Sunday, November 16, 2014

မြန်မာတွေဘာ.ကြောင်.ဆင်းရဲနေသလဲ

Leave a Comment

သရ၀ဏ်(ပြည် )
ရန်ကုန်မြို. ၊ ဗိုလ်ချုပ်လမ်း နှင်.ဆူးလေဘုရားလမ်းထောင်.တွင်ရှိသော ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ် ) ဘေးမှဖြတ်လျှောက်လာတိုင်း ထူးဆန်းသောခံစားချက်တစ်ခုကိုကျွန်တော်အမြဲခံစားရသည် ။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများဟိုတယ်ဘေးသို.ဖြတ်လျောက်လာလျင် ဟိုတယ်စားသောက်ခန်းမအတွင်းဝယ် ၀တ်ကောင်းစားလှ ၀တ်ထားကြသော နိုင်ငံခြားသားဧည်.သည်များ ၊ နံနက်စာ ၊နေ.လည်စာ၊ ညစာများကို စမတ်ကျကျစားသောက်နေကြတာကို မှန်ချပ်ကြီး၏အတွင်းဘက်၍ တွေ.မြင်နေရစမြဲဖြစ်သည် ။ လူသွားလမ်းနှင်.လေးပေလောက်ပဲကွာသည်.နေရာတွင် စားသောက်ပွဲကြီးကိုတည်ခင်းသုံးဆောင်နေကြခြင်းဖြစ်သည် ။ ၀တ်စုံပြည်.နှင်.သပ်သပ်ရပ်ရပ်ဝတ်စားထားသော စားပွဲထိုးဝန်ထမ်းများကလည်းကျွမ်းကျင်မှုအပြည်.ဖြင်.ခန်းလုံးပြည်.ကော်ဇောခင်းထားသော အဲကွန်းအခန်းထဲဝယ် တည်ခင်းဧည်.ခံကျွေးမွေးနေကြပါသည် ။ ထိုလူကုံထံတို.၏စားသောက်ပွဲကိုတစ်ခါတစ်ရံတွင် တောင်းရမ်းစားသောက်သူများ ၊ ဆင်းရဲသားလက်လုပ်လက်စားများသည် မှန်ချပ်၏ တစ်ဖက် ဗိုလ်ချုပ်လမ်းပလက်ဖောင်းပေါ်မှငေးကြည်.နေကြတာ မကြာခနမြင်ဖူးပါသည် ။ တချို.ကလည်းမမြင်ဖူး၍ ၊ တချို.ကလည်း အားကျသောအကြည်.နှင်. ၊အချို.မှာ စားသောက်ချင်၍ကြည်.ကြခြင်းဖြစ်သည် ။ အခြားသူတွေတော.ဘယ်လိုနေမည်မသိ ။ ကျွန်တော်ကတော. ထိုမြင်ကွင်းကိုမြင်တိုင်းစိတ်မကောင်းဖြစ်မိသည် ။ ဟိုတယ်စားသောက်ခန်းထဲတွင်စားသောက်နေကြသူတွေကို မနာလိုလို.တော.မဟုတ် ။ သူတို.တတ်နိုင်၍ သူတို.ပိုက်ဆံဖြင်.စားသောက်ခြင်းကို ဘာမှအပြစ်ပြောစရာမရှိ ။ သို.သော်ကျွန်တော်.စိတ်ကိုဆွဲဆောင်မှုအရှိဆုံးဖြစ်ရပ်မှာ မြန်မာနိုင်ငံတွင်အကြွယ်ဝဆုံးသူများ နှင်. အဆင်းရဲဆုံးလူများသည် မှန်ချပ်၏ တစ်ဖက်တချက်တွင်အနီးကလေးကပ်လျက်ရပ်တည်နေကြခြင်းဖြစ်ပြီးသူတို. သည်တစ်ယောက်နှင်.တစ်ယောက် ပေအနည်းငယ်သာကွာသော်လည်း သူတို.ဘ၀များမှာ မိုးနှင်.မြေလိုကွာခြားကြခြင်းဖြစ်သည် ။ ကျွန်တော်ကတော. (အလုပ်သဘောဖြင်.)ဟိုတယ်အတွင်းသို.လည်းဝင်၍ ထိုနေရာတွင်စားသောက်ဖူးသည် ။ ဟိုတယ်အပြင်လူသွားလမ်းဘေးမှလည်း အထဲမှလူတွေစားသောက်နေတာကို တစေ.တစောင်းကြည်.ခဲ.ဖူးသည် ။ လောကကြီးတွင် ငတ်နေသူအချို.