Friday, March 27, 2015

မိုးပွင့်အထူးစီမံချက် သဲကုန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

မိုးပွင့်အထူးစီမံချက် သဲကုန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

 ပြည့်သဲမောင်(ပြည်) 09 4236 71883
သဲကုန်းမြို့နယ် သစ်နီတောကျေးရွာအုပ်စု သစ်နီတောရွာကျေးရွာရှိ
ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်များ
ကို မိုးပွင့်အထူးစီမံချက်ဖြင့် သဲကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာနက မတ်လ (၂၈)ရက်နေ့ နံနက် ၉ နာရီကကွင်းဆင်း

ဆောင်ရွက်ပေးပွဲ အခမ်းအနားကိုအဆိုပါကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
သဲကုန်းမြို့နယ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်စိုး ၊လ၀ကမှူး ဦးကြည်ဝင်း ၊ဒုလ၀ကမှူး ဦးထင်ကျော် ၊
ဒုလ၀ကမှူး ဦးဌေးကျော်ဦး ၊ အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးနှင့် အုပ်ချုပ်ရေး
အဖွဲ့ဝင်များ ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့နှင့်ရပ်မိရပ်ဖများ တက်ရောက်
ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ သဲကုန်းမြို့နယ်လ၀ကဦးစီးမှူး ဦးကြည်ဝင်း
က နိုင်ငံသာစိစစ်ရးကတ်ပြားပြုလုပ်ရေးပေး ရခြင်းအိမ်ထောင်စုစာရင်း
ထုတ်ပေးရခြင်းနှင့်မှတ်ပုံတင်ဆိုင်ရာဥပဒေများအကြောင်း အကျယ်တ၀င့်
ရှင်းလင်းပြောပြခဲ့သည်။ဆက်လက်၍သစ်နီတောကျေးရွာအုပ်စု သစ်နီတော
ကျေးရွာပြည်သူ အသက်(၁၀)နှစ်ပြည့်(၄၇)ဦး ၊အသက် (၁၈)နှစ်ပြည့် (၄၀၁)
ဦး၊စုစုပေါင်း(၄၄၈)ဦးအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၄၄)စုအားကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိပါသည်။

 သတင်း ပြည့်သဲမောင်( ပြည်) 09 4236 71883
ဓါတ်ပုံ သဲကုန်းမြို့နယ် လ၀က

0 comments:

Post a Comment

Facebook Like Page