောင်းဆိုသော အချက် (၁၁) ချက်ကို ပညာရေးဝန်ကြီးဌာန ၊ လွှတ်တော် တို.မှကိုယ်စားလှယ်များက သဘောတူလိုက်ပြီ ဟုသတင်းထွက်လာစဉ်ကကျွန်တော်တို.သည် များစွာသံသယဖြစ်ခဲ.ကြသည် ။ အစိုးရသည်တခါမျှဤသို.သဘောမကောင်းခဲ.ဖူးသဖြင်. ယခုကဲ.သို.အားလုံးသဘောတူပါသည်ဆိုခြင်းမှာ သဘောရိုးဖြင်. သဘောတူတာမှဟုတ်ပါလေစ ။ အရူးမီးဝိုင်းသလိုရင်ဆိုင်နေရသောပြသနာသောင်းခြောက်ထောင်ရှိနေချိန်တွင် အဓိကထိုးနှက်ချက်နောက်တခုဖြစ်သော ကျောင်းသားသပိတ်စစ်ကြောင်းများအုန်းအုန်းကျွက်ကျွက် ရန်ကုန်မြို.သို.ချီတက်လာခြင်းကို တားဆီးလိုခြင်းက ပညာရေးဝန်ကြီးဌာန (အစိုးရ )၏အဓိကသဘောထားဖြစ်မည် ။ မြန်မာ.ပညာရေးကိုတိုးတက်စေချင်လို.တို. ၊ ကျောင်းသားများကိုသားသမီးသဖွယ်သဘောထားလို.တို. ၊ ပြည်သူ.ဆန္ဒလေးစားလို.တို.ဆိုခြင်းမှာ မျက်နှာဖုံးပေါ်မှ အပြုံးများဖြစ်မည် ။ စိတ်ကောင်းစေတနာဖြင်.ပြောခြင်းထက် ကျောင်းသားသပိတ်စစ်ကျောင်းပြိုကွဲသွားရင်ပြီးရောဟူသည်. မူမမှန်သောစိတ်နေစိတ်ထားကြောင်.ဖြစ်လိမ်.မည် ။ စိတ်နေစိတ်ထားမူမမှန်ကြောင်းသိနိုင်သည်မှာ ကျောင်းသားများနှင်.လေးပွင်.ဆိုင်ဆွေးနွေးစဉ်အားလုံးသဘောတူပါသည် ။ လွှတ်တော်သို.တင်ပြပေးပါမည်ဟု လူကြီးကတိပေးခဲ.၊ လက်မှတ်များရေးထိုးထုတ်ပြန်ခဲ.ပြီးမှ ကျောင်းသားတို.ပြင်ဆင်လိုသောဥပဒေကြမ်း၏မကောင်းကြောင်းများကို အစိုးရပိုင် သတင်းစာများမှ ဆက်တိုက်ပုတ်ခတ်ဝေဖန်ရှုတ်ချမကောင်းမြင်ရေးသားနေခြင်း ၊ ပါမောက္ခချုပ်များ ၊ကျောင်းအုပ်ကြီးများမှတဆင်. ပညာရေးဝန်ကြီးဌာနသည် ၄၂ မျက်နှာပါ စာတမ်းကိုလျှို.၀ှက်ကြိတ်ပုန်းခုတ်၍ဖြန်.ဝေကာ ကျောင်းသားနှင်.ပြည်သူလူထု ၊ ကျောင်းသားနှင်.၀န်ထမ်းများစိတ်ဝမ်းကွဲအောင် လုပ်ဆောင်လာခြင်း ၊ အမျိုးဘာသာစောင်.ရှောက်ရေး သံဃာတော်များအဖွဲ.နှင်.ကျောင်းသားများကိုလှည်.တိုက်ပေးခြင်း စသည်. လုပ်ရပ်များကိုကြည်.၍ပြောနိုင်ခြင်းဖြစ်သည် ။ စိတ်ကောင်းသာတကယ်ရှိလျင် မိမိပြောထားပြီးသော ကတိတလုံးကိုဤသို.အလွယ်တကူဖျက်မည်မဟုတ်ပေ ။ ကျောင်းသားထုကိုကတိတလုံးလွယ်လွယ်ပေးပြီး ၊ လူစုကွဲသွားလျှင်ပြီးရောဟူသောသဘောမျိုးလုပ်ဆောင်လာခြင်းမှာ အရှင်ဇနကာဘိဝံသဟောကြားသွားသော က္ကုသာ မစ္ဆရိယ စိတ်ဖုံးလွှမ်းခြင်း မုဒိတာ စိတ်၊ ကရုဏာစိတ်ပျောက်ဆုံးခြင်းဖြစ်သည် ။ ရန်ကုန်တိုင်းအ၀င်တွင်လက်နက်အပြည်.နှင်. လုံခြုံရေးတပ်ဖွဲ.အသင်.နေရာယူထားခြင်းမှာလည်း ကြမ်းကြုတ်သောမူလသဘောကိုလှစ်ဟနေသလိုရှိပေသည် ။