ကငတ်နေ၍ စားနိုင်သောက်နိုင်သူအချို.က ကြယ်ငါးပွင်.အဆင်.ဟိုတယ်ကြီးတွင် စားသောက်နေကြတာ ကို အနီးကပ်မြင်ရတာ ဤဟိုတယ်တစ်ခုပဲရှိမည်ထင်သည် ။ တခါတရံတွင်ကလေးချီထားသော အဟာရချို.တဲ.နေသည်. တောင်းရမ်းစားသောက်သူ မိခင်တစ်ယောက်ကမှန်နံရံနောက်ကွယ်မှ ထိုသူများစားသောက်နေခြင်းကိုကြည်.နေသည်.မြင်ကွင်းအားတွေ.ရသည်မှာစိတ်မချမ်းသာစရာဖြစ်သည်။စားနိုင်သောက်နိုင်သူများကိုမုဒိတာပွား သော်လည်း မစားနိုင်မသောက်နိုင် ငေးမှိုင်ကြည်.နေရှာသော မြန်မာနိုင်ငံသား ဆင်းရဲသားလုပ်သားပြည်သူများအတွက်တော.၀မ်းနည်းမိပါသည် ။ ထိုအတွေးနှင်.ထပ်တူ ကျွန်တော်တို.နိုင်ငံသားတော်တော်များများသည် အဘယ်ကြောင်.ဆင်းရဲတွင်းမှနှစ်ပေါင်းကြာရှည် အောင်မတက်နိုင်ကြသည်ကို အကြောင်းရင်းကိုလေ.လာသုံးသပ်မိပါသည် ။ထိုအခါ ဖြစ်နိုင်သမျှ မြန်မာများ ဆင်းရဲကြရခြင်းကိုအောက်ပါအတိုင်းတွေ.ရပါသည် ။
(၁) ပညာမတတ်သဖြင်. ၀င်ငွေကောင်းသော အလုပ်အကိုင် များမရကြခြင်း
မြန်မာနိုင်ငံသားတော်တော်များများသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပါသည် ။ကျေးလက်တောရွာများတွင် အချို.ရွာများတွင် ကျောင်းပင်မရှိ ။အချို.ရွာကြီးများတွင်သာမူလတန်းကျောင်းလေးများရှိပါသည် ။ တောရွာများတွင် မူလတန်းအောင်သောအခါ ကျောင်းဆက်တက်ရန် အလယ်တန်း ၊အထက်တန်းကျောင်းများမရှိပါ ။ အထက်တန်းကျောင်းရှိသည်.မြို.သို.လွှတ်၍ ပညာသင်စေမည်ဆိုလျင် မိဘအတွက် သာသမီး တို.နေဖို. နေစရာအိမ် ၊စားစရာ ထမင်းဖိုး ၊ သွားလာရသည်.ခရီးစားရိတ် ၊ကြည်.ရှုစောင်.ရှောက်မည်.သူ စသည်တို.လိုလာပါသည် ။တော်ရုံဝင်ငွေမျှသာရှိသောလယ်သမားတစ်ယောက်အနေနှင်.သားသမီးကိုမြို.သို.ပို.၍ပညာသင်ကြားစေရေးမှာအခွင်.အရေးမရှိသလောက်နည်းပါသည် ။ ထို.ကြောင်. ကျေးလက်မှကလေးများသည်စတုတ္ထန်းအောင်သည်နှင်. ဆက်တက်စရာကျောင်းမရှိတော.၍ ပညာရေးနိဂုံးချုပ်သွားပါသည် ။ သူတို.သည် မွေးရာပါအခွင်.အရေးအရ မြို.မှကလေးများနှင်.မျှတသောယှဉ်ပြိုင်ခွင်.ကိုမရရှာပါ ။ ပညာမတတ်သောအခါ ကြီးပြင်းလာလျင် လယ်သမား ၊ သူရင်းငှား ၊ကျပန်းလုပ်သား၊ စသော ဘ၀မှာပဲကျင်လည်ရပြန်ကာ သူတို.ကမွေးဖွားလာသော မျိုးဆက်များကိုလည်းပညာအမွေပေးနိုင်မည်မထင်ပါ ။ အစိုးရမှ ပညာရေး အသုံးစားရိတ်ကို အဆများစွာမြှင်.တင်ပြီး တောကျောင်းများတွင် အထက်တန်းအထိပညာသင်နိုင်ခွင်.