Wednesday, February 18, 2015

ဆန္ဒအကြိမ်ကြိမ်ပြတောင်းခံခဲ့ပေမဲ့၊လယ်ယာမြေများပြန်မရခဲ့တာကြောင့်၊လယ်သမားပါတီဝင်(၄၀၀)ကျော် ပါတီဝင်အဖြစ်ကနှုတ်ထွက်ကြမှာဖြစ်တယ်လို့၊ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်

Leave a Comment
ဆန္ဒအကြိမ်ကြိမ်ပြတောင်းခံခဲ့ပေမဲ့၊လယ်ယာမြေများပြန်မရခဲ့တာကြောင့်၊လယ်သမားပါတီဝင်(၄၀၀)ကျော် ပါတီဝင်အဖြစ်ကနှုတ်ထွက်ကြမှာဖြစ်တယ်လို့၊ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်


ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်၊ဒမငယ်ကျေးရွာအုပ်စု၊က ၁၉၉၄-ခုနှစ်ကတည်းက သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက(၁၀၀၀)အနက် ဧက(၅၅၀)သာ ပေးခဲ့ပြီး ကျန်လယ်မြေဧက (၄၅၀)ကို ဒါးမဦးချတောင်သူတွေကို ပြန်လည်ပေးအပ်ခြင်းမရှိပဲ သီးစားချထားခြင်း၊ဋ္ဌာနဆိုင်ရာတွေက ရောင်းစားထားခြင်း တွေကြောင့်၊(၃)ကြိမ်တိုင်ဆန္ဒပြခဲ့ကြပြီး၊သတင်းစာရှင်းလင်းပွဲ(၁)ခါလုပ်ခဲ့ပေမဲ့၊ဒီနေ့အထိ၊အဖြေရျင်းရှင်းလင်းမသိရသေးတာကြောင့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတခုကို၊ဒမငယ်ကျေးရွာ၊မကြီးမငယ်ဘုရားဓမ္မာရုံမှာဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကလယ်သမားတွေကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲနေ့မှာနတ္တလင်းမြို့နယ်မြေစာရင်းဦးစီးဋ္ဌာန နဲ့ ကျေးရွာမြေ/စည် အဖွဲ့၊ကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့တွေ၊ရောက်ရှိပြီးလယ်ယာမြေတွေကိုပြန်လျှောက်ဖို့အတွက်ကို လယ်သမားတွေကို ဓမ္မာရုံကိုခေါ်ယူတွေ့ဆုံနေစဉ်မှာပဲ၊အဲဒီလူစုမိတဲ့လယ်သမားတွေက၊ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတခုလတ်တလောပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

သစ်ချိုခြံကလယ်သမားတွေကိုပဲလာရောက်စစ်ဆေးပြီးသူတို့လယ်သမားတွေကိုတော့ဘာမှလာမလုပ်ပေးပဲစစ်ဆေးပြီး ပြီလို့ မမှန်ကန်တဲ့ပြန်ထမ်းတွေထုပ်တယ်၊ကော်မရှင်ကထပ်ပြီး စစိဆေးမပေး နိုင်တော့ဘူး၊မြို့နယ်အုပ်ချုပ်ရေးမှုးကလဲတိုင်ချင်ရာတိုင်ဆိုပြိးပြောဆိုလာတာကြောင့်၊အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ရတာဖြစ်တယ်လို့ ဦးဆောင်တဲ့ကိုထက်ဇော်လင်း(ဓမငယ်ရွာ)ကရှင်းပြပါတယ်။

“ကျွန်တော်တို့ တောင်သူတွေ ဒီကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေပါပဲ။အခု ကျွန်တော်တို့ ခံစားနေရတဲ့ ဒုက္ခတွေကိုတော့ ပါတီအနေနဲ့ ပြေလည်အောင်ဖြေရှင်းမပေးနိုင်တဲ့အတွက် ဒီပါတီကို အယုံအကြည်မရှိတော့ပါဘူး။အဲဒီအတွက် ကြောင့် ကျွန်တော်တို့ဒီမှာရှိတဲ့တောင်သူ (၁၃၅)ဦး၊သူတို့ မိသားစုဝင် ပါတီဝင်အင်အား(၄၀၀)ကျော်တို့က (၃)လပိုင်းထဲမှာ နှုတ်ထွက်တော့မယ်လို့ဒုတိယအကြိမ် သတိပေးပြောကြားလိုက်တာလို့ဦးကျော်ဝင်း( နတ္တလင်းမြို့နယ်၊ဖလံပင်ကျေးရွာအုပ်စု EC အဖွဲ့ဝင် ဒုစည်းရုံးရေးမှူး-ကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ)ကလဲအခုလိုရှင်းပြပါတယ်။