ယနေ.နံနက်သတင်းစာ၌ ဖတ်ရသည်မှာ အသက် ၈၈ နှစ်အရွယ်အဖွားအိုတဦးအားနေပြည်တော်စည်ပင်တရားရုံးက ပုဒ်မ ၂၆ ဖြင်.ထောင်ဒဏ်တလချမှတ်လိုက်ပြီး ၈၂ နှစ်အရွယ်အဖွားအိုတဦးကို ပုဒ်မ ၂၇ ဖြင်.ထပ်မ့တရားစွဲထားသည်ဆိုသောသတင်းဖြစ်သည် ( The Daily Eleven ၂၈.၂.၂၀၁၅)ထိုသတင်းထဲ၌ ထောင်ချခံရသောအဖွားအိုပြန်ပြောသည်မှာ “ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာ ဆင်းရဲသားပပျောက်လို.လဲ ။သမ္မတကြီးကမှနေစရာလေးချမပေးရင်အဘွားတို.ဘယ်နားနေရမှာတုန်း။ သမ္မကြီးပြောတာကို တီဗွီမှာလည်းကြားဖူးတယ် ၊ရေဒီယိုထဲမှာလည်းကြားဖူးတယ် ။ပြောတာနဲ.ကတခြားစီဖြစ်မနေဘူးလား ။ သူတို.ကျတော.တိုက်နဲ.ကားနဲ.နေလို. ။အဘွားတို.ကျတော.ထောင်ချနေတာ။ စဉ်းစားကြည်.ပေးပါဦး ။ကိုယ်.ဟာနဲ.ကိုယ်အဖြစ်ခံနေရတာ ။ဝမ်းလည်းနည်းတယ် ၊ရှက်လည်းရှက်တယ် ။ သမ္မတကြီးနဲ.တွေ.ရင်ဒူးထောက်တောင်းပန်မယ် ၊ အဘွားတို.နေတဲ.နေရာမှန်ကန်တဲ.အကြောင်းကိုပြောပြချင်တယ် “ ။ ဤအဖြစ်အပျက်တွင်လည်း အသက်အရွယ်မရွေး ကျူးကျော်နေထိုင်သူကိုတရားစွဲထောင်ချရမည် ဆိုသည်.ရှုထောင်.မှကြည်.လျှင် အစိုးရဘက်မှမှန်ပါသည် ။ သို.သော်ထိုသူများသည် အမှန်တကယ်ကျူးကျော်သူများဟုတ်မဟုတ် ။ အစဉ်အဆက်ထိုနေရာတွင်နေထိုင်လာသူများဟုတ်မဟုတ် ။ နေစရာမရှိသဖြင်. ရရာနေရာတွင်နေနေရှာသောအားကိုးရာမရှိသည်.သက်ကြီးရွယ်အိုများဟုတ်မဟုတ် ဆိုသည်.အချက်များကို စိတ်ကောင်းစေတနာဖြင်.စဉ်းစားချင်.ချိန်ဖို.ကောင်းသည် ။ မိမိ မိခင်သာ အသက် ၈၈ နှစ်တွင်ထောင်ချခံရလျင် ရင်ထဲမှာဘယ်လိုခံစားရမည်ကိုလည်း ကိုယ်ချင်းစာစိတ်ကလေးဖြင်. စဉ်းစားကြဖို.ဖြစ်သည် ။ ဤအမှုသည်နိုင်ငံတော်ပုန်ကန်မှုလည်းမဟုတ် ။ နိုင်ငံအတွင်းနေစရာမရှိသူဆင်းရဲသားများကိုနေစရာစီစဉ်ပေးရမည်.တာဝန်မှာ နိုင်ငံ.ခေါင်းဆောင်များ၏တာဝန်ဖြစ်သည် ။