ကိုဖန်တီးပေးသင်.ပါသည် ။ ယခုအခါ ပညာရေးအတွက်သုံးသောမြန်မာနိုင်ငံ၏ဘတ်ဂျက်မှာယခင်က ၄.၄ % ပဲရှိရာယခုနှစ်တွင်မှ ၅.၄၃ % ပဲသုံးသည်ဟုဆိုရာ နိုင်ငံတော်သည်ငွေတရာ ရမှ ပညာရေးအတွက် ငါးကျပ် လေးဆယ်.သုံးပြားသုံးခြင်းဖြစ်သည် ။ နိုင်ငံတကာတွင်တော. ဘတ်ဂျက်၏ (၂၀ )ရာခိုင်နှုန်းခန်.ကို ပညာရေးအတွက်အသုံးပြုကြပါသည် ။ မြန်မာနိုင်ငံတွင်တော. တပ်မတော်အတွက်ဘတ်ဂျက်၏ (၂၀ % )ကိုအသုံးပြုပါသည် ။အာဆီယံတွင် အဖွံ.ဖြိုးဆုံးနိုင်ငံဖြစ်သော စင်္ကာပူသည် နိုင်ငံ.ဘတ်ဂျက်၏ (၂၀ )ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးပါသည် ။ နိုင်ငံသားတို.ပညာတတ်စေရန် အစိုးရသည် ပညာရေးအတွက် ငွေပိုသုံးရပါမည် ။ ဆင်းရဲခြင်းသည်ပညာမတတ်ခြင်းနှင်.ဆက်နွယ်နေပါသည် ။
(၂) ၀င်ငွေနှင်.ထွက်ငွေမမျှခြင်း
မြို.ပေါ်နေမြန်မာနိုင်ငံသားတော်တော်များများသည် မိမိလစဉ်ဝင်ငွေ၏ ထက်ဝက်ခန်.ကို အိမ်ငှားခအတွက်အသုံးပြုနေရပါသည် ။အချို.မှာရသည်.လခ၏အားလုံးနီးပါးမှာအိမ်လခဖြင်.ပင်ကုန်သွားပါသည်။ အိမ်ဈေးမြေဈေးများမှာ သာမန် တိုင်းသူပြည်သားများအိုးပိုင်အိမ်ပိုင်နှင်.မနေနိုင်လောက်အောင်မြင်.မားလျက်ရှိနေကြရာ ဘိုးဘွားအမွေအဖြစ်ရရှိထားသော လက်ငုတ်လက်ရင်းအိမ်ခြံမြေရှိထားသူများမှတပါး သမ္မာအာဇီဝဖြင်.ရရှိသောလစာငွေဖြင်. မြေတစ်ကွက်ဝယ်နိုင်ဖို.မှာ မျှော်လင်.ချက်မရှိသလောက်ဖြစ်သည် ။ အစိုးရသည် တတ်နိုင်သလောက် အရှုံးခံ၍ အိမ်ယာစီမံကိန်းများကိုချက်ခြင်း အကောင်အထည်ဖော်သင်.ပါသည် ။ ၀င်ငွေ၏ထက်ဝက်ကို အိမ်ငှားခအတွက်သုံးလိုက်ရသောအခါအခြား မရှိမဖြစ်သုံးရမည်. အစားအသောက် ၊ လူမှုရေး ၊ ပညာရေး ၊ ဆေးဝါး ၊အပန်းဖြေရေးတို.အတွက်သုံးရမည်.ငွေသည် မရှိသလောက်ဖြစ်သွားကာ ငွေပိုငွေလျှံမစုဆောင်းနိုင်ပဲ ဆင်းရဲတွင်းသံသရာရှည်နေပေသည် ။စားသောက်ကုန်စားရိတ်များကြီးမြင်.လာခြင်း ၊လျှပ်စစ်မီတာခများတိုးကောက်ခြင်း ၊ သယ်ယူပို.ဆောင်ရေးအတွက်ကုန်ကျစားရိတ်(ကားခ ) များပိုမိုလာခြင်း စသည်တို.သည်လည်း ၀င်ငွေနှင်.ထွက်ငွေမလောက်ငစေသောအကြောင်းများဖြစ်သည် ။
(၃) ထိရောက်သော ကျန်းမာရေးစောင်.ရှောက်မှု စနစ်မရှိခြင်း
