Tuesday, March 10, 2015

ဒီမိုကရေစီ ပညာရေးပင်မ သပိတ်မှောက်ကျောင်းသားများအတွက် ဆုတောင်ပွဲများပြုလုပ်

Leave a Comment
ဒီမိုကရေစီ ပညာရေးပင်မ သပိတ်မှောက်ကျောင်းသားများအတွက် ဆုတောင်ပွဲများပြုလုပ်
**********************************************************
ပေါင်းတည်-မတ်လ(၉)ရက်

ဒီမိုကရေစီပညာရေးစံနစ်ကိုတောင်းဆိုဆန္ဒပြတဲ့၊သပိတ်စစ်ကျောင်းကိုတားစီးပိတ်ပင်အကြမ်းဖက်ဖြိုခွဲခြင်းတွေရပ်တံ့ဖို့ နဲ့ ကျောင်းသားတွေဘေးကင်းလုံခြုံပြီး။
အနှောင်အဖွဲ့တွေကလွတ်ကင်းစေဖို့ရည်ရွယ်ပြီး၊၀တ်ပြုဆုတောင်းပွဲတခုကို၊ပေါင်းတည်မြို့နယ်၊ပေါက်အိုင်ကြီး၊ဘုန်းကြီးကျောင်း ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီပညာရေးစံနစ်ကိုတောင်းဆိုဆန္ဒပြနေကြတဲ့၊သပိတ်မှောက်ကျောင်းသားစစ်ကျောင်း၊တွေ ၊ရန်ကုန် မြို့ကိုဆက်လက်ချီတက်မှာကို၊မလိုလားတာကြောင့်၊
လက်ပံတန်းမြို့မှာ၊ရဲတပ်ဖွဲ့အင်အားများစွာသုံးပြီး၊အကြမ်းဖက် နိုပ်ကွပ်နေမှုတွေ၊ရပ်တံ့သွားဖို့၊ကျောင်းသားတွေ၊အနှေင်အဖွဲ့တွေကလွှတ်မြောက်ဖို့၊လိုရာပန်းတိုင်ကို
ချောမောစွာရောက်ရှိစေဖို့။ရည်ရွယ်ပြီး၊မတ်လ(၄)ရက်နေ့ ည(၈)နာရီ ထိုးမှာ၊ပဲခူးတိုင်း၊ပေါင်းတည်မြို့ နယ်၊ပေါက်အိုင်ကြီးကျေးရွာ၊ပေါက်အိုင်ကြီး၊ဘုန်းကြီးကျောင်းမှာ၊
ကျေးရွာဒေသခံကျေးရွာသား(၁၀၀)ကျောက်လောက် နဲ့၊ပေါက်အိုင်ကြီးဆရာတော်၊ပေါင်းတည်မြို့၊ပညာဒါနာကျောင်းထိုင်ဆရာတော်တို့ ။ပူးပေါင်းပြီး စုပေါင်းဆုတောင်းပွဲ
 နဲ့ ကျောင်းသားတွေအနှောင်အဖွဲ့တွေကလွတ်မြောက်စေရန်အလို့ငှာ။(မောရသုပ်) စုပေါင်းရွတ်ဖတ်၊ပူဇော်ပွဲ၊ဖရောင်းတိုင်ဆီမီး။ထွန်းဆုတောင်းပွဲ တို့ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

  " ကျောင်းသားတွေကတောင်းဆိုနေတာတွေကို ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ဘေးမှာထိုင်ပြီး၊မနေသင့်ဘူး၊ကျောင်းသားတွေက တတိုင်းပြည်လုံးကောင်းစားဖို့အတွက်
အားလုံးကိုယ်စားအပင်ပန်းခံ၊ဒုက္ခ အတားအဆီးခံ၊အဖမ်းစီးခံပြီး လုပ်နေတာတွေကို၊ ကျောင်းသားတွေ ရဲ့နောက်မှာ၊ငါတို့၊ပြည်သူတွေရှိတယ်ဆိုတာကိုလည်းလည်းပြချင်တယ်၊
 ငါတို့က တမင်အချောင်လိုချင်တဲ့စိတ်ဓါတ်တွေမရှိဘူး ဆိုတာတွေကိုလဲတိုင်းပြည်ကသိစေချင်တယ်" ဟု ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးကောသံလ(ပေါက်အိုင်ကြီး ဆရာတော်)
မှ မိန့်ကြားခဲ့ပါတယ်။