ထိုတာဝန်ကိုထမ်းဆောင်ရာတွင် စေတနာသည်အဓိကကျပါသည် ။ စေတနာရှိလျင် လုပ်ငန်းတခုသည် အကောင်အထည်ဖော်နိုင်ဖို.မခက်တော.ပါ ။
သတင်းထောက်ကိုပါကြီး အသတ်ခံရမှုတရားခံတိတိကျကျ အရေးမယူနိုင်သေးချိန် ၊ ကချင်ပြည်နယ်တွင် ဆရာမနှစ်ဦးအသတ်ခံရမှု ဘာမှမထူးခြားသေးချိန်တွင် မုံရွာမြို.မှ အလွတ်တန်းသတင်းထောက်ကိုအောင်နေမျိုးထပ်မံဖမ်းဆီးခံရခြင်းသတင်းကလည်းသတိပြုစရာဖြစ်လာပါသည် ။ ဖေ.စ်ဘွတ်ပေါ်တွင်ရေးသားသောသတင်းတပုဒ်အတွက် အစိုးရအကြည်ငြိုပျက်စေမှု ၊ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (က) / (င) ဖြင်.အမှုဖွင်.အရေးယူခံခဲ.ရသည် ။ ယခင်ကလည်း ယူနတီဂျာနယ်မှသတင်းထောက်များကို နိုင်ငံတော်လျှို.၀ှက်ချက်ပေါက်ကြားမှုဖြင်. အရေးယူအပြစ်ပေးခဲ.သည် ။ဖေ.စ်ဘွတ်ပေါ်တွင်ရေးသားမှုအတွက် မြန်မာနိုင်ငံတွင် ပထမဆုံးအရေးယူခံရခြင်းလည်းဖြစ်သည် ။အလားတူအမှုမျိုးတွင် လွှတ်တော်ကိုသရော်လှောင်ပြောင်ဝေဖန်ခဲ.သူ ဒေါက်တာဆိတ်ဖွားဆိုသူကို ဖော်ထုတ်အရေးယူရန်စီစဉ်ခဲ.ကြသော်လည်းနောက်ဆုံးတွင် (အချင်းချင်းတွေဖြစ်နေ၍လားမသိ) အရေးမယူပဲလျှောချသွားပေသည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ပုတ်ခတ်သော Post တခုတင်ခဲ.သောပြည်ထောင်စုဝန်ကြီးတဦး၏ဇနီးမှာလည်း ဘာပုဒ်မနှင်.မှအရေးယူမခံရပေ ။ ကျောင်းသားများ ၊ ဒေါ်အောင်ဆန်းစုကြည်နှင်. N.L.D ပါတီကိုမိုက်မိုက်ရိုင်းရိုင်းထိုးနှက်တိုက်ခိုက်နေသော Facebook account များစွာရှိသော်လည်း အစိုးရသည် စိတ်ကောင်းစေတနာ မေတ္တာ ကရုဏာပြည်.၀စွာဖြင်.ခွင်.လွှတ်ထားခဲ.ပါသည် ။ ယခုလည်း ကိုအောင်နေမျိုးအမှုတွင်လည်း ယခင်စိတ်ကောင်းလေးတကွက်လောက်ဝင်စေချင်ပါသည် ။ ငါနဲ.မတူငါ.ရန်သူဟူသောစိတ်သည် အထက်တန်းကျသောစိတ်ဓါတ်မဟုတ်ပါ ။ အရှေ.အလည်ပိုင်းနိုင်ငံများတွင်သောင်းကျန်းနေသော IS အဖွဲ.ကဲ.သို.သော ကွဲပြားမှုကိုလက်မခံနိုင်သောအစွန်းရောက် အတ္တ၀ါဒဖြစ်ပါသည် ။ ရွှေအကြောင်းဖယောင်းသက်သေဟူသောစကားရှိပါသည် ။ မိမိအဖွဲ.ကြီး၏ရပ်တည်ချက်ကအမှန်တကယ်ရွှေကဲ.သို.ဖြစ်နေပါလျှင် ငရဲမီးနှင်. ပွတ်တိုက်ခြင်းကိုပင် ခံနိုင်ရပေမည် ။ ကိုယ်.ကိုချီးကျူးဂုဏ်ပြုလှူဒါန်းတော. တပြုံးပြုံးနှင်.သဘောကျ ၊ ဝေဖန်ကဲ.ရဲ.တော.ဖမ်းဆီးစစ်ဆေးသည်ဆိုခြင်းမှာ ကောင်းမွန်သောစိတ်ဓါတ်မဟုတ်ချေ ။
