ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက
အသက်သုံးဆယ့်သုံးနှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ ကြောင်း ပြည်အမှတ်(၁) ရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူသည် ပြည်မြို့ န၀င်းနယ်မြေ ရွေလက်လှရပ်ကွက် ပြည်လုံးချမ်းသာလမ်း
ခြံအမှတ်၆၉ နေ အသက် (၃၃)နှစ်အရွယ် ကိုညီသဲမောင်(ခ)ဗိုက်ကြီး ဖြစ်သည်။
ထိုနေ့ည ၁၀နာရီခွဲအချိန်က ကိုညီသဲမောင်(ခ)ဗိုက်ကြီးသည် ၄င်း၏ နေအိမ်အိပ်ခန်း အတွင်းရှိ အမြင့်(၉)ပေခန့်ရှိသော
ထုတ်တန်းကို လက်သန်းခန့် ရှိသော နိုင်လွန်ကြိုး ဖြင့်ချည်နှောင်ကာ အောက်ခြေတွင် သစ်သားတုံးခု၍
ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးချိန်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရကြောင်းလည်း
ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။
ဆွဲကြိုးချသေဆုံးခြင်း နှင့်ပတ်သတ်ပြီး ပြည်အမှတ်(၁) ရဲစခန်းတွင်
သေမှုသေခင်းအမှတ်၅/၂၀၁၄ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
09 430 47862
0 comments:
Post a Comment