Saturday, September 13, 2014

မြန်မာ့စီးပွားရေးဘဏ်မှလွန်ခဲ့သော၂၀၁၃ ခုနှစ်မှာထုတ်ပြန်ထားသော ညွန်ကြားချက် ၀န်ထမ်းနည်းဥပဒေ ၊ ဌာနတွင်းဥပဒေသများကို ဆန့်ကျင်ကာ ပြန်ပြောင်းရွှေ့ရန်အော် ဒါထွက်သည့် အတွက်အခြားဝန်ထမ်းမိသားစုက မကြေမနပ်ဖြစ်နေ ပြည့်သဲမောင်(ပြည်)

Leave a Comment


မြန်မာ့စီးပွားရေးဘဏ်မှလွန်ခဲ့သော၂၀၁၃ ခုနှစ်မှာထုတ်ပြန်ထားသော ညွန်ကြားချက်
ဝန်ထမ်းနည်းဥပဒေ ၊ ဌာနတွင်းဥပဒေသများကို ဆန့်ကျင်ကာ ပြန်ပြောင်းရွှေ့ရန်အော်
ဒါထွက်သည့် အတွက်အခြားဝန်ထမ်းမိသားစုက မကြေမနပ်ဖြစ်နေ
ပြည့်သဲမောင်(ပြည်)
မြန်မာ့စီးပွားရေးဘဏ်မှလွန်ခဲ့သော၂၀၁၃ ခုနှစ်မှာပြဌန်းချက်အမိန့်
ထုတ်ပြန်ထားပါသည်။ညွန်ကြားချက်အရ ၊လက်ရှိနေရာ ဒေသ၌၊ဘယ်ဝန်
ထမ်းမဆို တာဝန်ထမ်းဆောင်သည့်ကာလကိုအနည်းဆုံး ၁ နှစ်သတ်မှတ်
ထားပါသည် သို့ပါသော်လည်း အော်ဒါထွက်ပြီး ၁၉ ရက်အကြာထပ်မံပြီး
ပြည်ရုံးသို့ ပြန်လည်ပြောင်းရွှေ့ရန်အော်ဒါထွက်လာသည့်ကိစ္စနှင့်ပက်သ
က်၍ အခြားသောဝန်ထမ်းများမှာနစ်နာမှုများရှိကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ဦးစိုးပိုင်
လက်ထောက်မန်နေဂျာ အားသဲကုန်းမြို့နယ်ဘဏ်ခွဲမန်နေဂျာ အဖြစ်လည်း
ကောင်း၊ ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်မှကိုဇေယျာမင်းအား ပေါင်းတည်
ဘဏ်သို့လည်းကောင်း၊ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ မ၀င်းသန္တာအား
ပေါက်ခေါင်း ဘဏ်သို့လည်းကောင်း ၁၅.၈.၂၀၁၄ ရက်နေ့တွင် အသီးသီးပြောင်းရွှေ့တာဝန်သွားရောက်ထမ်းဆောင်စေခဲ့ပါသည်၊
“အခုအမိန့်ထုတ်တာက ဌာနချုပ်ကထုတ်တာပါ ကျနော့်မှာပြောပိုင်ခွင့်မရှိပါဘူး။
အမှန်တကယ်ရုံးအမိန့်ကတော့အမျိုးသမီးနှစ်ဦးဖြစ်နေရင် စီနီယာကိုဦးစားပေး
ပြောင်းပေးပါတယ်။ ယောကျာ်းလေး ၀န်ထမ်းနဲ့မိန်းကလေးဝန်ထမ်း ဖြစ်နေရင် မိန်းကလေးဝန်ထမ်းကိုဦးစားပေး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းရပါတယ်”
လို့ ပြည်ခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်မန်နေဂျာ ဦးကျော်ဇင်ဦး ကပြောပါ
သည်။
သို့ပါသော်လည်း၊၁၁.၉.၂၀၁၄ ရက်တွင် ပြည်ဘဏ်သို့Fax ဖြင့် ကိုဇေယျာမင်း
အား ပေါင်းတည်မြို့ မှပြည် သို့ ၁၉ ရက်အတွင်းပြန် ပြောင်းမိန့်ကို ပို့လိုက်ပါသည်၊ လုပ်ထုံးလုပ်နည်း ဌာနနည်းဥပဒေကိုဆန့်ကျင်ပြီး ၀န်ထမ်း နည်းဥပဒေ၊ဌာနတွင်း
ဥပဒေသများကို လေးစားလိုက်နာရပါမည်အစား(၃)ဦးအမိန့်ထွက်ပြောင်းရွှေ့ရာမှ တစ်ဦးထဲပြန်လည် အမိန့်ထုတ်ခေါ်ခဲ့သည်။
“အခုပြောင်းရွှေ့ခံရတဲ့အထဲမှာ အကို့ညီမ မ၀င်းသန္တာလဲ ပါတယ်။သူဆို ကလေး
ကငယ်သေးတော့တော်တော် ဒုက္ခရောက်နေတယ်။ဒါပေမဲ့ ၀န်ထမ်းစည်းကမ်းအ
တိုင်း အမိန့်အတိုင်း သည်းခံပြီးလုပ်နေတာပါ။အခုတော့ (၃)ယောက်ပြောင်းရတဲ့ ကိစ္စမှာဘာကြောင့်တယောက်ထဲ(၁၉)ရက်နဲ့အော်ဒါပြန်ထွက်ရတာလဲဒါမဖြစ်သင့်
ဘူးလေ။အားလုံးအတူတူ ဖြစ်သင့်တယ်။အခုခံရတဲ့ကျန်ဝန်ထမ်းနှစ်ယောက်ကမ
ပြောရဲဘူး အကိုတို့မိသားစုကမခံနိုင်လို့ တကယ်လို့တိုင်းမန်နေဂျာရုံးက ဒီကိစ္စကိုေ
ဆာင်ရွက်မပေးရင် ပြည်ထောင်စုဝန်ကြီးအထိထက်တိုင်မှာ” ဟုပြောင်းရွှေ့ခံရသူ မ၀င်းသန္တာ၏ အကိုဖြစ်သူကပြောသည်။
'' ဒီကိစ္စနှင်ပက်သက်ပြီး ကျမလုံးဝမသိပါဘူး။ကြံကြံဖန်ဖန်ကျမမပြောင်းခိုင်းပါဘူး။
ပြည်ကမန်နေဂျာဟိုတလောကလဲအဲသလိုပဲတိုင်းမန်နေဂျာကပြောလို့ဆိုပြီးပြသနြာ
ဖစ်အောင်လုပ်တယ်။ကျမလဲအခုပြောမှသိတာပါ။သူတို့အော်ဒါနဲ့ပြောင်းရတယ်ကော
င်မလေးတစ်ယောက်၊ယောကျာ်းလေးနှစ်ယောက်ဒါပဲသိတာပါ။တိုင်းကတော့ဘာမှမ
လုပ်ဘူးအဲဒါတော့ယုံကြည်ပေးပါ"ဟု တိုင်းမန်နေဂျာ ဒေါ်အေမီမြိုင် ကပြောပါကြောင်း
၎င်းကဆက်လက်ပြောသည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page