မြန်မာနိုင်ငံသားများအတွက် ကျင်.သုံးနေသောကျန်းမာရေးစောင်.ရှေက်မှုစနစ်မှာ အရှင်းဆုံးပြောရလျင် ကိုယ်ဖြစ်ကိုယ်ခံ ကျန်းမာရေးစနစ်ဖြစ်သည် ။ လူတစ်ယောက်သည် နေမကောင်းလျင် မိမိကိုယ်ပိုင်ငွေဖြင်.သာဆေးခန်းသွားပြရသည် ။ ရောဂါကြီးလျင် မရှိမဲ.ရှိမဲ. ပစ္စည်းများကိုပေါင်နှံရောင်းချ၍ ပုဂ္ဂလိကဆေးရုံဆေးခန်းများသို. သွားရောက်ကုသကြရသည် ။ အလွန်.အလွန်ဆင်းရဲမွဲတေကြသူများကိုနိုင်ငံတော်ပြည်သူ.ဆေးရုံများမှ အခမဲ. ကုသစောင်.ရှောက်မှုပေးသည် ဆို၏ ။ သို.သော် နိုင်ငံတော်ဆေးရုံများတွင်ခွဲခြားဆက်ဆံမှုများ ၊ ရိုင်းပြသောဆက်ဆံရေးများ ၊ ဆေးဝါးမပြည်.စုံမှုများ က အဓိကပြသနာဖြစ်သည် ။ပြည်သူလူထုသည် အသက်သာအသေခံမည် ၊ အစိုးရဆေးရုံသို. တတ်နိုင်သမျှ မသွားချင်ကြောင်း မိမိကိုယ်ကိုယ်သတ်သေသွားသော မြောင်းမြမြို.မှ အူကျရောဂါဝေဒနာရှင်တဦးကသက်သေပြနေပါသည် ။ လူတို.၏ ၀င်ငွေသည် မိသားစုအတွင်းမှ တစုံတဦး ဆေးကုသမှုခံယူလိုက်ရသည်နှင်.အကြွေးတင်သည်အထိ နစ်မြုပ်သွားလေ.ရှိသဖြင်. ဆင်းရဲသားများမှာနလံမထူနိုင်တော.ပဲ ဆင်းရဲတာရှည်ပါသည် ။ နိုင်ငံတကာတွင် ကျန်းမာရေးအာမခံစနစ်တခုထားရှိပြီး သတ်မှတ်ထားသောပြင်ပဆေးခန်းများတွင် အတိုင်းအတာတခုအထိ အခမဲ.ကုသခွင်.ပြုထားခြင်း ၊အစိုးရဆေးရုံများတွင် တပြားတချပ်မှပေးစရာမလိုပဲ အဆင်.မီစွာ ၊ ယဉ်ကျေးဖွယ်ရာစွာ ကုသမှုပေးခြင်းကိုပြုလုပ်ပေးကြပါသည် ။ ကျန်းမာရေးအတွက်မြန်မာနိုင်ငံ၏အသုံးစားရိတ်မှာ ငွေတစ်ရာကျပ်နိုင်ငံတော်တွင်ရှိတိုင်း သုံးကျပ် ဆယ်.ငါးပြား ( ၃.၁၅ % ) ကိုသာ နိုင်ငံတော်ကသုံးနေခြင်းဖြစ်ပါသည် ။ ထို.ကြောင်.ကျန်းမာရေးစောင်.ရှောက်မှုသည်အလွန်နိမ်.ကျနေပါသည် ။ လူတို.ဆင်းရဲခြင်းမှာ မကျန်းမာမှု ၊ ကျန်းမာရေးအတွက်ငွေကုန်ကြေးကျများမှုတို.ကြောင်.ဖြစ်ပါသည် ။
( ၄ ) အလုပ်အကိုင်ရှားပါးခြင်း
နိုင်ငံအတွင်းဝယ် နှစ်ရှည်လများ ဖြစ်ပေါ်နေခဲ့.သော စီမံခန်.ခွဲမှုအလွဲများကြောင်. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များမရှိသလောက်နည်းပါးသွားခြင်းဖြစ်သည် ။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၁၉၈၈ အထိ ဆိုရှယ်လစ်စနစ်ဖြင်. တံခါးပိတ်မူဝါဒကိုကျင်.သုံးကာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ.ရာမှ စီပွားရေးချွတ်ခြုံကျခဲ.ပါသည် ။ ပြည်သူပိုင်စက်ရုံအလုပ်ရုံများမှာလည်း မဆိုသလောက် အလုပ်အကိုင်များကိုသာ ဖန်တီးပေးနိုင်ပါသည် ။ ၁၉၈၈ မှ ၂၀၁၀ စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ခဲ.