ီ၊ကျွန်တော်ဒီပါတီကိုဝင်ထားတာ(၄)နှစ်ရှိပါပြီ၊ကျွန်တော်တို့လယ်တွေသိမ်းထားတာလဲအနှစ်(၂၀)ရှိပါပြီ၊ကျွန်တော်တို့ လဲ ပါတီကလွှတ်တော်ကိုယ်စားလှယ်ကိုသွားပြောတော့လဲလုပ်ပေးလို့ မရတဲ့ပုံစံပြောနေတော့၊ကျွန်တော်တို့ဒါဆိုရင်ဒီပါတီကထွက်မယ်လို့ပြောတော့ ခင်ဗျားတို့သဘောလို့ ပြောတာကြောင့် အခုလိုပါတီက နှုပ်ထွပ် ဖို့အတွက်အခုလို။ဒါတိယအကြိမ်မြောက်ကြေညှာတာဖြစ်တယ်လို့ဦးဝင်းမြင့်(ဖလံပင်ကျေးရွာအုပ်စု) ကလဲ ထရှင်းပြပါတယ်။

အဆိုပါအကြောင်းအရာနှင့်ပါတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြစိုးအား ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းလယ်ယာမြေများမှာ စစ်တပ်၊ဋ္ဌာနဆိုင်ရာ၊သီးစားတွေနဲ့ ရှုပ်နေတဲ့အတွက် လယ်ယာမြေ တွေဖြစ်ပြီး၊အခုသေသေချာချာစစ်ဆေးကြည့်လိုက်တော့၊သူတို့ပြန်တောင်းတဲ့ နေရာတွေက လွဲနေတာကိုတွေ့ရလို့အခုပြန်လျှောက်ခိုင်းထားတယ်၊အဲဒီလိုလျှောက်တော့မှ ။နှစ်ဖက် ပိုင် သူတွေ ရဲ့အထောက်အထားတွေပေါ်မှာ၊သက်ဆိုင်ရာ ကအကဲဖြတ်ဆုံးဖြတ်ပေးလို့ရမှာဖြစ်တယ်လို့ ဖုန်း နဲ့ဖြေကြားပေးခဲ့ပါတယ်။

ဒေသဆိုင်ရာ ဋ္ဌာနဆိုင်ရာတွေက သိမ်းဆည်းထား၊ရောင်းစားထား၊အငှားသီးစားချထားတာ တဲ့ လယ်ယာမြေများနှင့်ပါတ်သက်ပြီး ဒေသခံတောင်သူတွေက ၁၇-၁၁-၂၀၁၄ ရက်နေ့တွင် တကြိမ်၁၀-၁၂-၂၀၁၄ ရက်နေ့တွင်တစ်ကြီမ်၊် ၂၆-၁-၂၀၁၅ ရက်နေ့တွင် နတ္တလင်းမြို့ပေါ်တွင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် တတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့၊လာရောက်ရှင်းလင်းပေးခြင်းမရှိတာရယ်။ စုံစမ်းရေးကော်မရှင်ကနေ သီးစားသမားတွေကိုသာ စစ်ပြီး မူလပိုင်ရှင်ဒါးမဦးချတောင်သူတွေကို စစ်ဆေးခြင်းမရှိပဲ ၁၉၉၄-ခုနှစ်တွင် သိမ်းဆည်းထားခြင်းအား ၁၉၈၈-ခုနှစ်နောက်ပိုင်းတွင်သိမ်းလိုက်တယ်လို့ လိမ်လည်ပြီး၊ပြန်တမ်းထုတ်ပြန်လိုက်တာကြောင့်၊ အခုလိုဒုတိယအကြိမ်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလ်ုခဲ့ပြီး၊သူတို့တို့ဆုံးရှုံးထားတဲ့ လယ်ယာမြေများတွေ ပြန်လည်မရပါက ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကနေ နှုတ်ထွက်ကြမည်ဖြစ်ကြောင်းကို အတိအလင်းကြေညှာပြောကြားလိုက်ကြတာဖြစ်ပါတယ်။

မင်းညို(DVB)  မှ  ပြည်သတင်း သို့ ပေးပို့ထားပါတယ်..
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019



0 comments:

Post a Comment

Facebook Like Page