ပြည်မြို့တွင် ရတဲ့ SimCardအရေအတွက်နည်းခြင်းကြောင့် ရောင်းသူနှင့်ဝယ်သူ
လိုသလောက်မရရှိသဖြင့် အခက်အခဲတွေ့နေ
ပြည့်သဲမောင်(ပြည်)
“အမဆိုင်က Handset နဲ့ Accessories တွေကို လက်လီလက်ကား ရောင်းချေ
ပးပါတယ်။မနေ့က SIM Card (1) ကဒ်ကို ၈၀၀၀ နဲ့ ရောင်းပေးပါတယ်။ ဒီနေ့ေ
တာ့ ( ၁၂၀၀၀) နဲ့ရောင်းပါတယ်။ တစ်နေ့ကို ၂၀ ကဒ်လောက်ပဲ ရောင်းပေးနိုင်ပါ
တယ်။ ၀ယ်ယူရတာခက်ခဲလို့ပါ။ (၁၅၀၀) နဲ့ ရမလားလို့မေးတဲ့သူကတော့အများ
ကြီးပေါ့။ လက်တွေ့ (၁၅၀၀) နဲ့မရတော့ မ၀ယ်နိုင်တဲ့ သူကများပါတယ်” လို့ Lucky Mobile ရွှေနန်းဦးဘုရားဆိုင်ခန်း ပိုင်ရှင် ဒေါ်စန္ဒာအေး ကပြောပါတယ်။
ကဒ်မထွက်ခင်က order တက်လို့ရတယ်ဆိုလို့ ကိုယ်စားလှယ်ဆိုင် (ရွှေကမ္ဘာ) မှာ
ကဒ် (၃၀၀) ကို order တက်ထားပါတယ်။ ကဒ်တွေသာထွက်လာတယ် ကိုယ်စား
လှယ်ဆိုင်ကမနက်ဖြန်ပေါင်းအများကြီး ပြောပြီး တစ်ကဒ်မှကို ရမလာပါဘူး။ အမတို့
လဲ လာမေးသမျှကိုမနက်ဖြန်ပေါင်းများစွာ ပြောလာရတာအဆင်မပြေတော့လို့သာ
မှောင်ခိုဈေးပေးဝယ်ပြီး ပြန်တင်ရောင်းပေးနေရတာ။ မှောင်ခိုဆိုတာလဲ သူတို့ကိုယ်
စားလှယ်ဆိုင်ကြီးတွေက မတန်တဆဈေးနဲ့ဝယ်ရတဲ့ကဒ်တွေပါဘဲ။ အမတို့ လက်လီဆိုင်တွေကို ခုထိ ခွဲတမ်း (၁) ကဒ် မှ မရသေးပါဘူး။ Elite ကတော့ မှန်မှန်
ကန်ကန်ဘဲ သုံးစွဲသူတွေကို (၁၅၀၀)ကျပ်နဲ့ ရောင်းပေးနေတယ်လို့ ကြားပါတယ် လို့ ဒေါ်စန္ဒာအေးက ဆက်လက်ပြောကြားခဲ့သည်။
"လက်ရှိပြည်မှာ ဆင်းကဒ်တွေကို ဈေးအမျိုးမျိုးနဲ့ရောင်းနေတယ်။၁ရက်နေ့မှာ တစ်ကဒ်
၅၀၀၀ ကျပ်နှုန်းနှင့်ငွေဖြည့်ကဒ် ၅၀၀၀၀ သုံးကဒ်တွဲယူရတယ်။လာဝယ်တဲ့သူက အရမ်း
များနေပြီး ဆင်းကဒ်ကလုံလုံလောက်လောက် မရောင်းချပေးနှိုင်တော့ ၀ယ်ရတာတော်
တော် အဆင်မပြေဘူးဖြစ်ရတယ်။တစ်ချို့နယ်ကလာဝယ်တဲ့သူတွေဆိုရင် သူတို့ကြား
ထားတဲ့ဈေးနှုန်းနဲ့လက်ရှိပေါက်ဈေး မကိုက်ညီမှုတွေကြောင့် ဆင်းကဒ်မရပဲ ပြန်သွား
ရတဲ့သူတွေတွေ့ရတယ်။ ၃ ရက်နေ့မှာWise Power တွင်မနက်ပိုင်းရောင်းချနေတာ
မတွေ့ရပါဘူး။ တစ်ချို့ဆိုင်တွေကတော့ ဟမ်းဆက်ဝယ်ရင် ဆင်းကဒ်လက်ဆောင်ပေး
တာကိုလဲတွေ့ရပါတယ်။တစ်ချို့ကတော့ ၁၅၀၀၀ ကျပ်၂၀၀၀၀ကျပ်နဲ့မှောင်ခိုရောင်းချ
ကျတယ်'' လို့ ဆင်းကဒ်ဝယ်သူ အာကာမင်းကပြောပါသည်။
“ကျွန်မတို့အနေနဲ့ ငွေဖြည့်ကဒ် (၁၀၀၀၀၀) ဖိုးဝယ်မှ (Sim Card) တစ်ကဒ်ပဲ
