Tuesday, February 10, 2015

မန်းချောင်းအတွင်း ပစ္စည်းပျောက်ရှာသူများပြားလာ

Leave a Comment

By

မန်းချောင်းအတွင်း ပစ္စည်းပျောက်ရှာသူ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
 ပြည် - မင်းဘူးမြို့၊ ရွှေစက်တော် ဘုရားပွဲတော်ရှိ မန်းချောင်းအ  တွင်း ရေဆင်းချိုးကြသော ဘုရား ဖူးသူများကျပျောက်သည့် ပစ္စည်း များကို ရှာဖွေသူများ ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း ပစ္စည်းပျောက်ရှာသူ ဒေသခံများထံမှ သိရသည်။ ‘‘ပစ္စည်းပျောက်ရှာသူ ဦးရေ တစ်ရာကျော်တယ်။ အဖွဲ့လည်း ဖွဲ့ထားတယ်။ ၀င်ကြေးသဘော မျိုး နှစ်ထောင်ကျပ်ပေးရတယ်။ ရွှေပစ္စည်းကတော့ တွေ့ရတာ နည်းတယ်။ အများဆုံးရတာက နာရီ၊ ပိုက်ဆံနဲ့ မျက်မှန်တွေပါ။ အရင်ရက်က ရွှေလက်စွပ်တစ် ကွင်းတော့ရတယ်လို့ ကြားတယ်’’ ဟု မန်းချောင်းအတွင်းပစ္စည်း ပျောက်ရှာသူတစ်ဦးက ပြော သည်။

ဘုရားဖူးပြည်သူများ ရေ ဆင်းချိုးသည့်အခါ ရွှေ၊ ငွေပစ္စည်း များကျပျောက်ပါက ပြန်ရရန်မ လွယ်ကူသဖြင့် မိမိပစ္စည်းကိုသာ သေချာစွာ ထိန်းသိမ်းထားပြီး ရေ ဆင်းချိုးကြရန်လိုအပ်ကြောင်း၊ ပစ္စည်းရှာဖွေသူများက တွေ့ရှိပါ က ပြန်လည်ပေးမည်မဟုတ်ဘဲ တန်ဖိုးကြီးပစ္စည်းဖြစ်ပါက ပျောက်ဆုံးသူက အကူညီတောင်းရှာဖွေ ခိုင်းစေခြင်းနှင့် ပစ္စည်းပျောက်ရှာ ဖွေသူများနှင့် ညှိနှိုင်းဆောင်ရွက် နိုင်သော်လည်း တွေ့ရှိသူစေတနာ ကောင်းသူနှင့် တွေ့မှသာ ပြန်ရ နိုင်ကြောင်း သိရသည်။

မင်းဘူးမြို့ရှိ ရွှေစက်တော် ဘုရားပွဲကို တပို့တွဲလဆန်း ၅ ရက်မှစတင်ဖွင့်လှစ်ကျင်းပလျက်ရှိပြီး ဘုရားဖူးများဖြင့် နေ့စဉ်များပြားလျက်ရှိကြောင်း၊ တပေါင်းလသည် ဘုရားဖူးသူအများ ဆုံးကာလဖြစ်ပြီး တန်ခူးလမြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ အောက်စက်တော်ရာ ဘုရားရှင်ခြေတော် ရာကို ဖွင့်လှစ်အပူဇော်ခံထားရှိကြောင်း သိရသည်။
www.7Day Daily.com

0 comments:

Post a Comment

Facebook Like Page