"ဒီဟာက၊ကျောင်းသားအရေးတခုထဲမဟုတ် ဘူး၊တတိုင်းပြည်လုံးရဲ့အရေးဖြစ်တယ်၊အခုပညာရေးက ကျွန်ပညာရေးစံနစ် အဆင့်ပဲရှိတယ်။ကမ္ဘာ့အလည်မှာလဲ၊
ဘယ်တိုင်းပြည်နဲ့မှ၊မယှဉ်ရဲဘူး၊ဒါကြောင့်အခုကျောင်းသားတွေတောင်းဆိုနေတာက၊တိုင်းပြည်မြင့်မားရေးအတွက်ကိုလုပ်နေတာ၊ဖြစ်တဲ့အတွက်ကြောင့်၊နိုင်ငံတော်ကို
လိုက်လျှောပေးဖို့ကိုသက်ဆိုင်ရာလူကြီးတွေကို၊တောင်းဆိုချင်ပါတယ်" ဟု ဦးဆောင်ပါဝင်ခဲ့သူ ဦးသြဘာသ(ပညာဒါနကျောင်း။ပေါင်းတည်မြို့) မှ မိန့်ကြားခဲ့ပါတယ်။

"အခုပညာရေးစံနစ်က၊သုံးစားမရတာကြောင့်၊နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်ဖို့ကို၊မိဖတွေ ကိုစွန့်ခွာပြီးအခုလို အပင်ပန်းခံတောင်းဆိုနေတဲ့ ကျောင်းသားတွေ
ရဲ့လိုအင်ဆန့္ဒတွေအပြည့်အ၀ရပါစေလို့ဆုတောင်းပေးပါတယ်"ဟု ၊ဒေသခံလူငယ် မစုမြတ်မွန်(မြန်မာစာစတုထ္ထနှစ်ကျောင်းသူ-ပေါက်အိုင်ကြီးကျေးရွာ)မှဆုတောင်းပေးပါတယ်။   

  ပေါက်အိုင်ကြီးကျေးရွာမှာ ပေါင်းတည်မြို့နှင့် (၃)မိုင်ခန့်ကွာဝေးပြီး၊ပေါင်းတည်မြို့ နဲ့တဆက်ထဲမှာပင် တည်ရှိသောကြောင့်၊၃.၃.၂၀၁၅ရက်နေ့ ကလည်း ပေါင်းတည်မှာ
ကျောင်းသားသပိတ်တွေကို၊ပိတ်ပင်တားစီးတာ နဲ့အကြမ်းဖက်ဖြိုခွဲ ခံနေရတာတွေကိုရပ်တန့်ပေးဖို့အတွက်၊ပေါင်းတည်ဒေသခံတွေနဲ့ အတူ ဆန္ဒပြခဲ့ကြပါသေးတယ်၊အဲဒီ
ဆန္ဒပြမှုအတွက်၊ပေါင်းတည်ဒေသခံ(၄)ဦးကိုလည်း ပေါင်းတည်ရဲစခန်းမှ ၊ပုဒ်မ(၁၈) နဲ့အရေးယူထားကြောင်းသိခဲ့ရပါတယ်။
 ဒီနေ့ဆုတောင်းပွဲကို၊ည(၈)နာရီထိုးမှာစတင်ခဲ့ပြီး၊ည(၉)နာကျော်ခန့်မှာပြီးဆုံးခဲ့ပါတယ်။

                                                                                                                                                                     K3(Pyay)ဒီမိုကရေစီတူဒေး

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page