ပြည်သူတွေသာအမြဲအပြစ်ရှိသည် သရ၀ဏ် (ပြည် )
ပြည်သူတွေသာအမြဲအပြစ်ရှိသည်
သရ၀ဏ် (ပြည် )
တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှ သစ္စာမဖောက်
တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်
တပ်မတော်သာအမိ၊ တပ်မတော်သာအဖ
ဘယ်သူခွဲခွဲဒို.မကွဲ အမြဲစည်းလုံးမည်
ဘေးပြောတာကိုမယုံနဲ.သွေးပြောတာကိုယုံ
ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ
စသည်.၀ါဒဖြန်.ဆိုင်းဘုတ်အနီကြီးများကို စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတစ်နံတလျားဝယ် မမြင်ချင်.အဆုံးတွေ.ခဲ.ဖူးပါသည် ။တစ်ခါတစ်ရံ အင်္ဂလိပ်ဘာသာ ဖြင်. Tatmadaw shall never betray the national cause (တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှသစ္စာမဖောက် ) ဟူသော ဆိုင်းဘုတ်ကြီးကို မန္တလေးနန်းတော်အ၀င်အရှေ.ဘက်ဂိတ်ဝင်ပေါက်ထိပ်နှင်. တောင်ဘက်ဝင်ပေါက်ထိပ်တွင်ရေးသားထားရာ နိုင်ငံခြားသားများက Tatmadaw ဆိုသည်.အင်္ဂလိပ်စာလုံးကို ကမ္ဘာတွင်တစ်ခါမျှမကြားဖူးသဖြင်. Tatmadaw ဆိုတာဘာလဲ ဟု မေးကြပါသည် ။ Tatmadaw ဆိုသည်မှာ မြန်မာဘာသာ တပ်မတော်ကိုတိုက်ရိုက်အသံဖလှယ်ရေးသားထားခြင်းဖြစ်ပြီး စစ်တပ် ( Armed Forces ) ဟုအဓိပ္ဖါယ်ရကြောင်း ရှင်းပြလိုက်ရပါသည် ။ထိုအခါနိုင်ငံခြားသားများကထပ်မေးသည်မှာ အမျိုးသားရေးဆိုသည်မှာ ဘယ်ပေတံဖြင်.တိုင်းတာသလဲ ၊ ပြီးတော.တပ်မတော်က အမျိုးသားရေးကိုသစ္စာဖောက်မဖောက်ဘယ်လိုသိနိုင်မလဲ ၊ စစ်တပ်ကိုစောင်.ကြည်.ထိန်းကျောင်းတဲ.စနစ်( check and balance ) ရောရှိသလားဟု မေးကြပါသည် ။ ထိုမေးခွန်းများကိုကျွန်တော်မဖြေနိုင်ပါ ။ တပ်မတော်ထိပ်တန်းခေါင်းဆောင်များက ၁၉၆၂ မှစကာစဉ်ဆက်မပြတ်ပြောဆိုဝါဒဖြန်.လာသည်ကတော.