သော်လည်း ခိုင်မာသော ဥပဒေ မရှိခြင်း ၊ မူဝါဒ မကြာခနပြောင်းလဲခြင်း ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို.ထားခြင်းတို.ကြောင်.တရုတ်နှင်. အာဆီယံ ကုမ္မဏီအချို.မှလွဲ၍ ထိရောက်သောပြည်ပရင်းနှီးမြှုပ်နှံမှုမရှိခဲ. ။အလုပ်အကိုင်အခွင်.အလမ်းလဲ ပြည်သူတို.တွင် မရှိသလောက်ဖြစ်သည် ။ထိုစဉ်က မြန်မာနိုင်ငံ၏ အလုပ်လက်မဲ.နှုန်းကိုစစ်အစိုးရသည် တခါမှ တရားဝင်စာရင်းအင်းများမကြေငြာ သဖြင်.မသိရသော်လည်း ကျွန်တော်တို.လက်တွေ.ကျင်လည်ကြီးပြင်းခဲ.ရာခေတ်ကြီးတွင် လူ ၁၀၀ လျင်အလုပ်မရှိသူမှာ ၄၀ ထက်လျော.မည်မဟုတ်ချေ ။ထို.ကြောင်. လက်ဘက်ရည်ဆိုင်များ ၊ဘိလိယက်ခုံများ ။အရက်ဆိုင်များ တွင်လူတို.အုံခဲနေကြခြင်းဖြစ်သည် ။ အလုပ်မရှိသဖြင်. မလေးရှား ၊ထိုင်း ၊စင်္ကာပူ နိုင်ငံများသို.သွားရောက်ကာ ရရာအလုပ်လုပ်နေရသောမြန်မာလူငယ်များ သန်းနှင်.ချီ၍ရှိနေတာ မြန်မာနိုင်ငံတွင်အလုပ်ရှားပါးမှု၏အဓိကသက်သေဖြစ်သည် ။ အလုပ်မရှိသဖြင်. ၀င်ငွေ မရှိ ၊ ၀င်ငွေမရှိသဖြင်.ဆင်းရဲသည် ။ ဤသံသရာကိုအမြစ်ဖြတ်ရန် အစိုးရသည် အောက်ခြေလူတန်းစားများ ကို အလုပ်အကိုင်များပို၍ဖန်တီးပေးရမည် ။ သဘာဝဓါတ်ငွေ. ၊ကျောက်မျက် ၊ လျှပ်စစ် ၊သစ်တောစသောသဘာဝ သယံဇာတများတူးဖော်မည်. နိုင်ငံခြားကုမ္မဏီများထက် မြန်မာလူထုကိုအလုပ်အကိုင်များဖန်တီးပေးနိုင်မည်. စက်ရုံ ၊အလုပ်ရုံ ၊(ဥပမာ မော်တော်ကားစက်ရုံ ) ၊စသည်များကို မြန်မာနိုင်ငံသို.ရောက်လာအောင်မက်လုံးပေးစည်းရုံးသင်.ပါသည် ။
(၅) သယံဇာတရောင်းချရာမှမှရသောဝင်ငွေသည် ပြည်သူလူထုထံသို.ရောက်ရှိမှုမရှိခြင်း
နှစ်စဉ်ဒေါ်လာဘီလျံနှင်.ချီသောသဘာဝဓါတ်ငွေ.ရောင်းရငွေများ ၊ ကျောက်မျက် ရောင်းရငွေများ ၊ ကျွန်းသစ်နှင်.သစ်မာရောင်းရငွေများ ၊ ရေသယံဇာတရောင်းရငွေများ ၊ ကြေးနီ ၊ နီကယ် ၊ ရွှေသတ္တုတူးဖော်ရေး စသော သဘာဝသယံဇာတရောင်းချရာမှရရှိသောဝင်ငွေများ သည်ဒေသခံပြည်သူလူထုထံသို. ဒေသဖွံ.ဖြိုးရေးပုံစံဖြင်.ဖြစ်စေ ၊ အကျိုးအမြတ်ခွဲဝေမှုပုံစံဖြင်.ဖြစ်စေ ဒေသခံပြည်သူတို.ရပိုင်ခွင်.ရှိပါသည် ။ ဥပမာ အာရပ်နိုင်ငံအချို.တွင် ရေနံရောင်းချခြင်းမှရရှိသောဝင်ငွေကိုနိုင်ငံသားများအားခွဲဝေပေးသဖြင်. ယူအေအီး ၊ကာတာစသော ရေနံထွက်သော အာရပ်နိုင်ငံသားများ ၀င်ငွေအလွန်ကောင်းကာ တိုင်းသူပြည်သားများ၏လူနေမှုအဆင်.မြင်.