Thursday, December 18, 2014

အသက်(၁၂)နှစ်အရွယ် ဘကကျောင်းသူကို သားမယားပြုကျင့်မှုဖြင့် ကျောင်းတိုင်ဆရာတော်တစ်ပါး ဖမ်းဆီးစစ်ဆေးခံရ

Leave a Comment

ဖိုးပျော့ (ပြည်သတင်း)


ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် အသက်(၁၂)နှစ်အရွယ် ဘက (ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း) ကျောင်းသူကို သားမယား ပြုကျင့်မှုဖြင့် ကျောင်းတိုင်ဆရာတော်တစ်ပါး ကို အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ပြည်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်မြို့  န၀ဒေးရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ခမ်းရတနာ ပရဟိတမူလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်အရွယ် (၇)တန်းကျောင်းသူကို သားမယားပြုကျင့်မှုဖြင့် ၄င်းကျောင်းမှ ကျောင်းတိုင်ဆရာတော် သက်တော် (၄၄)နှစ် ၀ါတော် (၁၉)၀ါရှိ ဦးဝါယမ(ခ) ခွန်မောင်လင်း ကို အမှုဖွင့်ဖမ်းဆီး စစ်ဆေးခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ဘက ကျောင်းဆရာမတစ်ဦး၏  တရားလိုလုပ်တိုင်တန်းချက်အရ  ကျောင်းထိုင် ဆရာတော် ဦးဝါယမ(ခ) ခွန်မောင်လင်းကို ပြည်မြို့မြို့မရဲစခန်းတွင် (ပ) ၁၀၄၄/ ၂၀၁၄ ၊ ပြစ်မှုပုဒ်မ-၃၇၆/ ၂၉၅-က ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေး လျှက်ရှိသည်။

ကျောင်းတိုင်ဆရာတော်သည် ကျောင်းသူမိန်းကလေးကို  ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည် ၁၂နာရီက  ၄င်း၏ အခန်းထဲတွင် တစ်ကြိမ် ၊ စက်တင်ဘာလ အတွင်းက  ကျောင်းခန်းမထဲတွင် တစ်ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်တွင် ဖော်ပြထားသည်။

09 430 47862  

0 comments:

Post a Comment

Facebook Like Page