Sunday, November 2, 2014

ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ ပင့်ဆောင်ပူဇော်ပွဲ ဖိတ်ကြားလွှာ

Leave a Comment

နာရေးကူညီမူအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်သောပရဟိတသာသနာပြုအဖွဲ့သည် ပြည်မြို့ တစ်ဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးတွင် တည်ထားကိုးကွယ်မည့် မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်အတွင်း ကိန်းဝပ်စမ္ပယ်အပူဇော်ခံမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ နှင့်ထီးတော်များကို အောက်တိုဘာလ၂၇ရက်နေ့တွင် မန္တလေးတိုင်းစကျင်ရွာမှစတင်၍ မြို့ပေါင်းများစွာကိုဖြတ်သန်းပြီး ၃.၁၁.၁၄ ရက်နေ့ နေ့လည်၂နာရီခန့်တွင်ပြည်မြို့ သို့ ရောက်ရှိညအိပ်အပူဇော်ခံသွားမည်ဖြစ်ပါသည်။

ပြည်မြို့ မှ ၄ ၁၁ ၁၄ နံနက်၆နာရီတွင်စတင်ထွက်ခွာပြီး ရွှေဘုံသာအုပ်စုလက်ပံရွာအနီး ပရဟိတတောင်ကုန်းပေါ်သို့ ပင့်ဆောင်အပူဇော်ခံသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၃ ၁၁ ၁၄ ရက်နေ့တွင် ပြည်မြို့ ခေတ္တရာမြို့သစ်ဘုရင့်နောင်လမ်းမကြီး အနောက်မြို့ပတ် ၁၁ လမ်းထိပ်နှင့် ၁၂ လမ်းထိပ်ကြား မိခင်နှင့်ခလေးတိုက်ခန်းများရှေ့ အပူဇော်ခံမဏ္ဍပ်တွင် လာရောက်ဖူးမြော်ကုသိုလ်ယူနိုင်ရန် နိဗ္ဗာန်အကျိုးမြော်၍ နိုးဆော်ဖိတ်ကြားအပ်ပါသည်။
Ko Hay Man

0 comments:

Post a Comment

Facebook Like Page