Tuesday, February 10, 2015

တစ္ဆေကိုအမှုထမ်းထားဘွဲ‬့ တံဆိပ် ချီးမြှင့်ခဲ့သောကုန်းဘောင်ခေတ်ကနောင်တော်ကြီးမင်း

Leave a Comment
တစ္ဆေကိုအမှုထမ်းထားဘွဲ‬့ တံဆိပ်
ချီးမြှင့်ခဲ့သောကုန်းဘောင်ခေတ်ကနောင်တော်ကြီးမင်း
*********************************************************

သက္ကရာဇ်၁၁၂၃ခု၊နောင်တော်ကြီးမင်းနန်းတက်စဉ်ကာလကဖြစ်သည်။
တပေါင်းလနွေဦးကာလတွင်
အဘယဂါမဏိ၊နေမျိုးလက်ဝဲကျော်ခေါင်၊နေမျိုးလက်ယာကျော်ခေါင်စသော
စစ်သေနာပတိများဦးစီးကာ
မြင်းတပ်အင်အား၇၅၀၊စစ်သည်အင်အား၇၅၀၀နှင့်ယိုးဒယားဇင်းမယ်သို့ တပ်ချီလေသည်။ထိုတပ်တွင်ပါသော
ငါးဘတ်ချောင်းဗိုလ်ဥဒိန်ကျော်ခေါင်သည်ထိုစစ်ပွဲတွင်သေဆုံးလေရာတာဝန်စွဲလန်းစိတ်ဖြင့်သေသဖြင့်
တစ္ဆေဖြစ်ကာရွှေနန်းတော်သို့ ပြန်လိုက်လာလေသည်။
နောင်တော်ကြီးမင်းညဘက်စက်တော်ခေါ်(အိပ်ပျော်)လေသောအခါမင်းကြီး၏ခြေထောက်ကိုထိုငါးဘတ်ချောင်းဗိုလ်
တစ္ဆေကလှုပ်နှိုးပြီးမိမိသည်ငါးဘတ်ချောင်းဗိုလ်ဖြစ်ကြောင်း၊ယိုးဒယားချီစဉ်ကအရပ်အနေမသင့်သဖြင့်
တပ်ပျက်ကာသေဆုံးခဲ့ရကြောင်း၊ယခုတစ္ဆေဘ၀တွင်လည်းနောင်တော်ကြီးမင်း၏အနီးတွင်နေကာ
အမှုတော်ကိုထမ်းလိုကြောင်း၊အလိုရှိကလိုရာစေခိုင်းနိုင်ကြောင်းကို
အသံဖြင့်လျှောက်ထားလေသည်။ထိုအခါနောင်တော်ကြီးမင်းက
ကြောက်လန့် စိတ်အလျဉ်းမရှိပဲနန်းတော်လသာဆောင်တွင်
အစောင့်အရှောက်အဖြစ်အမှုထမ်းနိုင်ရန်
နန်းတော်လသာဆောင်ရှိရာသို့ လက်ညှိုးညွှန်ကာအမှုထမ်းစေဟု
အမိန့် တော်မှတ်လေသည်။
တစ်ခါသော်မုတ္တမမြို့ တွင်ထားရှိသည့်မြန်မာကင်းတပ်အားယိုးဒယားတပ်များလာရောက်ထိပါးသည်ဟု
ရွှေနန်းတော်သို့ ကောလဟာဠသတင်းများရောက်သဖြင့်
လွတ်တော်မှမြင်းသည်ကျော်သူရဲကောင်းနှစ်ဦး
ဖြစ်ပေသောငသားနှင့်ငရွှမ်းတို့ ကိုတောင်ငူဘက်မှတဆင့်မုတ္တမမြို့ သို့ စုံစမ်းရန်စေလွှတ်လေသည်။
ရွှေနန်းတော်သို့ ပြန်ရောက်ရမည့်အချိန်မရောက်သေးပဲလမ်းခရီးကြန့် ကြာနေသဖြင့်နောင်တော်ကြီးမင်းတရားက
စိတ်ပူပန်လေသည်။
ထို့ ကြောင့်နောင်တော်ကြီးမင်းသည်ငါးဘတ်ချောင်းဗိုလ်တစ္ဆေအားမင်းအမိန့် ပြန်တမ်းထုတ်ကာ
မင်းမိန့် အာဏာဖြင့်ထိုသူရဲကောင်းနှစ်ယောက်နှင့်မုတ္တမမြို့ အကြောင်းကိုကမ္မဇိဒ္ဓိတန်ခိုးအသုံးပြုကာ
သွားရောက်စုံစမ်းစေလေ၏။
ထိုတစ္ဆေငါးဘတ်ချောင်းဗိုလ်လည်းသွားရောက်စုံစမ်းပြီးနေ့ ချင်းပြန်လာကာမုတ္တမမြို့ အေးချမ်းသာယာသည်။
အထွေအထူးမရှိပါဟုနောင်တော်ကြီးနားတော်သို့ အသံဖြင့်လျှောက်လေသည်။နောင်တော်ကြီးမင်းက
မယုံကြည်သဖြင့်ထပ်မေးတော်မူလေရာ-
ကျွန်တော်မျိုးမုတ္တမမြို့ အထိသွားကြည့်ပြီးအပြန်တွင်တောင်ငူမြို့ ခပေါင်းမြစ်ချောင်းထိပ်ရှိမန်ကျည်းပင်
အောက်တွင်လွတ်တော်မှစေခိုင်းသည့်မြင်းသည်ကျော်
သူရဲကောင်းနှစ်ယောက်ထမင်းချက်နေသည်ကို
နေ့ လည်တစ်ချက်တီးကျော်တွင်တွေ့ သဖြင့်သိသာထင်ရှားစေရန်မန်ကျည်းခက်များကိုချိုးချဖဲ့ချခဲ့ပါသည်။မန်းကျည်းကိုင်းများကို၎င်းတို့ ကိုယ်ပေါ်
ချိုးချခဲ့ပါသည်။
မန်ကျည်းပင်ကိုလည်းယိမ်းထိုးနေအောင်လှုပ်ခါပြသခြောက်လှန့် ခဲ့ပါသည်။မုတ္တမမြို့ လည်းအထူးအခြား
မရှိသူပုန်ရန်ကင်းဝေးကာလူဆိုးသူခိုးဓါးပြရန်လည်းမရှိပါ။
အရှင်မင်းကြီးရွှေဘုန်းတော်ကြောင့်
ငြိမ်းချမ်းသာယာပါသည်ဘုရား
ဟုလျှောက်တင်လေသည်။
မြင်းသည်ကျော်ငသားနှင့်ငရွှမ်းတို့ နှစ်ဦးပြန်ရောက်လာသဖြင့်မင်းကြီးကခေါ်ယူစစ်ဆေးမေးမြန်းလေရာ
ဥဒိန်ကျော်ခေါင်တစ္ဆေလျှောက်တင်သည့်အတိုင်းပင်
မန်ကျည်းကိုင်းကျိုးကျခြင်း၊မန်ကျည်းခက်များလှုပ်ခြင်း
လေမတိုက်ပဲမန်ကျည်းပင်တစ်ပင်လုံးလှုပ်ရမ်းသွားကြောင်းလျှောက်တင်
ကြကုန်လေ၏။မှန်ကန်ကြောင်း
စစ်ဆေးသိရှိရသဖြင့်နောင်တော်ကြီးမင်းအားရတော်မူလေသည်။
ဥဒိန်ကျော်ခေါင်တစ္ဆေကယခုကဲ့သို့ အမှုတော်ထမ်းရခြင်းအတွက်
တစ္ဆေဘ၀ဘွဲ့ အမည်ချီးမြှင့်ပေးပါရန်မင်းကြီးအားလျှောက်တင်လေသည်။
မင်းကြီးကလည်းကိုယ်ထင်ပြပြီးဘွဲ့ ခံရမည်ဟု
ပြောလေ၏။ထိုအခါတစ္ဆေက-
ကျွန်တော်မျိုး၏တစ္ဆေဘ၀ရုပ်ဆင်းသွင်ပြင်မှာ
ကြောက်မက်ဖွယ်ရာအတိဖြစ်ပါသဖြင့်မပြ၀ံ့ပါဘုရား။
သို့ သော်လည်းအခြားသောမှူးမတ်စစ်ဗိုလ်ရဲမက်များမြင်သာယုံကြည်ကြရန်အလို့ ငှာရရှိသည့်ဘွဲ့ အမည်ပါသော
ရွှေပေစာကိုလေသာဆောင်ထုတ်လျောက်ကြားတွင်
သွားထားပြပါမည်ဘုရားဟုလျှောက်တင်လေ၏။

