Tuesday, December 23, 2014

နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ငွေသားနှင့်ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး တစ်ရာခုနှစ်ဆယ့်ကိုးသိန်းသုံးသောင်းဖိုးခန့် ပျောက်ဆုံးမှု အမှုဖွင့် ပြည့်သဲမောင် (ပြည်) 09 4236 71883

Leave a Comment






နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ငွေသားနှင့်ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး တစ်ရာခုနှစ်ဆယ့်ကိုးသိန်းသုံးသောင်းဖိုးခန့် ပျောက်ဆုံးမှု အမှုဖွင့်
ပြည့်သဲမောင် (ပြည်) 09 4236 71883 ပြည် ဒီဇင်ဘာလ (၂၄)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေရဲစခန်း၊ လောင်းကြီးအုပ်စု၊ လောင်းကြီးရွာတွင် နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းနှင့်ဈေးရောင်းသော စားပွဲအံဆွဲအတွင်း ထည့်ထားသော ရွှေထည်ပစ္စည်းများနှင့် ငွေသားများပျောက်ဆုံးသွားသဖြင့် ပုတီးကုန်းရဲစခန်းသို့ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် အမှုရေးဖွင့် ထားရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ သဲကုန်းမြို့နယ်၊ လောင်းကြီးအုပ်စု၊ လောင်းကြီးရွာနေ ဦးအောင်ကျော်ဦး (ခ) ဦးအောင်ဇော် (၄၂)နှစ်၏ နေအိမ်အပေါ်ထပ်တွင် ဇနီးဖြစ်သူ မစန်းစန်းအေး (၄၂)နှစ် ဆိုသူနှင့် အိပ်နေစဉ် မစန်းစန်းအေးမှ အိပ်ယာမှနိုးပြီး နေအိမ် အောက်ထပ်သို့ဆင်းသွားရာ " င့ါပစ္စည်းတွေ မရှိတော့ဘူး" ဟု အော်သံကြားရ၍ ဦးအောင်ကျော်ဦးမှ အိပ်ယာမှထပြီး ဇနီးဖြစ် သူထံသွားရောက်ခဲ့ရာ နေအိမ်အောက်ထပ်အလယ်ခန်းတွင် ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ဈေးရောင်းသောစားပွဲအံဆွဲအတွင်းထည့်ထားသော ငွေသားများပျောက်ဆုံးနေကြောင်း၊ တွေ့ရှိရပြီး နေအိမ်အတွင်းလိုက်လံကြည့်ရှုရာ နေအိမ်ခြေရင်း ပြတင်း ပေါက် (၂)ခုနှင့် နေအိမ်အရှေ့ဘက်ရှိ ပြတင်းပေါက်တစ်ခုတို့၏ ဂျက်များပွင့်နေပြီး တံခါးများ ပြန်စေ့ထား သည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရသိရသည်။
ဗီဒိုအံဆွဲအတွင်းနှင့်ဈေးရောင်းသောစားပွဲအံဆွဲအတွင်းထည့်ထားသော
ရွှေထည်ပစ္စည်းများနှင့် ငွေသား များအား
စစ်ဆေးရာ အောင်သမာဓိလေးထောင့်ပုံသဏ္ဍာန်အခေါက် (အကယ်ဒမီ) (၁၀)ကျပ်သား၊ ငါးမူးသားခန့် မြနန်းနွယ် လက်ကောက် (၆)ကွင်း၊ ငါးမူးသားခန့်ရွှေလက်ကောက်ပြောင်အပြား (၁)ကွင်း၊ ငါးမူးသားခန့် ရွှေလက်ကောက်ရှက်ပန်းအပြား (၂)ကွင်း၊ ငါးမူးသားရွှေခေါက်ဆွဲပတ်လက်ကောက် (၈)ကွင်း၊ တစ်ကျပ်သားခန့်ကျောက်နီဆွဲကြိုး (၁)ကုံး၊ တစ်ကျပ်သားခန့် ကျောက်ဖြူဆွဲကြိုး (၁)ကုံး၊ တစ်ကျပ်သားခန့် စက်ဖြတ်ဆွဲကြိုး (၂)ကုံး၊ ငါးမူးသားခန့်စက်ဖြတ်ဆွဲကြိုးအပြား (၁)ကုံး၊ တစ်ကျပ်သားခန့်စိန်ခြယ်ပွင့်ပုံ သဏ္ဍာန်စိန်လက်စွပ် (၁)ကွင်း၊ ကျောက်စီတန်းပါရွှေလက်စွပ် (၁)ကွင်း၊ မောင်နှံခုနှစ်ဖော်ကြံ ဆစ်လက်စွပ် (၄)ကွင်း၊ စာရံအဖြူပါရွှေနားတောင်း (၂)ရံ ၊ ရွှေနားဆွဲ (၃)ရံ၊ ရွှေနားတောင်း (၅)ရံ၊ ကျောက်ဖြူပါရွှေနားဆွဲ (၁)ရံ၊ ရွှေလော့ကတ်သီး (၅)ခု၊ ငွေစက္ကူရောရာ(၈)သိန်း၊ စုစုပေါင်း (၁၇၉၃၀၀၀၀ိ/-) (ကျပ်တစ်ရာခုနှစ်ဆယ့် ကိုးသိန်းသုံး သောင်း) ခန့် ပျောက်ဆုံးကြောင်း တရားလိုမှ အမှုဖွင့်တိုင်တန်းခဲ့သည်။
ထို့ကြောင့် ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေသားများခိုးယူသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဦးအောင်ကျော်ဦး မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပုတီးကုန်းနယ်မြေရဲစခန်း (ပ) ၂၂၅ / ၂၀၁၄၊ ပြစ်မှုပုဒ်မ (၃၈၀)ဖြင့် အမှုရေးဖွင့်ထားရှိ ကာ အမှုအားရဲအုပ်သိန်းနိုင်မှ လက်ခံစစ်ဆေးလျှက်ရှိပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

ပြည့်သဲမောင် (ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page