တပ်မတော်သည် ဘယ်တော.မှ မမှား ၊ အရပ်သားတွေ နိုင်ငံရေးသမားတွေပဲ
မှားနေကြသည်ဟူသတည်း ။ ထို.ကြောင်. တပ်မတော်သည် အနာဂါတ်
ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ရမည်တို. ၊လွှတ်တော်တွင်အရပ်သားများပညာရည်နိမ်.ကျနေသဖြင်. တပ်မှ ၂၅ % ၀င်ပါနေရခြင်းဖြစ်သည် တို. ၊ စစ်တပ်ဘတ်ဂျက်ကိုအရပ်သားများသိစရာမလို တို. ၊ မြန်မာနိုင်ငံ၏သမ္မတသည် စစ်ရေးအမြင်ရှိရမည်တို. ၊ အရပ်သားအစိုးရ၏ထိန်းချုပ်မှုအောက်တွင်
စစ်တပ်သည်ရှိစရာမလိုတို. ပြောဆိုနေကြခြင်းဖြစ်သည် ။
အချုပ်အားဖြင်.ပြောရလျင် စစ်တပ်သည် အမြဲမှန်သည် ။ အရပ်သားများသည်
အမြဲမှားသည် ။
၂၀၁၄ စက်တင်ဘာ (၃၀ )တွင်အဖမ်းခံရပြီး အောက်တိုဘာ(၄)ရက်နေ.တွင် သေဆုံးသည်ဟုတပ်မတော်သမိုင်းဝယ်ရှားရှားပါးပါးသတင်းထုတ်ပြန်မှု
ကြောင်.သိရသော ကိုပါကြီး (ခေါ်) ကိုအောင်နိုင်သေဆုံးမှုတွင်
ကိုပါကြီး၏ဇနီးဖြစ်သူနှင်. နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များက ကိုပါကြီးသည် ဥပဒေမဲ.ဖမ်းဆီး ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် နှိပ်စက်ညဉ်းပန်းမှုဒဏ်ရာများနှင်.(စစ်တပ်လက်ချက်နှင်. ) သေဆုံးသွားကြောင်းပြောကြားခဲ.ကြသော်လည်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ကိုအောင်နိုင်သည် တပ်မတော်မှဖမ်းဆီးထိန်းသိမ်းထားစဉ် အပေါ.သွားနေရင်း အနီးရှိတပ်မတော်သားထံမှ လက်နက်ဝင်လုသောကြောင်. ပစ်ခတ်ဖမ်းဆီးရာမှကွယ်လွန်သွားကြောင်း ၊တောတွင်းတစ်နေရာတွင်သဂြိုဟ်ပြီးစီးကြောင်းဖြစ်သည် ။ တပ်မတော်ပြောသလိုဆိုသူတို.မှာအပြစ်မရှိ တပ်မတော်သားထံမှ လက်နက်ကိုဝင်ရောက်လုံးထွေးသတ်ပုတ်လုယက်ယူငင်သောကိုပါကြီးမှာသာအပြစ်ရှိလေသည်
။ ကိုပါကြီး၏ ဇနီးပြောတာတော.ရှင်းသည် ။ ကျွန်မလဲစစ်ကြောရေးဝင်ဖူးပါတယ် ။
အဲဒိအချိန်မှာ လက်ထိပ်အမြဲခတ်ထားတာပဲ ၊ အဲဒိတော.လက်ထိပ်ခတ်ခံထားတဲ.သူကသေနတ်လုတယ်ဆိုတော. ခြေထောက်နဲ.လုတာလား ၊ ပါးစပ်နဲ.၀င်လုတာလား ဟူ၍ မေးခွန်းထုတ်ထားလေသည် ။
အရပ်သားများသည် ဆိုးလှသည် တပ်မတော်သားထံမှလက်နက်ပင်လုသတဲ.