လာကြပါသည် ။မြန်မာနိုင်ငံ၌ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြောင်.ဒေသခံများ လယ်မြေယာမြေများကိုစွန်.လွှတ်အနစ်နာခံခဲ.ရသော်လည်း အကျိုးအမြတ်ကို မြန်မာ-၀မ်ပေါင်ကုမ္မဏီ ၊ အစိုးရနှင်. စီးပွားရေးဦးပိုင်လီမိတက်တို.သာ ဝေခြမ်းယူခဲ.ကြလေသည် ။ ဒေသခံတို.အတွက် ဘာမှမရသလောက်ပင်ဖြစ်သည် ။ ဖားကန်. ၊ မိုးကုတ် ၊မိုင်းရှူး ရခိုင်ပြည်နယ် စသည်.ဒေသများတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည် ။ ဒေသခံတို. သည်သူတိုထံမှ သဘာဝသယံဇာတများကိုပေးလိုက်ရသော်လည်း ဘာမှမယ်မယ်ရရပြန်မရသဖြင်. ဆင်းရဲမြဲဆင်းရဲကာ နိုင်ငံခြားတွင် ခေတ်သစ်ကျွန်သွားခံကာအောက်ကျသောအလုပ်များကိုလုပ်နေကြရဆဲဖြစ်သည် ။ သယံဇာတမှရသော တစ်နှစ်ဝင်ငွေအနက် တစ်ရက်ဝင်ငွေကိုသာ ဒေသခံတို.အား ရှယ်ယာအဖြစ်ခွဲဝေပေးလျင်ပင် မရှိဆင်းရဲသားများအတွက်အတော်အထောက်အကူရပေလိမ်.မည် ။
( ၆ ) စစ်အသုံးစားရိတ်ထောင်းနေခြင်း
တပ်မတော်သားများသည် ဤကဲ.သို.ပြောပါက မကြိုက်ကြပေ ။ဒေသတွင်းတပ်မတော်များနှင်. နှိုင်းယှဉ်လျင်ခေတ်မီတပ်မတော်တခုအတွက်လိုအပ်သောအနိမ်.ဆုံးစစ်စားရိတ်ကိုသာသုံးနေခြင်းဖြစ်သည် ဟုတပ်မတော်ခေါင်းဆောင်များကအမြဲတမ်းကာကွယ်ပြောလေ.ရှိပါသည် ။သုံးငွေပမာဏခြင်းယှဉ်လျင်မြန်မာတပ်မတော်၏အသုံးစားရိတ်မှာ ထိုင်းတို. စင်္ကာပူတို.ထက်နည်းကောင်းနည်းပါလိမ်.မည် ။ သို.သော် နိုင်ငံ၏၀င်ငွေ ၊ နိုင်ငံသူနိုင်ငံသားတို.၏၀င်ငွေနှင်.အချိုးချကြည်.လျင်တော.မြန်မာနိုင်ငံ၏ဘတ်ဂျက်အသုံးစားရိတ်များတွင်ကာကွယ်ရေးအသုံးစားရိတ်မှာအများဆုံးဖြစ်နေပါသည် ။ ဥပမာအားဖြင်. တစ်လ သိန်းတစ်ရာဝင်ငွေရှိသောသူဌေးတစ်ယောက်သည် သူ.အိမ်လုံခြုံရေးအတွက်လုံခြုံရေးအစောင်.များငှားခြင်း ၊ စီစီတီဗီ စသည်.ကရိယာမျာတပ်ဆင်ခြင်းအတွင် တစ်လ ဆယ်သိန်းသုံးသည် ဆိုပါစို. ။ သူ.ဘေးအိမ်မှ တစ်လလျင် နှစ်သိန်းသာဝင်ငွေရှိသော ဆင်းရဲသားမိသားစုသည် ဘေးအိမ်ကိုအားကျ၍ လုံခြုံရေးစားရိတ် တလ လေးသောင်းသုံးပြီး သူ.အသုံးစားရိတ်မှာဘေးအိမ်နှင်.စာလျင်အလွန်နည်းပါသည် ဟုပြောနေသလိုဖြစ်ပေသည် ။သူထည်.မတွက်သောအချက်မှာ ဘေးအိမ်သည် လုံခြုံရေးအတွက်တစ်လဆယ်သိန်းသုံးသလို ပညာရေးနှင်.ကျန်းမာရေးအတွက် တစ်လသိန်းနှစ်ဆယ် သုံးနေခြင်းဆိုသည်.အချက်ဖြစ်သည် ။ဆိုလိုသည်မှာ ဘယ်ရွေ.