ရပါတယ်။ တစ်ကယ်တန်းရောင်းချတဲ့အခါ နယ်ဝယ်လိုအားက (၃၀၀) နှင့် အထက်
ရှိပေမဲ့ ၀ယ်လိုအားကို ရောင်းချမပေးနိုင်ပါဘူး (2.9.2014) မှာ ကျွန်မတို့ဆိုင်အနေနဲ့ Simcard ကို ၅၀၀၀နဲ့ ငွေဖြည့်ကဒ် (၃) ကဒ် (၂၀၀၀၀) နဲ့ရောင်းချပေးပါတယ်။လာ
ဝယ်တဲ့သူက များနေပြီး ရရှိတဲ့ Simcard က နဲနေတာကြောင့် ၀ယ်သူ နဲ့ ရောင်းသူ
မှာလဲ အဆင်မပြေဖြစ်ရပါတယ်’’လို့Wise Power Computer and Mobile ဆိုင်
မပိုင်ရှင် မမီးမီးကပြောပါသည်။
ကျွန်မအနေနဲ့ကတော့ လာဝယ်တဲ့သူတွေကို ဈေးနှုန်းမမြင့်ပဲနဲ့ပုံမှန်အတိုင်းတက်နှိုင်
သမျှ ရောင်းပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရတဲ့ SimCard အရေအတွက်နဲ့က ၀ယ်သူလိုသလောက် ရောင်းမပေးနိုင် ဖြစ်နေတယ် ၀ယ်သူတွေ အခက်အခဲဖြစ်နေတာ
ကိုလဲ ကိုချင်းစာနာခဲ့ပါတယ် လို့ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော် တို့ဆိုင်မှာလဲ Simcard တွေရောင်းချပေးနေပါတယ်။ 2.9.2014 မှာ ငွေ
ဖြည့်ကဒ် (၁၅၀၀၀) ဖိုးဝယ်ရင်Simcard ကို (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါတ
ယ်။ ဒီနေ့ချိန်အထိဟမ်းဆက် (၂၀၀၀၀) နှင့် ငွေဖြည့်ကဒ် (၁၀၀၀၀) ဖိုးဝယ်ယူသူကို
Simcard (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးပါတယ်။အမှတ် (၁၂၀၆)၊ မြို့သစ်အ၀င်
လမ်း၊ ဂိမ်းကြီးဝင်းအနီး အသစ်ဖွင့်လှစ်ထားသော N.S.M တွင်ဆိုင်သစ်ဖွင့်လှစ်သော
အနေဖြင့် Happy hour အနေဖြင့် simcard (၁၀)ကဒ် အားငွေဖြည့်ကဒ်(၁၅၀၀၀)
ဝယ်ယူသူတိုင်းအတွက် Simcard တစ်ကဒ်ကို (၅၀၀၀) ကျပ်နှုန်းဖြင့်ရောင်းပေး ပါ
တယ်။ ဟမ်းဆက် (၂၀၀၀၀) နှင့် အထက် (+) ငွေဖြည့်ကဒ် (၁၀၀၀၀)၀ယ်ယူသူကို
Simcard တစ်ကဒ်ကို (၁၅၀၀) နဲ့ရောင်းချပေးပါတယ နေ့စဉ် ၀ယ်လိုအားက ၁၀၀
နှင့် အထက်ရှိပေမဲ့ လုံလောက်အောင်ရောင်းချနိုင်ခြင်း မရှိပါဘူး ’’ လို့ N.S.M com
puter mobile မှပိုင်ရှင် ကိုဥာဏ်ရှိန်မြင့် ကပြောပါသည်။
အဆိုပါဆိုင်များမှာ ၀ယ်ယူမည်ဆိုပါက လိုင်စင်ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မိတ္တူ လိုအပ်ကြောင်းသိရှိရပါသည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ pyae phyo pyay

0 comments:
Post a Comment