။ သို.သော် ဤအကြောင်းပြချက်ကို ကျွန်တော်ကြားဖူးသည်မှာ ကြာပြီ ။ ၁၉၈၈
အရေးအခင်းဖြစ်၍ စစ်တပ်မှ အာဏာသိမ်းစဉ် လက်နက်မဲ.အရပ်သားများ
ကိုစစ်တပ်မှပစ်ခတ်နှိမ်နှင်းစဉ်က ဆန္ဒပြသမားများသည် တပ်မတော်သားများ၏လက်နက်များကိုဝင်ရောက်လုယက်သောကြောင်.ပစ်ခတ်နှိမ်နှင်းရခြင်းဖြစ်ကြောင်း
ကာကွယ်ပြောကြားဖူးပါသည် ။ နောက်တစ်ခါ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး(ခေါ်)
သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည်.လည် ပရိတ်ရွတ်ဖတ်
ဆန္ဒထုတ်ဖော်ရာတွင်လည်း လက်နက်မဲ. သံဃာတော်များကိုတပ်မတော်မှ
ပစ်ခတ်နှိမ်နှင်းခဲ.ရာသံဃာတော်များ ပျံလွန်တော်မူ ၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံခဲ.ရပါသည် ။ ထိုဖြစ်ရပ်ဆိုးကြီးကြောင်. ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို.ချက်ခြင်းလာရောက်စုံစမ်းခဲ.ပါသည် ။ ဂမ်ဘာရီကိုစစ်အစိုးရအာဏာပိုင်များက အသိပေးပြောကြားရာတွင် လုံခြုံရေးတာဝန်ယူနေသူတပ်မတော်သားများကို သင်္ကန်းဝတ်များကအတင်းလက်နက်ဝင်လုသောကြောင်. ပစ်ခတ်နှိမ်နှင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ.ပါသည် ။
ထို.ကြောင်.ကျွန်တော်ကောက်ချက်ချမိသည်မှာ တပ်မတော်တွင်လူသတ်မှုဖြစ်လျင် စစ်ဥပဒေအရလွတ်နိုင်သောအကွက်မှာ လက်နက်ဝင်အလုခံရခြင်းဖြစ်နိုင်ပါသည် ။ လက်နက်ဝင်လု၍ ပစ်သတ်လျင် အပြစ်မရှိ (လူသတ်မှုမမြောက်)ဟုသတ်မှတ်ထားပုံရပါသည် ။ ထိုအခါ ဆက်စပ်တွေးမိသည်မှာ ၁၉၈၈ မတ်လ (၁၂)နေ.ညတွင် စက်မှုတက္ကသိုလ်ကျောင်းသားမောင်ဖုန်းမော် သေနတ်ဒဏ်ရာဖြင်.သေဆုံးသွားခြင်း သည် တပ်မတော်လုံထိမ်းများတရစပ်ပစ်ခတ်နေသည်ကို မောင်ဖုန်းမော်မှ သေနတ်ဝင်လုခြင်းကြောင်.ပေလော ။ တဖန်မောင်ဖုန်းမော်နှင်.တစ်ညထဲသေနတ်ပစ်ခံရပြီး နောက်တစ်နေ.မနက်တွင်ကွယ်လွန်ရှာသူ စက်မှုတက္ကသိုလ်ကျောင်းသား မောင်စိုးနိုင် သည်လည်း တပ်မတော်သားများ၏လက်နက်ကိုဝင်လုသလော ။ ရွှေဝါရောင်တော်လှန်ရေးတွင်သေနတ်ထိမှန်သေဆုံးရှာသော ဂျပန်နိုင်ငံသားသတင်းထောက်ကန်ဂျီးနာဂါအိ သည်လည်း ဂျပန်နင်ဂျာ ၊ ဆာမူရိုင်း ၊ ဘူရှီဒို ၊ ခါမိကာဇေ အတတ်ပညာများဖြင်. မြန်မာ.တပ်မတော်သားများကိုအထင်သေးအကဲစမ်းကာ လက်နက်ဝင်လုသဖြင်. မြန်မာ.ကျဉ်ဆန်ကမ္ဘာကိုလွှမ်းစေရမည်ဟူသော
ဆောင်ပုဒ်ဖြင်. အပျောက်ရှင်းလိုက်ခြင်းပေလော ။ တော်တော်ဆိုးသောဂျပန်ပေတကား
။ တဖန်မြစ်ကြီးနားတွင် တိုက်ပွဲဖြစ်ရင်း သေနတ်ထိမှန်သေဆုံးရှာသောန၀မတန်းကျောင်းသူလေးသည်လည်း
ဘာမသိညာမသိဖြင်. လက်နက်ဝင်လုပုံရသည် ။ တော်တော်မိုက်သောကလေးမပေတကား ။
တပ်မတော်သည် သေနတ်ဝင်မလုလျင်ဘယ်တော.မှအရပ်သားများကိုပစ်သတ်သည်ဟူ၍မရှိ
အရပ်သားများကအနေအထိုင်မတတ်ကာ လက်နက်များဝင်လုကြသောကြောင်. ထိုသို.
