Wednesday, February 18, 2015

ပျူမြို့ဟောင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ပညာပေးဟောပြော ပြည့်သဲမောင်(ပြည်) 09423671883

Leave a Comment

ပျူမြို့ဟောင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ပညာပေးဟောပြော

ပြည့်သဲမောင်(ပြည်) 09423671883
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင်ပြည်မြို့နယ် မုဠောရွာ လယ်ပြင်ကုန်းဘုန်းတော်ကြီးကျောင်း
သို့ရောက်ရှိပြီး ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ကျေးရွာသူရွာသားများနှင့်တွေ့ဆုံပြီး
ပျူမြို့ဟောင်းကို ကာကွယ်စောင့်ရှောက်ရေးပညာပေးဟောပြောပွဲပြု
လုပ်ခဲ့ပြီးယဉ်ကျေးမှုဇုန်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနဒုဝန်ကြီးဒေါ်စန္ဒာခင်နှင့်အဖွဲ့သည်ဖေဖော်
ဝါရီ(၁၈)ရက်နေ့တွင် နဝင်းရပ်ကွက် ရွှေတစ်ချောင်းလမ်းရှိ ပြည်တက္ကသိုလ်
သို့ရောက်ရှိခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ဒုဝန်ကြီးမှကမ္ဘာ့အမွေအနှစ်တွေနဲ့
ပက်သက်ပြီး မျိုးဆက်သစ်ကျောင်းသား လူငယ်တွေအနေနဲ့ပျူမြို့ဟောင်းများ
ထိန်းသိမ်းစောက်ရှောက်သွားရန်၊ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာပျူရှေးဟောင်း
မြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခြင်း ကိစ္စများမည်ကဲ့သို့ေ
ဆာင်ရွက်ရသည်ကိုအကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးဟောပြောခဲ
့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
သက်ထွန်းအောင်နှင့်ပါမောက္ခများ၊ဌာနစုမှူးများ၊ကျောင်းသား/ကျောင်းသူများက်
ရောက်ခဲ့ကျကြောင်းသတင်းရရှိပါသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09423671883
ဓါတ်ပုံ ကျော်ကျော်မိုး








0 comments:

Post a Comment

Facebook Like Page