ဘယ်မျှသုံးသည် ဆိုခြင်းမှာပဓာနမဟုတ် ။ ၀င်ငွေ၏ ဘယ်လောက်ရာခိုင်နှုန်းကိုသုံးပစ်နေသည်ဆိုခြင်းကပြသနာဖြစ်သည် ။ တစ်နေ.သုံးထောင်သာဝင်ငွေရှိသောဆိုက္ကားသမားက ငွေ တထောင်ဖိုးသူ.အတွက်သုံးလိုက်ခြင်းသည် မိသားစုတစုလုံးအတွက်အတွက် နှစ်ထောင်သာကျန်တော.ခြင်းကြောင်. ထိခိုက်မှုရှိပါသည် ။ တစ်နေ.တစ်သောင်းဝင်ငွေရှိသူက နှစ်ထောင်ဖိုးသုံးခြင်းနှင်.သွား၍ မနှိုင်းယှဉ်သင်.ပေ ။
(ရ) အခွန်စနစ်မကောင်းခြင်း
နိုင်ငံတကာတွင်ကောက်ခံသောအခွန်စနစ်မှာ လူများများထံမှနည်းနည်းစီတိတိကျကျကောက်ခံခြင်းဖြစ်သည် ။ မြန်မာနိုင်ငံတွင်အခွန်ကောက်ခံသောစနစ်မှာ လူအနည်းငယ်ကို များများ ကောက်ခံခြင်းဖြစ်သည် ။ ဆိုလိုသည်မှာ အခွန်မပေးသူ ၊ အခွန်ဦးစီးမှူးနှင်.ပေါင်းကာလျှော.ပေးသူ ၊ လုံးဝမပေးပဲအခွန်ရှောင်နေသူ ၊အခွန်လိမ်နေသူ စီးပွားရေးလုပ်ငန်းရှင်ကြီးများစွာရှိပါသည် ။ ထိုသူတို.ပေးရမည်.ငွေများကိုသာမန်စီးပွားရေးသမားအလတ်စားနှင်.အသေးစားလုပ်ငန်းရှင်များ၊ပြည်သူများက ၀န်ပိုထမ်းနေရသလိုဖြစ်သည် ။ ဤစနစ်ကတိုင်းပြည်ဝင်ငွေ လျော.နည်းကာဘတ်ဂျက်လိုငွေပြပြီး ငွေစက္ကူများအသစ်ထပ်မံရိုက်နှက်သောကြောင်.ငွေဖောင်းပွကာ ပြည်သူလူထုကိုပို၍ဆင်းရဲစေပါသည် ။ခေါင်ကမလုံ၍မိုးယိုသော ကိစ္စဖြစ်ပါသည် ။
(၈ ) အဂတိလိုက်စားမှုများ
မြန်မာပြည်သူများဆင်းရဲရသော အခြားအကြောင်းတစ်ခုမှာအစိုးရကချပေးလိုက်သော အသုံးစား၇ိတ်ဘတ်ဂျက်ငွေများသည် အောက်ခြေ ပြည်သူလူထု ထံမှန်မှန်ကန်ကန်ရောက်ရှိမလာပဲ စီမံကိန်းများတွင်ပါဝင်ပါတ်သက်သူ များဝိုင်းဝန်းခိုးဝှက်ကြခြင်း ဖြင်. နိုင်ငံ.ဘဏ္ဍာငွေများအဟောသိကံဖြစ်မှုကြောင်.ဖြစ်သည် ။ ထိုကိစ္စကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင်.ကပင် ဆီးသီးဘန်းမှောက်ကျသောဥပမာ ပေးခဲ.လေသည် ။ ပြသနာကား ဆီးသီးဘန်းမကြာခနမှောက်နေသော်လည်း တမင်မှောက်သူကိုရော ၊ ကောက်စားကြသူများကိုရော အရေးမယူပဲ မသိချင်ယောင်ဆောင်နေကြခြင်းဖြစ်သည် ။ ထို.ကြောင်.ပြည်သူလူထုသည် အစိုးရကိုအားကိုး၍ မရပဲ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ်ရေးတို. ၊ ကိုယ်.အားကိုယ်ကိုး ရပ်ရွာမီးလင်းရေးတို.၊ စားရိတ်မျှပေးကျန်းမာရေးတို.မှာ မလိုအပ်ပဲအချိန်များ ၊ငွေများအကုန်အကျများနေကာဆင်းရဲတွင်းမှမတက်နိုင်ကြခြင်းဖြစ်သည် ။
(၉) လောင်းကစားနှင်. အရက်