ထိုအခါမင်းကြီးက ဇ၀နယက္ခကျော်ခေါင် ဟုဘွဲ့ အမည်ချီးမြှင့်ပြီးထိုဘွဲ့ အမည်ကိုရွှေပြားတွင်ရေးကာ
ကလပ်ပေါ်တင်ထားပြလေသည်။ငါးဘတ်ချောင်းဗိုလ်ဥဒိန်ကျော်ခေါင်အား ဇ၀နယက္ခကျော်ခေါင် ဟု
ဘွဲ့ အမည်ချီးမြှင့်သည်ဟုအမိန့် တော်မှတ်စေသည်။ထိုခဏ၌နန်းရင်ပြင်မှူးမတ်ပုဏ္ဏားစစ်သည်ရဲမက်များ
ရှေ့ မှာပင်လျှင်ချီးမြင့်ထားသောဘွဲ့ မည်ပါရွှေပြားအားလူမမြင်ရပဲလေထဲမြှောက်တက်သွားပြီးလေသာဆောင်
ထုတ်လျှောက်ကြားတွင်တည်ရှိလေတော့သတည်း။
ထိုသို့ ကုန်းဘောင်မင်းဆက်ဒုတိယမြောက်မင်းဖြစ်သော
နောင်တော်ကြီးမင်းလက်ထက်တွင်
တစ္ဆေအားဘွဲ့ ချီးမြှင့်ခဲ့ကြောင်းကိုလှေသင်းအတွင်းဝန်
မင်းကြီးဇေယျသင်္ခယာရေးသားစီရင်ခဲ့သော
ဖုတ်ပြိတ္တာဘီလူးတစ္ဆေစာတမ်းခေါ်တစ္ဆထ္ထဒီပနီကျမ်း
တွင်အထင်အရှားပါရှိလေသည်။
ဗဟုသုတအလို့ ငှာကျွန်ုပ်ကပြန်လည်စာစီမျှဝေပါသည်။

အန္တိမ ဆရာကြီး
ပြည်သတင်းလူငယ်(ပြည်သတင်း)တင်ဆက်သည်။
09253311019

0 comments:

Post a Comment

Facebook Like Page