သေဆုံးမှုများဖြစ်ပေါ်လာရဟန်ရှိလေသည် ။ထောင်ထဲတွင်ကွယ်လွန်သွားသော
စာရေးဆရာမောင်သော်ကအပါအ၀င် လက်နက်မဲ. နိုင်ငံရေးသမားများသေဆုံးရခြင်းမှာလည်း တပ်မတော်မှစစ်ကြောနေစဉ် သေနတ် ၊လက်ပစ်ဗုံး ၊ R.P.G လောင်ချာ ၊ ဟောင်ဝဇ်ဇာအမြောက်လက်နက်များကိုသူရဲကောင်းဆန်ဆန်ဝင်ရောက်လုံးထွေးလုယက်သောကြောင်. မာလကဈာန်ကြွသွားကြခြင်းဖြစ်နိုင်ပေသည် ။
ယခုအခါ ကျွန်တော်.ကို လွှတ်တော်ကိုယ်စားလှယ်ခန်.ပါ.မည်ဟု တောင်းတောင်းပန်ပန်နှင်. ရှိခိုးဦးတင်လာခေါ်လျင်တောင် ကျွန်တော်လွှတ်တော်အမတ်မလုပ်ဝံ.ပါ ။ လွှတ်တော်ထဲတွင်တပ်မတော်သားကိုယ်စားလှယ်များ ၂၅ % ရှိရာ သူတို.နှင်.နီးကပ်သောခုံတွင်ထိုင်မိပါက ကျောစိမ်.စရာကောင်းသည် ။ ကိုယ်ခံပညာတတ်သူများအတွက်အရာရာသည်လက်နက်ပင်ဖြစ်သည် ။ဘောပင်တစ်ချောင်းသည်လည်းလက်နက် ၊ ပေတံတစ်ချောင်းသည်လည်းလက်နက်အဖြစ်အသုံးပြု၍
ရသည်ဖြစ်ရာ ကျွန်တော်ကမတော်တဆ သူတို.ဘောပင်ငှားပြီး မေ.၍
ပြန်မပေးခဲ.မိလျင် လက်နက်လုခံရသည်ဆိုပြီး ကျွန်ပ်ကို သတ်ဖြတ်ပစ်နိုင်ပေ၏ ။
ထို.ကြောင်.လွှတ်တော်အမတ်လုပ်ရမှာစိတ်မရဲခြင်းဖြစ်ပေသည် ။
မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းပြည်ကိုအချစ်ဆုံးမျိုးချစ်အဖွဲ.ကြီးဖြစ်သည် ။ လူတွေကသာဆိုးနေသဖြင်. ပြေလည်မှုမရခြင်းဖြစ်သည် ။ တပ်မတော်သည်မလွှဲသာသဖြင်.တာဝန်အရ စွဲကိုင်ထားသောလက်နက်များကို အရပ်သားပြည်သူများ ၊ တိုင်းရင်းသား လက်နက်ကိုင်များကမသမာသောအကြံဖြင်. လုယက်ယူငင်ရန်စကောလောက်မှစောက်မနက်သောအကြံဖြင်.ကြံနေကြခြင်းဖြစ်သည် ။ တပ်မတော်ကမဆိုး ၊လူတွေကဆိုးနေကြခြင်းဖြစ်၏ ။ တပ်မတော်သည်အပြစ်မရှိ ၊ လူတွေသာအပြစ်ရှိနေကြခြင်းဖြစ်သည်ကို တွံ အသင်သည် ဂနာဟိ သေသေချာချာ မှတ်လော. ။
သရ၀ဏ်(ပြည် )
0 comments:
Post a Comment