မြန်မာနိုင်ငံတွင်အတောမသတ်ဖြစ်ပွားနေသောအလုပ်သမားပြသနာများမှာလည်းထိုနည်းနှင်နှင်ပင် ။စက်ရုံအလုပ်ရုံမှ လူငယ်လူရွယ်အလုပ်သမားလေးများလစာတိုးတောင်းသည်မှာ အိမ်ဖော်တယောက်လျင် လခဘယ်လောက် ၊ ကားတစီးလျှင်ထိမ်းသိန်းခဘယ်လောက် ဟု ကုန်ကျစားရိတ်တိုးတောင်းသော ပင်င်လစာသိန်း ၁၀၀ ခန်.ရသောဟိုပုဂ္ဂိုလ်ကြီးကဲ.သို.မဟုတ် ။ တကယ်မလောက်၍ တကယ်ငတ်၍ တလလျင် မြန်မာငွေသုံးသောင်းကျပ် (တစ်နေ.တဒေါ်လာခန်.) တိုးတောင်းခြင်းဖြစ်သည် ။ ယခင်က နေပြည်တော်နေပုဂ္ဂိုလ်ကြီး အိမ်ဖော်လခများ၊ မာလီလခများ မော်တော်ကားပြုပြင်စားရိတ်များတိုးတောင်းစဉ်က၀မ်းသာအားရညီညာဖျဖျအတည်ပြုပေးခဲ.ကြသောလွှတ်တော်ကြီးသည် ကိုယ်.သားသမီးအရွယ်ကလေးသာသာအလုပ်သမားများ တလသုံးသောင်းကျပ်တိုးပေးပါဟုတောင်ဆိုဆန္ဒပြသည်ကိုအဘယ်ကြောင်.လစ်လျှူလျှုနေပါသနည်း ။ အဘယ်ကြောင်.မကူုညီရုံမက အလုပ်ရှင်အလုပ်သမားမခွဲခြားပဲအရေးယူမည်ဟု ကိုယ်ခြင်းမစာသည်.စကားကိုပြောခဲ.သနည်း ။ အဘယ်ကြောင်.လက်နက်မဲ.အလုပ်သမားများကိုရဲတပ်ဖွဲ.အင်အားသုံးကာ အကြမ်းဖက်နှိမ်နှင်းခဲ.သနည်း ။ အလုပ်သမားဘက်ကမရပ်တည်ပဲ အလုပ်ရှင်နိုင်ငံခြားသားများ ၊ သူတို.နိုင်ငံသံရုံးများ၏ဖိအားပေးမှုများဘက်မှအဘယ်ကြောင်.ရပ်တည်ခဲ.သနည်း ၊ အလုပ်သမားအရေးကိုပြေလည်အောင်မဖြေရှင်းနိုင်သောအလုပ်သမားဝန်ကြိးသည် အခြားဒီမိုကရေစီနိုင်ငံများလိုအဘယ်ကြောင်.ရာထူးမှမနုတ်ထွက်ခဲ.သနည်း ။ အရာရာသည် အရှင်ဇနကာဘိဝံသ၏ စည်းမျဉ်းနံပါတ် (၁ ) ချို.ယွင်းလျှော.နည်းမှုကြောင်.ဖြစ်ပေါ်နေရခြင်းဖြစ်သည် ။ မိမိသားသမီးများထမင်းမ၀၍ တရက်တထောင်ကျပ်လုပ်ခလစာတိုးတောင်းပါလျှင် ထိုသူများကိုရိုက်ဖို.နှက်ဖို. ရဲတပ်ဖွဲ.စေလွှတ်ရက်မည်လားဟုမေးမြန်းလိုပါသည် ။