မြန်မာအယောက် ၁၀၀ တွင် နှစ်လုံးထီ စွဲနေသူ (၈၀ )ခန်.ရှိမည်ထင်သည် ။ လူတို.သည် မိမိပင်မစီးပွားရေးအလုပ်ကိုဖြောင်.ဖြောင်.မလုပ်နိုင်ကြတော.ပဲ အချိန်ရှိသရွေ. နှစ်လုံးထီတွက်ခြင်း ၊ မရှိမဲ.ရှိမဲ.ငွေများကိုချေးငှားကာ နေ.စဉ် လောင်းကစားခြင်း ၊ နှစ်လုံးထီထွက်မည်.အချိန်တွင်အခြားအလုပ်မလုပ်နိုင်ပဲ လက်ဘက်ရည်ဆိုင်တွင် တမော.မော.ဖြင်. ထိုင်းနိုင်ငံ၏ရှယ်ယာဂဏန်း (ချဲပေါက်မဲ )များကိုသွားရောက်ကြည်.ရှုရခြင်း ။ မပေါက်သောအခါ စိတ်ဓါတ်ကျ၍မလုပ်မလုပ်ချင်တော.ခြင်း ၊ စိတ်လေခြင်း ၊ စားသောက်စရာပိုက်ဆံမရှိတော.၍ မရိုးသားမှုများကိုဆောင်ရွက်လာကြခြင်း တို.ဖြစ်ပေါ်ကာ ဆင်းရဲမှုသံသရာမှမလွတ်နိုင်ကြပေ ။ ဘောလုံးလောင်းကစားသူများမှာလည်းထိုနည်းနှင်နှင် ။ လူကြီးလူငယ်တော်များများမှာလည်း လမ်းတိုင်းတွင်မှိုလိုပေါက်အောင်ဖွင်.လှစ်နေကြသော ယမကာဆိုင်များမှာအချိန်ကုန်ကာ အချိန်တန်တော.ဖောရှောဇာတ်လမ်းအတိုင်း သေမင်းခေါ်ရာနောက်သို.ငယ်ငယ်ရွယ်ရွယ်နှင်.လိုက်ကြရတော.သည် ။ မသေမီလည်း အလုပ်ပျက်အကိုင်ပျက် ကျန်းမာရေးထိခိုက်ကာ မိသားစုအတွက် ၀င်ငွေရှာဖွေရာတွင်ထိခိုက်လာလေသည် ။ ဆင်းရဲတွင်းမှ မည်သို.မျှတက်နိုင်ကြမည်မဟုတ်ပေ။
(၁၀) စီးပွားရေးလုပ်ကွက်မှန်သမျှခရိုနီတို.လက်ဝါးကြီးအုပ်ထားခြင်း
ဤအချက်ကို အသေးစိတ်ထပ်မပြောလိုတော.ပါ ။တနိုင်ငံလုံးသိပြီးသားဖြစ်ပါသည် ။
ဤသည်တို.ကား မြန်မာနိုင်ငံတွင်လက်ငင်းဖြစ်ပေါ်နေသောပြည်သူများဆင်းရဲတွင်းနက်စေသောအကြောင်းရင်းများဖြစ်သည် ။ အစိုးရကဖြေရှင်းရမည်များရှိသလို ပြည်သူလူထုကမိမိအသိဖြင်.ရုန်းထရမည်.အရာများလည်းရှိပေသည် ။ ဆင်းရဲခြင်းနှင်.ချမ်းသာခြင်းကြားတွင်ခပ်ပါးပါးလေးခြားထားသောမှန်တချပ်ရှိသည်ဖြစ်ရာ ထိုမှန်ချပ်ကြီးကို တကယ်ကောင်းမွန်သော အစိုးရ ၊တကယ်သန်.ရှင်းသောအစိုးရ နှင်. ကိုယ်တိုင်ရုန်းထလိုသောပြည်သူများကပူးပေါင်းဖြိုခွင်းရမည်ဖြစ်ပါကြောင်း ။ ထိုသို.ညီညာဖျဖျဆောင်ရွက်ကြလျင်မြန်မာနိုင်ငံသားများသည် ခေတ်သစ်ကျွန်လူမျိုးများ ၊ခေတ်သစ်အိမ်ဖော်လူမျိုးများအဖြစ် ကျော်ကြားလာနေခြင်းကိုပယ်ဖျက်၍ လူမှန်နေရာမှန် ရွှေမှန်ကင်းစစ်လျင်နန်းတော်ပေါ်ပြန်ရောက်နိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပေသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၅.၁၁.၂၀၁၄

0 comments:

Post a Comment

Facebook Like Page