ယခုအခါ ခေတ်အဆက်ဆက်ကလူထုအော.ကြောလန်ခဲ.သော၊ ဘယ်အခါကမှမအောင်မြင်ခဲ.သည်.သမ၀ါယမလုပ်ငန်းသည် ၂၀၁၀ တွင်တက်လာသော အစိုးရနှင်.အတူပြန်လည်ပေါ်ထွန်းလာပါသည် ။ ယခုအခါ ပြည်ပမှချေးငွေများတွင်တွင်ရယူလျက် ဆင်သတ်အရပ်ဝေသောစနစ်ကိုကျင်.သုံးနေပါသည် ။ ထိုချေးငွေများသည် ၂၀၁၅ တွင်သက်တမ်းကုန်သော အစိုးရလက်ထက်တွင်ပြန်လည်မပေးဆပ်ရမှာတော.သေချာသည် ။ သို.သော် အတိုးရောအရင်းရော နောင်အနာဂါတ်တွင် ပြည်သူ.ဘဏ္ဍာငွေဖြင်.ပြန်လည်ပေးဆပ်ရမည်ကမြေကြီးလက်ခတ်မလွဲဖြစ်သည် ။ ထိုချေးငွေများဖြင်. ဆင်းရဲသားမျာအားငွေထုတ်ချေးမည်.အစီအစဉ်သည် တိုင်းပြည်အတွက်တကယ်လိုအပ်၍လား ၊ ချေးငွေကိုအယောင်ပြ၍ ၂၀၁၅ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးကြမှာလားဆိုသည်ကတော.ခေါင်းဆောင်များတိုင်းပြည်အပေါ်မည်ရွေ.မည်မျှစိတ်ကောင်းစေတနာထားသလဲဆိုနှင်.တိုင်းတာကြည်.ရပေလိမ်.မည် ။လောလောဆယ်တော. ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင်.တက်ကြွလှုပ်ရှားသောအတိုက်အခံများကို ဖမ်းဆီးထောင်ချရေးကိစ္စများအတောမသတ်ဖြစ်နေခဲ.ပြီဖြစ်သည် ။
လူတယောက်၊ အဖွဲ.အစည်းတခု ၊ အစိုးရတရပ်၏စွမ်းရည်သတ္တိကိုအကဲဖြတ်ရာတွင် မည်မျှအလုပ်လုပ်သည် ၊ မည်မျှမျိုးချစ်စိတ်ရှိသည် ၊ မည်မျှအမျိုးသားရေးကို သစ္စာစောင်.သိသည် ၊ မည်မျှ နိုင်ငံအတွက်အနစ်နာခံခဲ.သည် ဆိုသော ကိစ္စများမှာ မည်သူမဆိုပြောတတ်ကြသောစကားများဖြစ်၍ အမှန်အမှားဝေဖန်ဆုံးဖြတ်ရခက်ပါသည် ။ အကယ်စင်စစ်အဖွဲ.အစည်းတခု ၊ အစိုးရတရပ်ကိုအကဲဖြတ်ရာ၌ ကိစ္စတခုပေါ်လာလျင်နိုင်ငံသားများအပေါ်စိတ်ရင်းစေတနာကောင်းဖြင်.ပြုမူဆောင်ရွက်ခဲ.သည်လား ၊ သိုမဟုတ် မိမိအတ္တနှင်.မာနကိုသာရှေ.တန်းတင်၍ က္ကုသာ ၊မစ္ဆရိယ၊ဒေါသ၊မာန်မာနများဖြင်.မှန်မှန်မှားမှားဆောင်ရွက်ခဲ.တာလားဟူသောပေတံနှင်.သာတိုင်းတာရပေမည် ။ တနည်းအားဖြင်. ပြောရလျှင် စိတ်ကောင်းရှိဖို.က…ပထမ ဆိုသော ဆောင်ပုဒ်မှာ ကြာမြင်.လှပြီဖြစ်သော်လည်းယနေ.တိုင်ခေတ်မီနေသေးသော ဆောင်ပုဒ်တခုဖြစ်ပါသည် ။ ထိုအချက်ပျက်ကွက်နေသောအစိုးရသည်အခြားမည်သည်.အရာများနှင်.ပဲပြည်.စုံသည်ဖြစ်စေ ခေါင်းတွဲမပါသောရထားကဲ.သို. မည်သည်.နေရာသို.မှရောက်အောင်သွားနိုင်မှာမဟုတ်ပါကြောင်း။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၀.၃.၂၀၁၅

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page